မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်းအား ယာယီရပ်နား

မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်းအား ယာယီရပ်နား

ကျော်မျိုးအောင် — ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ နယ်စပ်ကုန်သွယ်ရေးစခန်းအား ဇူလိုင်လ ၃ ရက်နေ့မှစပြီး ယာယီရပ်နား လိုက်ကြောင်း မောင်တောခရိုင်အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

အဆိုပါစခန်းအား ပြည်နယ်အစိုးရက ပိတ်သိမ်းလိုက်ခြင်းဖြစ်ကာ မည်သည့်အချိန်ကာလအထိ ကုန်သွယ်ရေး လုပ်ငန်းများကို ရပ်နားထားမည်ကို မသိရသေးကြောင်း မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ဆိုသည်။

ထိုသို့ ယာယီပိတ်သိမ်းလိုက်ခြင်းကြောင့် ကုန်သည်များအနေဖြင့် နစ်နာမှုများရှိကာ ကုန်းစိမ်းတင်ပို့သည့် ကုန်သည်များအနေဖြင့် ပိုမိုနစ်နာမှုရှိကြောင်း မောင်တောမြို့နယ် ကုန်သည်ကြီးများအသင်း ဒုတိယ ဥက္ကဋ္ဌ ဦးစံသိန်းက ပြောသည်။

“ကုန်စိမ်းဖြစ်တဲ့ ငမြစ်ချင်းပေါ့၊ ဒီငါးက ရန်ကုန်က အအေးခန်းကနေ လာရတာဆိုတော့ အချိန်နဲ့တပြေးညီ တင်ပို့ရမှာဖြစ်တယ်” ဟု ၎င်းကရှင်းပြသည်။

မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကုန်သွယ်မှုကို ဧပြီလအတွင်းမှ မေလကုန် အထိ ယာယီရပ်နားခဲ့ကာ ဇွန်လတွင်ပြန်လည်တင်ပို့မှု စတင်ခဲ့သော်လည်း ယခုအခါ ယင်းနိုင်ငံမှ ဝင်ရောက်လာသူများတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိသူများရှိ၍ ပြန်လည်ရပ်နားလိုက်ခြင်းဖြစ်သည်။

အလားတူ စစ်တွေမြို့၌ ဘင်္ဂလား‌ဒေ့ရှ်နိုင်ငံမှ ဝင်‌ရောက်လာသူတစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိ၍လည်း စစ်တွေမြို့နယ်၊ နယ်စပ်ကုန်သွယ်ရေးစခန်းအား ဇွန်လကုန်ပိုင်းကစ၍ ယာယီရပ်နားလိုက်သည်။

မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ တစ်ဘက်နိုင်ငံသို့ ဇွန်လအတွင်းက အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၂၆ ထိ တင်ပို့နိုင်ခဲ့ကြောင်း ယင်းကုန်သွယ်ရေးစခန်းမှသိရသည်။

Most read this week

စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များကို တွေ့ရစဉ်။ / GETTY IMAGES
September 18, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ စစ်အုပ်စုတပ်၏ ယခင် တပ်စခန်းဟောင်းနေရာများကို စစ်အုပ်စုတပ်က...
ရသေ့တောင်မြို့ဝင် ဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / Crd
September 17, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် နယ်နိမိတ် ထိစပ်နေသည့် ရသေ့တောင်မြို့နယ်၊ မေယုတောင်တန်းအနီးရှိ...
စစ်အုပ်စုတပ်၏ ဂျက်ဖိုက်တာများ စစ်ရေးလေ့ကျင့် ပျံသန်းနေစဉ်။ / MOI
September 17, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ စစ်တွေနယ်စပ် ပုဏ္ဏားကျွန်းမြို့နယ်ရှိ...
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ ကုန်တင်ယာဉ်အချို့။ / Credit: DMG
September 16, 2026
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်း နယ်စပ်၌ ဒေသခံလူငယ်များနှင့် ရခိုင် စက်လှေသမားများ အချေ...