ယင်းတို့နှင့်ထိစပ်နေသည့် သဲသောင်ပြင်တွင် အရောင်စုံလင်လှသည့် ပလပ်စတစ်များကိုလည်း အထင်းသားတွေ့မြင်ရအုံး မှာဖြစ်သည်။
ထိုပလပ်စတစ်များနှင့် ပင်လယ်ကမ်းခြေတစ်လျှောက် မြင်တွေ့ရမှုများရှိသလို ယခင်နှစ်များက ဆိုလျှင်လည်း သဲထုတ်ယူမှု မြောက်မြား မှုကြောင်း ကမ်းခြေပျက်စီးလုုနီးပါး ဖြစ်ခဲ့သည်။ စစ်တွေမြို့ကြီးအား ပျက်စီးနိုင်မည့် အရာများထဲတွင် နေရာယူနိုင်သည့် အကြောင်းရင်း တစ်ခုုဖြစ်သည်။
အင်္ဂလိပ်ခေတ်က တည်ထောင်ခဲ့သည့် မြို့ကြီးများတွင် ပထမဆုံးပါဝင်ခဲ့သော စစ်တွေမြို့၏ ကှိုလိုနီခေတ် အဆောက်အအုံများသည် ၁၉၉၀ ပြည့်လွန်နှစ်များတွင် မြို့ကြီး၏ လှပခမ်းနားမှုတွင် ပါဝင်နေခဲ့သည်။ ခရီးသွား လုပ်ငန်းများ မဖွံဖြိုးသေးခင် ဖြစ်တည်နေခဲ့သော ထိုခမ်းနားမှုများသည် အိုးတန်းကမ်းနားလမ်းနှင့် ကျေးပင်ကြီးလမ်းကြားများ၊ စစ်တွေမြောက်ဘက်ပိုင်းခြမ်း တို့တွင် အထူးမြင်တွေ့ ခဲ့ရသည်။
ယနေ့အချိန်တွင်ကား ထိုမြင်ကွင်းများသည် စစ်တွေမြို့ကြီးတွင် ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ ကိုလိုနီခေတ် လက်ကျန်အငွေ့သက်များပါ ရှိသည့် လူနေအိမ်များ ပုံစံပြောင်း ဆောက်လုပ်လာခြင်းသည် တိုက်ဟောင်းများ၏ အိုမင်းလာမှုအပေါ် ထိန်းသိမ်းနေထိုင်ရန် အန္တရာယ် ရှိသည့် အတွက်ဖြစ်ကြောင်း ယင်းအိမ်ပိုင်ရှင်အများစုက ဆိုကြသည်။
“နေရတာ နည်းနည်းတော့ အဆင်မပြေဘူးလေ ပြန်ပြီးတော့ အကုန်လုံးလိုက်ဖာနေရတယ် ဒါကြောင့် ပြန်ဖြိုဖျက်ပြီး အသစ်ဆောက် လုပ်လိုက်တာ အကောင်းဆုံးပဲ”
ကိုလိုနီခေတ်တိုက်ဟောင်းတစ်ခုတွင် နေထိုင်ခဲ့ဖူးသည် ကိုမျိုးအောင်စိုးက ဆိုသည်။
မြို့ကြီးနှင့်ပတ်သက်ပြီး ကိုလိုနီခေတ်မှတ်တမ်းများတွင် တွေ့မြင်ရသည့် မှတ်တမ်းများအရ မြို့သည် ပင်လယ်ကမ်းစပ်တွင် တည်ဆောက်ထားသော မြို့ဖြစ်သည်။ အောက်မြန်မာပြည် သိမ်းပိုက်စဉ်က အင်္ဂလိပ်များရုံးစိုက်ရာ မြို့ကြီး တစ်ခုအဖြစ် ရည်ရွယ်သည့် အပြင် အပန်းဖြေရန် ကမ်းခြေမြို့တစ်ခု အဖြစ်ပါ ရည်ရွယ်၍ တည်ဆောက်ခဲ့သော မြို့ဖြစ်သည်ဟု ဆိုသည်။
ပင်လယ်ကူးဆိပ်ခံတံတားကြီးများဖြင့် ပြည်ပနိုင်ငံများနှင့် ကူးသန်းရောင်းဝယ်ရေး စီးပွားရေး လုပ်ငန်းများဖွံဖြိုးခဲ့သော စစ်တွေမြို့သည် ယဉ်ကျေးမှုစုံလင်စွာဖြင့် စည်ပင်ခဲ့ဖူးသည်။ စီးပွာရေး ကောင်းမွန်မှုအောက်တွင် ဦးရဲကျော်သူတို့လို ခေတ်ပေါ်သူဌေးများ ပေါ်ထွန်းခဲ့ဖူးသည်။ ဦးဥတ္တမ ကဲ့သို့ပညာတတ်များ ပေါများခဲ့ကြသည်။
သို့သော် ယနေ့အချိန်တွင် စစ်တွေသည် ပျက်စီးနေသည့် အခြေသို့ ဆိုက်ရောက်ခဲ့ပြီဖြစ်သည်ကိုု ၂၀၁၂ ခုနှစ်အလွန် ကာလများတွင် ထင်ရှားစွာ မြင်တွေ့လာရသည်။ ဒီမိုကရေစီအပေါ် လွဲမှားစွာ အနက်ဖွင့်ဆိုမှုနှင့် အများသဘောအောက်တွင် လူနည်းစု၏ ဆန္ဒ မျက်ကွယ်ပြု ခံရမှုများသည် ယနေ့စစ်တွေ၏ ဖြစ်တည်မှုတွင် အစိတ်အပိုင်းတစ်ခုဖြစ်သည်။ လက်ရှိ ရခိုင်လူ့အဖွဲ့စည်း၏ အတွေးအခေါ်အဖြစ် ရှိနေမှုကို ရခိုင်အမျိုးသားပါတီမှာ ဦးဦးလှစောက စာအုပ်မိတ်ဆက်ပွဲတစ်ခုတွင် သုံးသပ်သည်။
“ယခုကျနော်တို့လူ့အဖွဲ့စည်းဟာ CLOSE SOCITITY ပုံစံမျိုးဖြစ်နေတယ်”
စစ်တွေမြို့အမှတ်(၁) ရဲစခန်းဝင်းတွင် တည်ရှိသည့် အင်္ဂလိပ်ခေတ်က နာရီစင်ကိုလည်း ပြတိုက်တွင် သိမ်းဆည်းထားရှိပြီး ယင်းနေရာတွင် ပုံစံတူနာရီတစ်လုံး ထပ်မံထားရှိမည်ဟု သတင်းထွက်ပေါ်လာသည်။ ကိုလိုနီ မြို့ပြအမွေအနှစ်တစ်ခု ထပ်မံ ပျောက်ဆုံးတော့မည်လားဟု စိုးရိမ်ပူပန်စရာဖြစ်သည်။
ရုပ်ပိုင်းဆိုင်ရာပျက်စီးမှုများ
ကမ်းနားလမ်း တစ်လျှောက် ရှုခင်းသာလမ်းပေါ်ရှိ ထိုင်ခုံများပေါ်တွင် ခြစ်ရာများနှင့်ဆေးရောင်များအား ဖျက်ပယ်ထားမှုသည် စစ်တွေမြို့၏ အရုပ်ဆိုးဆုံး လက်ရာများထဲတွင် ရှင်သန်နေဆဲဖြစ်သည်။ လုပ်ငန်းရှင်များ၏ စီးပွားရေး ဆိုင်ရာကြော်ငြာများ၊ ဆိုင်းဘုတ်များသာမက ဌာနဆိုင်ရာ အစိုးရအဖွဲ့များ၏ အသိပေးကြော်ငြာချက် မြေစိုက်ဘိုး (ပိုုစတာ) များသည်လည်း စစ်တွေမြို့တွင် မကြာခဏဆိုသလို ဖျက်ဆီးခံရမှုတွင် အပါအဝင်ဖြစ်သည်။ စစ်တွေမြို့တွင် ဤဖြစ်စဉ်များသည် မြို့ကြီး၏ အလှပများအား ဖျက်ဆီးမှုတွင် တစ်ခုအပါအဝင်ဖြစ်သည်။
