ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်ဖြင့် ရခိုင်တွင် ဖွံ့ဖြိုးရေးလုပ်ငန်း ၁၆ ခုကို အောက်တိုဘာလမှ စတင်အကောင် အထည်ဖော်မည်

ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်ဖြင့် ရခိုင်တွင် ဖွံ့ဖြိုးရေးလုပ်ငန်း ၁၆ ခုကို အောက်တိုဘာလမှ စတင်အကောင် အထည်ဖော်မည်

မြတ်ဆွေ — ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်ဖြင့် ရခိုင်ဒေသအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် သဘောတူလက်မှတ်ရေးထိုးခဲ့ပြီးနောက် အောက်တိုဘာလ ၁ ရက်နေ့တွင် အဆိုပါလုပ်ငန်းများအား စတင်အကောင်အထည်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်ရုံး (UNDP) မှ သိရသည်။

အဆိုပါဖွံ့ဖြိုးရေးလုပ်ငန်းများမှာ ရခိုင်ပြည်နယ်မှ မြို့နယ်ခုနှစ်မြို့နယ်တွင် စီမံချက် ၁၆ ခုကို အကောင်အထည် ဖော်ဆောင်ရန်အတွက် ဇွန်လ ၂၂ ရက်နေ့က သဘောတူလက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ပြည်သူ့များ၏ လိုအပ်ချက်များကို တုံ့ပြန်ဖြည့်ဆည်းပေးနိုင်ပြီး အထောက်အထား အချက်အလက် အခြေပြု မူဝါဒများ (evidence-based policies)၊ စနစ်များ ရေးဆွဲဖော်ထုတ်အကောင်အထည်ဖော်နိုင်သည့် ထိရောက်မှု ရှိသော အစိုးရအဖွဲ့အစည်းများ ဖြစ်ပေါ်လာစေရန်အတွက်ဖြစ်သည်”ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်ရုံးမှ DMG ၏မေးမြန်းမှုကို Email ဖြင့် ဖြေကြားသည်။

မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပုဏ္ဏားကျွန်းမြို့နယ်တွင် တစ်ခု၊ ပေါက်တောမြို့နယ်တွင် တစ်ခု၊ ရမ်းဗြဲ မြို့နယ်တွင် သုံးခု၊ မာန်အောင်မြို့နယ်တွင် သုံးခု၊ တောင်ကုတ်မြို့နယ်တွင် နှစ်ခု၊ သံတွဲမြို့နယ်တွင် နှစ်ခုနှင့် ဂွမြို့နယ်တွင် လေးခု ဆောင်ရွက်သွားမည်ဖြစ်သည်။

ထိုဖွံ့ဖြိုးရေးစီမံကိန်းများတွင် လမ်း၊ တံတား၊ ရေတွင်းရေကန်တူးဖော်ခြင်း၊ မြေအောက်ရေထုတ်ပြွန် တည်ဆောက်ခြင်း၊ လျှပ်စစ်အခြေခံနှင့် ကျွမ်းကျင်မှုဆိုင်ရာသင်တန်းများ ပါဝင်ကြောင်းလည်း UNDP ရုံးမှ သိရသည်။

၎င်းစီမံကိန်းများကို ၂၀၂၁ ခုနှစ် မတ် ၃၁ ရက်နေ့တွင်ပြီးစီးရန် လျာထားကြောင်းလည်း မြန်မာနိုင်ငံဆိုင်ရာ UNDP ရုံးမှ ဖြေကြားထားသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှစတင်၍ အလားတူစီမံကိန်းများကို ရခိုင်ပြည်နယ် ဂွ ၊ တောင်ကုတ်၊ သံတွဲ၊ ရမ်းဗြဲနှင့် ပုဏ္ဏားကျွန်းမြို့နယ်များတွင် အကောင်ထည်ဖော်ဆောင်ရွက်ခဲ့ပြီး ယင်းမြို့နယ်များရှိ ပြည်သူ ၂၄၀,၀၀၀ ကို အကျိူးပြုနိုင်ခဲ့ကြောင်း UNDP မှ သိရသည်။

UNDP အနေဖြင့် ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဆောင်ရွက်ရန် ရည်ရွယ်ထားသည့် “မြန်မာနိုင်ငံအတွင်း ဒေသန္တရအုပ်ချုပ်ရေးလုပ်ငန်းစဉ် တိုးတက်ကောင်းမွန်အောင် မြှင့်တင်ခြင်း” ဆိုသည့် ငါးနှစ်တာ လုပ်ငန်းစဉ်သစ်တစ်ရပ်ကိုလည်း ရေးဆွဲလျက်ရှိရာ ၂၀၂၁ ခုနှစ်တွင် အကောင်အထည်ဖော်ဆောင်ရန် ရည်ရွယ်ထားကြောင်းလည်း သိရသည်။

Most read this week

စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များကို တွေ့ရစဉ်။ / GETTY IMAGES
September 18, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ စစ်အုပ်စုတပ်၏ ယခင် တပ်စခန်းဟောင်းနေရာများကို စစ်အုပ်စုတပ်က...
ရသေ့တောင်မြို့ဝင် ဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / Crd
September 17, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် နယ်နိမိတ် ထိစပ်နေသည့် ရသေ့တောင်မြို့နယ်၊ မေယုတောင်တန်းအနီးရှိ...
စစ်အုပ်စုတပ်၏ ဂျက်ဖိုက်တာများ စစ်ရေးလေ့ကျင့် ပျံသန်းနေစဉ်။ / MOI
September 17, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ စစ်တွေနယ်စပ် ပုဏ္ဏားကျွန်းမြို့နယ်ရှိ...
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ ကုန်တင်ယာဉ်အချို့။ / Credit: DMG
September 16, 2026
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်း နယ်စပ်၌ ဒေသခံလူငယ်များနှင့် ရခိုင် စက်လှေသမားများ အချေ...