တောင်ကုတ်စည်ပင်ကော်မတီဥက္ကဋ္ဌအပါအဝင် ၄ ဦးကို အကြမ်းဖက်မှုပုဒ်မနှင့် တရားစွဲတင်

တောင်ကုတ်စည်ပင်ကော်မတီဥက္ကဋ္ဌအပါအဝင် ၄ ဦးကို အကြမ်းဖက်မှုပုဒ်မနှင့် တရားစွဲတင်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီဥက္ကဌ၊ ရခိုင်အမျိုးသားပါတီ (ANP) ဒုတိယ ဥက္ကဌအပါအဝင် ၄ ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က) ဖြင့် တောင်ကုတ်မြို့နယ်တရားရုံးတွင် ဇွန် ၃၀ ရက်နေ့ က တရားစွဲတင်လိုက်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

ထိုသို့ တရားစွဲတင်ခံရသူများမှာ တာင်ကုတ်မြို့နယ် ရခိုင်အမျိုးသားပါတီ ANP ဒုဥက္ကဋ္ဌ ဦးဝေသောင်း၊ စည်/ကော်ဥက္ကဋ္ဌ ဦးဇေယျကျော်နှင့် ၎င်း၏ညီဖြစ်သူ ဦးစည်သူကျော်ဇံ၊ စည်/ကော် ဥက္ကဋ္ဌ (ဟောင်း) ဦးစန်းငွေတို့ဖြစ်ကြသည်။

“နိုင်ငံတော်ကနေပြီးတော့ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေငြာထားခြင်းခံရတဲ့ ရက္ခိုင့်တပ်တော်(AA)နဲ့ ဆက်နွယ်မှုရှိတယ်။ သူတို့ကို ပံ့ပိုးကူညီမှုရှိတယ်ဆိုပြီးတော့ စွပ်စွဲချက်နဲ့ အကြမ်းဖက်မှုပုဒ်မ ၅၂(က)နဲ့ တရား စွဲဆိုတာဖြစ်တယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးတင်ညိုက ဆိုသည်။

၎င်းတို့ ၄ ဦးကို တရားစွဲဆိုလိုက်သည့် အကြမ်းဖက်မှုဥပဒေ ပုဒ်မ ၅၂(က) သည် အနည်းဆုံးထောင်ဒဏ် ၃ နှစ်မှ အများဆုံး ထောင်ဒဏ် ၇ နှစ်အထိချမှတ်နိုင်သည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတွင် ပြဌာန်းထားသည်။

သူတို့ ၄ ဦးမှာ မေလ ၉ ရက်နေ့မှ ၂၅ နေ့အတွင်းတွင် ဖမ်းဆီးခြင်းခံခဲ့ရပြီး တောင်ကုတ်မြို့နယ်တရားရုံးမှာ ပထမအကြိမ် ချုပ်ရမန်ယူခဲ့ကာ တပ်မတော်လေယာဉ်ဖြင့် ရန်ကုန်သို့ခေါ်ဆောင်သွားခဲ့ပြီး အောင်သပြေစစ်ကြောရေးစခန်း၌ ထိန်းသိမ်းခံခဲ့ရကြောင်း စွပ်စွဲခံရသူများက ဆိုကြသည်။

ယင်းနောက် ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်တရားရုံး၌ ဒုတိယအကြိမ်ချုပ်ရမန်ယူခဲ့ပြီး ဇွန်လ ၂ ရက်နေ့တွင် သံတွဲမြို့သို့ခေါ်ဆောင်လာကာ တတိယအကြိမ်ချုပ်ရမန်ကို သံတွဲမြို့နယ်တရားရုံးမှာ ချုပ်ရမန် ယူခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်မှုနှင့်တရားစွဲ ဆိုခံထားရသည့် တောင်ကုတ်စည်ပင်ကော်မတီဥက္ကဋ္ဌအပါအဝင် ၄ ဦးကို အမှုကို လာမည့် ဇူလိုင်လ ၉ ရက်နေ့ကို ထပ်မံရုံးချိန်းလိုက်သည်။

Most read this week

စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များကို တွေ့ရစဉ်။ / GETTY IMAGES
September 18, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ စစ်အုပ်စုတပ်၏ ယခင် တပ်စခန်းဟောင်းနေရာများကို စစ်အုပ်စုတပ်က...
ရသေ့တောင်မြို့ဝင် ဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / Crd
September 17, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် နယ်နိမိတ် ထိစပ်နေသည့် ရသေ့တောင်မြို့နယ်၊ မေယုတောင်တန်းအနီးရှိ...
စစ်အုပ်စုတပ်၏ ဂျက်ဖိုက်တာများ စစ်ရေးလေ့ကျင့် ပျံသန်းနေစဉ်။ / MOI
September 17, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ စစ်တွေနယ်စပ် ပုဏ္ဏားကျွန်းမြို့နယ်ရှိ...
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ ကုန်တင်ယာဉ်အချို့။ / Credit: DMG
September 16, 2026
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်း နယ်စပ်၌ ဒေသခံလူငယ်များနှင့် ရခိုင် စက်လှေသမားများ အချေ...