ပေါက်တောမြို့တွင် ပထမဆုံး အကြိမ် အခမဲ့ မျက်စိ ခွဲစိတ်ကုသပေး

ပေါက်တောမြို့တွင် ပထမဆုံး အကြိမ် အခမဲ့ မျက်စိ ခွဲစိတ်ကုသပေး
by -
နိရဥ္စရာ
ရခိုင်ပြည်နယ်မှ တိပိဋက ကျမ်းပြီး ဆရာတော် ဦးအိန္ဒပါလ ဦးဆောင်၍ စက္ခူပါလ အဖွဲ့မှ ရခိုင်ပြည်နယ် ပေါက်တောမြို့တွင် မတ်လ ၂ ရက်နေ့မှ ၅ ရက်နေ့ထိ (၄) ရက်တိုင်တိုင် မျက်စိဝေဒနာရှင်များအတွက် အခမဲ့ ခွဲစိတ် ကုသပေးလျက်ရှိသည်ဟု သိရသည်။

nrj0501“ဆရာတော် ဦးစီးပြီးတော့ အလှူရှင်အဖွဲ့တွေ၊ ပုဂ္ဂလိအလှူရှင်တွေက ၀ိုင်းဝန်း ပံ့ပိုးပြီးတော့ မျက်စိလာကု တာပါ။ ဆရာဝန်တွေကတော့ ရန်ကုန်က ဆရာဝန်တွေနဲ့ ဒေါက်တာမိုးကျော်အပါအဝင် စစ်တွေက ဆရာဝန်တွေပါပါတယ်။ မနေ့ကတော့ ၅၆ ယောက်ကို ခွဲစိပ် ကုသပြီးပါပြီ”ဟု ပေါက်တောမြို့နယ် လူမှုကွန်ရက်အဖွဲ့မှ ဥက္ကဋ္ဌ ဦးဦးကျော်ဝင်းက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

မျက်စိ လာရောက် ကုသမှု ခံယူသူများထဲတွင် ပေါက်တောမြို့နယ် ကျေးရွာများမှအပြင် မြေပုံမြို့နယ် တစ်ချို့ကျေးရွာများမှလည်း ပါ၀င်သည်ဟု ဆိုသည်။

ဆေးဝါးလာရောက် ကုသမှု ခံယူသူများအတွက် နေရာထိုင်ခင်းနှင့် အစားအသောက် အတွက်ပါ စီစဉ်ပေးသည်ဟု သိရသည်။

“ဒီလိုမျိုးလာရောက်ကုသပေးတာ ဒေသခံ ဆင်းရဲပြည်သူတွေအတွက် တော်တော် အထောက်အကူ ပြုပါတယ်။ မျက်စိ မမြင်တဲ့သူတွေလည်း မြင်ခွင့်ရသွားကြတယ်။ နောက်ထပ်လည်း ဒီလိုမျိုး လာရောက် ကုသ ပေးစေချင်ပါတယ်” ဟု ဦးဦးကျော်ဝင်းက ပြောသည်။

ယခုအကြိမ် အခမဲ့ လာရောက်ကုသမှုသည် ပေါက်တောမြို့နယ်အတွက် ပထမဆုံးအကြိမ်ဖြစ်ပြီး ကုသရာသို့ ယနေ့တွင် လူနာ ၁၀၀၀ ခန့် ရောက်ရှိနေသည်ဟု သိရသည်။

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်မှ ဆရာတော် ဦးအိန္ဒပါလသည် မြန်မာနိုင်ငံတွင် ၁၁ ပါးမြောက် တိပိဋက ၃ ကျမ်းပြီး ဆရာတော် တစ်ပါးဖြစ်သည်ဟု သိရှိရသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...