စည်ပင်ပို်င်ပစ္စည်းများ ဖျက်ဆီးခံရခြင်းနှင့် ပုဂ္ဂလိကပိုင် ပစ္စည်းများ အဖျက်ဆီးခံရမှုတွင် လက်သည်တရားခံများကို ရှာဖွေဖော်ထုတ် တားမြစ်မှုများလည်း နည်းပါးနေသေးသည်။
မြို့ကြီး၏ ပျက်စီးမှုထဲတွင် ရုပ်ပိုင်းဆိုင်ရာ ပစ္စည်းများသာမက စိတ်ပိုင်းဆိုင်ရာပျက်ဆီးမှုများလည်း အစပြုနေပြီဖြစ်သည်။ သင်္ကြန်မကျမီ ဓညဝတီရပ်ကွက်အတွင်းမှ လူသတ်မှုဆိုလျှင်လည်း မကြားဝံစရာ အဖြစ်မျိုးဖြစ်သည်။
“ဒါကြောင့်လည်း ကျမတို့ ညဆိုရင်လည်း အပြင်ကိုမထွက်ရဲတော့ဘူး၊ ခေတ်ကြီးက ကြောက်စရာကောင်းလာတယ်”ဟု မကျည်းမြိုင်ရပ်ကွက်က မငွေမိုးကဆိုသည်။
၂၀၁၄ ခုနှစ်က စစ်တွေမြို့လယ် လမ်းမကြီး၌ စစ်ဗိုလ်တစ်ဦးသေဆုံးခဲ့သည့် ယာဉ်တိုက်မှုဆိုလျှင်လည်း ကားမောင်းသူက ယာဉ်ကို စွန့်ခွာ ထွက်ပြေးခဲ့သည်။ ထိုယာဉ်တိုက်မှုသည်လည်း ယနေ့တိုင် ငြိမ်သက်နေဆဲဖြစ်သည်။ ထိုသို့ တရားခံ မပေါ်သည့်တိုင် ပြည်သူများလည်း မေ့ခဲ့ပြီဖြစ်သည်။ စစ်တွေမြို့ မောလိပ်ရပ်ကွက်တွင် သင်္ကြန်ကာလအတွင်း ရေကစားရန် ပြင်ဆင်ထားသည့် ရေတိုင်ကီတွင် မစင်များ ရောနှောထည့်မှုကြောင့် ရဲစခန်းတွင် တိုင်ချက်ဖွင့်လှစ်ခဲ့ရသည့် အနေထားတွင်ရှိနေသည်။
ဟောင်ကောင် action ရုပ်ရှင်ကားများတွင် မြင်တွေ့ရသည့် ပြေးလွှားသတ်ဖြတ်သည့် အပြုအမှုမျိုးသည် သင်္ကြန်အလည်နေ့တွင် အိုးတန်းရပ်ကွက်အတွင်း၌ ထိတ်လန့်တကြား မြင်တွေ့ခဲ့ရသည်ဟု မညိုညိုအေးက ဆိုသည်။
“ ကျမတို့လည်း ရေကစားနေကြတာ အဲဒီအချိန်မှာပဲ လူငယ်တွေအပြေးအလွားနဲ့၊ ဘယ်ကလို့လဲ မသိဘူး အုတ်ခဲတွေနဲ့ တစ်ဦးကိုတစ်ဦး လိုက်ဖိုက် (fight) နေကြတာ လေမှာဝဲနေတာပဲ တော်သေးတယ် အပြင်လူတွေဆီမှာ မကျခဲ့ဘူး”
ထိုသို့ဆိုးရွားသည့် အရာများထဲတွင် ပိုမိုဆိုးဝါးသည်က မြို့တော်၏ အမှိုက်သိမ်းစနစ်ဖြစ်သည်။ လမ်းခွဆုံများတွင် အမှိုက်သိမ်းကန်များ ပြုလုပ်ကြရင်း သန့်ရှင်းမှုကို ပြုလုပ်ဖြေရှင်းကြသည်။ လမ်းမများ၊ ဘုရားကျောင်းများ အနီးတွင် ညစ်ပတ်ပေရေသော ထိုအမြင်မတော်မှု များအား မြင်တွေ့ရသည်။ အမှိုက်ကန်များအနီးတွင် နေထိုင်သူက အနံ့အသက်များ၏ ဆိုးဝါးမှုဒဏ်ကို ခံရသည်။
