ALD ပါတီ ပြန်မှတ်ပုံတင်ရန် လျှောက်ထားသူ ခေါင်းဆောင် ၂၀ ထဲ ဦးအေးသာအောင် မပါ၀င်

ALD ပါတီ ပြန်မှတ်ပုံတင်ရန် လျှောက်ထားသူ ခေါင်းဆောင် ၂၀ ထဲ ဦးအေးသာအောင် မပါ၀င်
by -
နိရဥ္စရာ
ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) ကို ပါတီကို ပြန်လည် ထူထောင်ရန် အတွက် ခေါင်းဆောင် အမည် (၂၀) ဦးနှင့် အတူ ဖေဖော်ဝါရီ ၂၇ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံတင်ခွင့် လျှောက်ထားရာ ထိုအထဲတွင် ယခင် ALD ပါတီ ဥက္ကဋ္ဌ ဖြစ်သူ ဦးအေးသာအောင် မပါ၀င်ကြောင်း သတင်းရရှိသည်။

narinjara02“ ဦးအေးသာအောင် မပါ၀င်ပါဘူးခင်ဗျား။ သူက ဆုံးဖြတ်ချက် မချသေးတဲ့ အတွက် မပါ၀င်တာ ဖြစ်ပါတယ်” ဟု ပါတီမှတ်ပုံတင်ခွင့်ရရန် လျှောက်ထားအပြီး အပြန်တွင် နိရဥ္စရာက မေးမြန်းစဉ် ထိုသို့ ဦးမျိုးကျော်က ပြောဆိုခြင်း ဖြစ်သည်။

ခေါင်းဆောင် စုစုပေါင်း ၂၀ နဲ့ လျှောက်ထားကြောင်း၊ ၎င်းအထဲတွင် ယခင် CEC အဟောင်း ၈ ဦးပါ၀င်သော်လည်း ဦးအေးသာအောင် မပါ၀င်ကြောင်း၊ အမျိုးသမီး ၄ ဦး ပါ၀င်ကြောင်း၊ ယခင် ALD ဒုဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့သူ ဦးကျော်မြှင့်က ခေါင်းဆောင်ကြောင်း ဦးမျိုးကျော်က ဆက်လက် ပြောကြားသည်။

“ ