ထိုင်းနိုင်ငံတွင် ထပ်မံသေဒဏ်ချခံရသည့် မြန်မာနိုင်ငံသားနှစ်ဦး လွတ်မြောက်ရေး ရန်ကုန်တွင် ဆန္ဒဖော်ထုတ် တောင်းဆို

ထိုင်းနိုင်ငံတွင် ထပ်မံသေဒဏ်ချခံရသည့် မြန်မာနိုင်ငံသားနှစ်ဦး လွတ်မြောက်ရေး ရန်ကုန်တွင် ဆန္ဒဖော်ထုတ် တောင်းဆို
by -
နိရဥ္စရာ
ထိုင်းနိုင်ငံ ကော့စမွီ၊ လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သတ်ပြီး ထပ်မံသေဒဏ်ချခံရသည့် မြန်မာနိုင်ငံသားနှစ်ဦး လွတ်မြောက်ရေး အတွက် ရန်ကုန် မြို့တော်ခန်းမရှေ့တွင် ယနေ့ နေ့လယ် ၂ နာရီ က စတင်ကာ ဆန္ဒဖော်ထုတ် တောင်းဆိုခဲ့ကြသည်။

မြန်မာနိုင်ငံသား တိုင်းရင်းသားနှစ်ဦးဖြစ်သည့် ကိုဇော်လင်းနှင့် ၀င်းဇော်ထွန်းနှစ်ဦး မတရားဖမ်းဆီး ချုပ်နှောင်ကာ သေဒဏ်ချမှတ်မှူအပေါ် မခံမရပ်နိုင်ဖြစ်ခြင်းကြောင့် မြန်မာလူထု တစ်ရပ်လုံးကိုယ်စား ဆန္ဒဖော်ထုတ်ရခြင်း ဖြစ်ကြောင်း ဦးဆောင်သူ မြန်မာ့အမျိုးသားကွန်ယက်မှ ဦးတင့်လွှင်က နိရဥ္စရာသို့ပြောသည်။

“ ဒီလုပ်ရပ်က ကျွန်တော်တို့ မြန်မာနိုင်ငံသားအားလုံးအပေါ် နားရွက်ကို တံတွေးနဲ့ ဆွတ်လိုက်တာနဲ့ တူပါတယ်။ တို့ကို စိန်ခေါ်လိုက်တာပဲ။ ဒီကိစ္စကို ဒီတိုင်းဆက်ထားလိုက်မယ်ဆိုရင် နိုင်ငံ့ရဲ့ ဂုဏ်သိက္ခာကိုပါ ထိခိုက် သွားနိုင် ပါတယ်။ ကျနော်တို့ အကြိမ်ကြိမ် ဆန္ဒဖော်ထုတ်ပြီးပြီး။ သံရုံးကိုလည်း အကြိမ်ကြိမ်စာဖို့ ဖူးပြီး။ ဒါပေမယ့် ဂရုစိုက်မှု မရှိဘူး” ဟု ဦးတင့်လွင်မှ ဆက်ပြောသည်။

ထိုင်းနိုင်ငံ၏ ယခုလုပ်ရပ်မှာ မြန်မာနိုင်ငံ အစိုးရကိုလည်း ဂရုမစိုက်ရာရောက်ပြီး၊ မြန်မာအစိုးရအနေဖြင့်လည်း ပြတ်သားစွာ လုပ်ကိုင် ဆောင်ရွက်မှု မရှိသောကြောင့် ပြည်သူများအနေဖြင့် လုပ်သင့်လုပ်ထိုက်သည်ကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်းလည်း သူက ဆက်ပြောသည်။

ဆန္ဒဖော်ထုတ်ရာတွင် ပါ၀င်သူ မြန်မာအမျိုးသားကွန်ယက်မှ ဦးဝင်းကိုကိုလပ်၏ ဇနီး မရီနွယ်အောင်မှလည်း နိုင်ငံတော်အတို်င်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုအနေဖြင့် ကူညီတောင်း ဖြေးရှင်းပေးစေလိုကြောင်းနှင့် လူထုသဘောထား ကောက်ခံကာ အစိုးရထံတင်ပြသွားမည်ဟုလည်း နိရဥ္စရာသို့ ပြောသည်။