စစ်တွေမြို့နယ် စည်ပင်မှ တာဝန်ရှိသူတစ်ဦးက “ ပုဂ္ဂလိကပိုင်တွေနဲ့ပဲ ပူးပေါင်းချင်ပါတယ် ကျနော်တို့ကောက်လိုု့ရရှိတဲ့ အခွန်တွေနဲ့ မြို့တော် သန့်ရှင်းရေးကို လိုက်မမှီဘူး “ ဟု ဆိုသည်။
စစ်တွမြို့တော်၏ တည်ဆောက်သည့် ပုံစံသည် ကမ္ဘာမြို့ကြီးများ၏ လမ်းစနစ်ဗိသုကာ ဖွဲ့စည်းပုံများဖြင့် ရေထွက်၊ ရေနုတ် ရေမြောင်းများဖြင့် ကျန်းမာရေး ညီညွတ်စွာ ဖွဲ့စည်းထားသည်။ ယခုအချိန်တွင် မြို့ပြသည် လူဦးရေများပြားလာမှုနှင့် စနစ်တကျ ပြုပြင်ပြောင်းလဲမှု အားနည်းချက်များကြောင့် မြို့တွင်းပတ်ဝန်းကျင် ချို့ယွင်းမှုများ ဖြစ်ပေါ်လာသည်။
မြို့တော်၏ ရေနုတ်မြောင်းများဖြစ်သော ခဝါသည်မြောင်းသည် ကုလားတန်ဆိပ်ကမ်း စီမံကိန်းကြောင့် ကျဉ်းမြောင်းစွာ စီးဆင်းနေရသည်။
မြို့လယ်ကူးချောင်းတံတားအောက်က ကုလချောင်းသည် မြစ်ပြင်ကုန်း မြေတိုးချဲ့မှုဆောက်လုပ်ရေး လုပ်ငန်းခွင်ထဲတွင် ပိတ်ဆို့ခံ စီးဆင်းနေရသည်။ ဘေးနံဘေးဝဲယာ တစ်လျှောက် အနံ့အသက်ဆိုုးများဖြင့် ကျန်းမာရေးထိခိုက်မှုကို စိန်ခေါ်နေသည်။
စစ်တွေမြို့တည်စဉ်က နောက်ဘေးလမ်းကြားများ၊ မိလ္လာလမ်းများအား မြို့ပြဆန်ဆန်ထားရှိခဲ့သော်လည်း ယနေ့အချိန်တွင် ထိုလမ်းကြားများသည် နေအိမ်များ၏ ကျူးကျော်ခြံခတ်မှုတွင် ပျောက်ဆုံးခဲ့ပြီဖြစ်သည်။ ထိုလမ်းကြားများအား အိုးတန်း၊ ကျေးပင်ကြီး စသည့် ဈေးအနီးပတ်ဝန်းကျင်တွင် ပိုမြင်တွေ့ရသည်။ တချို့ဆိုလျှင် တိုက်တာအိုးအိမ်ခြံစည်းရိုးများခေတ်လို့..။
ထိုသို့ဖြစ်ပျက်မှုများကို တားဆီးရနိုင်မည့် မြို့ပြထိန်းသိမ်းကာကွယ်ရေးဥပဒေကြမ်း ရေးဆွဲသူ ဦးသန့်မြင့်ဦးက-“ရှင်းလင်းသေချာတဲ့ ဥပဒေမူဘောင်တွေက ဘာတွေခွင့်ပြုထားတယ်၊ ဘယ်လိုလုပ်ငန်းစဉ်တွေအတိုင်း လိုက်နာ ဆောင်ရွက်ရမယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ဖြစ်စေတဲ့အတွက် အဲဒီလိုဥပဒေမျိုးရှိရင် စီးပွားရေးအတွက်ရော ထိန်းသိမ်းစောင့်ရှောက်ရေးအတွက်ပါ အကောင်းဆုံးဖြစ်မယ်လို့ ကျနော်ယုံကြည်ပါတယ်”ဟု ဧရာဝတီ သတင်းဌာသို့ပြောဆိုထားသည်။





