မောင်တောခရိုင်သို့ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်သူ ၃၀ ခန့်အား အရေးယူ

မောင်တောခရိုင်သို့ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်သူ ၃၀ ခန့်အား အရေးယူ

ကျော်မျိုးအောင် — ရခိုင်ပြည်နယ်၊ မောင်တောခရိုင်သို့ တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသူ ၂၉ ဦးအား လူဝင်မှုကြီးကြပ်ရေးဥပဒေပုဒ်မ ၁၃(၁) ၊ ၁၃(င)တို့ဖြင့် အရေးယူထားကြောင်း မောင်တောခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးထိန်လင်းက DMG သို့ ပြောသည်။

“ခိုးဝင်ခိုးထွက် ပုဒ်မ ၁၃(၁)နဲ့ အမှုဖွင့်လှစ်ထားတာရှိသလို အားပေးကူညီမှု ပုဒ်မ ၁၃(င)နဲ့ အမှုဖွင့်ထားတာပေါ့။ အခုက ဒီခရိုင်တစ်ခုလုံးမှာ ပထမအသုတ်အနေနဲ့ဖြစ်တယ်” ဟု ၎င်းကရှင်းပြသည်။

ထိုသို့ အမှုဖွင့်လှစ်ခံထားသူများမှာ မောင်တောမြို့နယ်မှ ၁၉ ဦးနှင့် ဘူးသီးတောင်မြို့နယ်မှ ၁၀ တို့ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ သိရသည်။

COVID-19 ကာလအတွင်း တစ်ဘက်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာမှုကို အစိုးရက ပိတ်ပင်ထားသော်လည်း တရားမဝင် ဝင်ရောက်လာသူ ၉၀ ဦးခန့်ရှိနေပြီဖြစ်ကြောင်း မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

မောင်တောခရိုင်၌ တရားမဝင် ဝင်ရောက်သူများထဲတွင် COVID-19 ရောဂါပိုးတွေ့လူနာ ၉ ဦး အထိ ရှိနေပြီဖြစ်သည်။

Most read this week

စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များကို တွေ့ရစဉ်။ / GETTY IMAGES
September 18, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ စစ်အုပ်စုတပ်၏ ယခင် တပ်စခန်းဟောင်းနေရာများကို စစ်အုပ်စုတပ်က...
ရသေ့တောင်မြို့ဝင် ဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / Crd
September 17, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် နယ်နိမိတ် ထိစပ်နေသည့် ရသေ့တောင်မြို့နယ်၊ မေယုတောင်တန်းအနီးရှိ...
စစ်အုပ်စုတပ်၏ ဂျက်ဖိုက်တာများ စစ်ရေးလေ့ကျင့် ပျံသန်းနေစဉ်။ / MOI
September 17, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ စစ်တွေနယ်စပ် ပုဏ္ဏားကျွန်းမြို့နယ်ရှိ...
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ ကုန်တင်ယာဉ်အချို့။ / Credit: DMG
September 16, 2026
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်း နယ်စပ်၌ ဒေသခံလူငယ်များနှင့် ရခိုင် စက်လှေသမားများ အချေ...