တပ်မတော်စစ်ကြောင်းတစ်ခုက ဖမ်းဆီးခေါ်ဆောင်သွားသည့် မြောက်ဦးဒေသခံ သုံးဦးပြန်လွတ်

တပ်မတော်စစ်ကြောင်းတစ်ခုက ဖမ်းဆီးခေါ်ဆောင်သွားသည့် မြောက်ဦးဒေသခံ သုံးဦးပြန်လွတ်

အောင်ထိန် — တပ်မတော်စစ်ကြောင်းတစ်ခုက ဖမ်းဆီးခေါ်ဆောင်သွားသည့် မြောက်ဦးမြို့နယ်၊ တန်းပျင်းကြီးကျေးရွာသား သုံးဦးကို ဇူလိုင်လ ၄ ရက်နေ့လည် ၁၂ နာရီခန့်က ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း ကာယကံရှင်များထံမှ သိရသည်။

အဆိုပါကျေးရွာမှ ဦးမောင်ကျော်နု ၇၀ နှစ်၊ ဦးရွှေစိန်ခိုင် ၅၀ နှစ်နှင့် ဦးစံရွှေခိုင် ၅၂ နှစ်တို့ကို ဇူလိုင်လ ၃ ရက် နေ့တွင် တပ်မတော်စစ်ကြောင်းတစ်ခုက ကျေးရွာအတွင်းဝင်ရောက်ကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။

၎င်းတို့သုံးဦးကို တပ်မတော်သားများနှင့်အတူခေါ်ဆောင်သွားခဲ့ပြီး ဒေသအခေါ်(ကွမ်းသီးတောတွင်) တစ်ည အိပ်ခဲ့ရကြောင်း၊ ယနေ့ဇူလိုင်လ ၄ ရက်နေ့နံနက်ပိုင်းက တပ်မတော်သားများကို ငမဲပြင်ကျေးရွာဘက်သို့ ပို့ဆောင်ပေးခဲ့ပြီးနောက် ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း လွတ်မြောက်လာသူ ဦးရွှေစိန်ခိုင်က DMG သို့ ပြောသည်။

“ကျနော်တို့ကို ဘာမှတော့မလုပ်ဘူး။ သူတို့က(တပ်မတော်) မကြောက်နဲ့ပြောတယ်။ ရွာနားမှာတစ်ညအိပ်ပြီး မနက်စောစောကလမ်းပြလိုက်ခဲ့ပြီး လွှတ်ပေးလိုက်တယ်” ဟု ၎င်းကပြောသည်။

ယမန့်နေ့က မြောင်းဘွေကျေးရွာဘက်မှလာသော တပ်မတော်စစ်ကြောင်းတစ်ခုသည် ပစ်ခတ်မှုများပြုလုပ်ကာ တန်းပျင်းကြီးကျေးရွာသို့ဝင်ရောက်ခဲ့သဖြင့် ဒေသခံ ၇၀၀ ကျော်မှာ အနီးအနားပတ်ဝန်းကျင်ကျေးရွာများသို့ ထွက်ပြေးခဲ့ကြကြောင်းလည်း ကျေးရွာသားများထံမှ သိရသည်။

ယနေ့တွင် ကျေးရွာသားအချို့ပြန်လာကြသော်လည်း အချို့မှာ ပြန်မရောက်သေးကြောင်း တန်းပျင်းကြီး ကျေးရွာသားတစ်ဦးက ပြောသည်။

မေလ ၂၄ ရက်နေ့က မြောက်ဦးမြို့နယ်၊ ဝေသာလီကျေးရွာမှ ဒေသခံနှစ်ဦးကို တပ်မတော်စစ်ကြောင်းတစ်ခုမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး နှစ်ရက်အကြာစစ်ဆေးမှုများပြုလုပ်ကာ ပြန်လွှတ်ပေးခဲ့သည်။

Most read this week

စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များကို တွေ့ရစဉ်။ / GETTY IMAGES
September 18, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ စစ်အုပ်စုတပ်၏ ယခင် တပ်စခန်းဟောင်းနေရာများကို စစ်အုပ်စုတပ်က...
ရသေ့တောင်မြို့ဝင် ဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / Crd
September 17, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် နယ်နိမိတ် ထိစပ်နေသည့် ရသေ့တောင်မြို့နယ်၊ မေယုတောင်တန်းအနီးရှိ...
စစ်အုပ်စုတပ်၏ ဂျက်ဖိုက်တာများ စစ်ရေးလေ့ကျင့် ပျံသန်းနေစဉ်။ / MOI
September 17, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ စစ်တွေနယ်စပ် ပုဏ္ဏားကျွန်းမြို့နယ်ရှိ...
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ ကုန်တင်ယာဉ်အချို့။ / Credit: DMG
September 16, 2026
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်း နယ်စပ်၌ ဒေသခံလူငယ်များနှင့် ရခိုင် စက်လှေသမားများ အချေ...