“ကျမတို့အနေနဲ့ ကတော့ ပြောစေချင်တာပေါ့။ နိုင်ငံတော်အတိုင်ပင်ခံ တစ်ဦးအနေနဲ့ပေါ့။ သူမပြောလိုက်တာနဲ့ တခြားသူတွေပြောတာနဲ့ မတူဘူးလေ။ အဲတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပြောပြ အကူအညီ တောင်းသင့်တယ်။သူနိုင်ငံက သူဥပဒေရှိတယ်ဆိုတာလက်ခံပါတယ်။ ဒါပေမယ့် လူကိုခင်ရင် မူကိုပြင်ပါတယ်” ဟုပြောဆိုသည်။

ဆန္ဒဖော်ထုတ်ပွဲသို့ ရောက်ရှိနေသည့် ရခိုင်တိုင်ရင်းသား ကိုမောင်ကြီးမှလည်း “ ဒီကျွန်တော်တို့ ညီလေး ကိုဇော်လင်းနှင့် ၀င်းဇော်ထွန်းတို့ နှစ်ဦး သေဒဏ်ထပ်မံချမှတ်ခံလိုက်ရတာဟာ ကျနော်သေဒဏ်ချခံရသလို ခံစားရပါတယ်။ ပြန်လွတ်ဖို့ မျော်လင့်နေချိန်ခုလို သတင်းဆိုးကြားလိုက်ရတာမှာ လုံးဝစိတ်မကောင်းဖြစ်မိပါတယ်” ဟု နိရဥ္စရာသို့ပြောသည်။

ဆန္ဒဖော်ထုတ်သူများသည် ဇော်လင်းနှင့် ၀င်းဇော်ထွန်း လွတ်မြောက်ရေး (ဒို့အရေး)၊ ထိုင်းနိုင်ငံတရားရုံုးမှ မတရားဆုံးဖြတ်ချက် (ချက်ချင်းရပ်)၊ We Request Thai Government (free Zaw Linn and Win Zaw Tun)၊ ကျွန်ုပ်တို့ အစိုးရအနေဖြင့် အပြစ်မဲ့နိုင်ငံသားနှစ်ဦး၏ အသက်ကိုကယ်တင်ပေးရေး (ဒို့အရေး)၊ ထိုင်းအစိုးရအနေဖြင့် နှစ်နိုင်ငံ ချစ်ကြည့်ရေးကိုရှေ့ရှုပါ (အပြစ်မဲ့ နိုင်ငံသားနှစ်ဦးကို ချက်ချင်းလွှတ်) စသည့် ကြွေးကြော်သံများကို ကြွေးကြော် ဆန္ဒပြခဲ့ကြသည်။

ဆန္ဒဖော်ထုတ်ပွဲသို့ ခွင့်ပြု လူဦးရေ ၃၀၀ တက်ရောက်ခဲ့သည်။

ယခုလူသတ်တရားခံအဖြစ်စွပ်စွဲကာ ထပ်မံသေဒဏ်ချမှတ်ခံထားရသူ ဇော်လင်းမှာ ကျောက်ဖြူမြို့နယ် မီးကျောင်းရေသောက် ကျေးရွာမှ ဖြစ်ကာ ၀င်းဇော်ထွန်းမှာ ကျောက်ဖြူမြိုကနယ် ကာပီချောင်းကျေးရွာမှဖြစ်ပြီး ၂၀၁၄ အောက်တိုဘာလ ၁၅ ရက်နေ့ ဗြိတိန် လူမျိုးနှစ်ဦး အသတ်ခံရမှုနှင့် ဖမ်းဆီး ဒေသဏ်ပေးခံရခြင်းဖြစ်သည်။

Most read this week

January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...
January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...
January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...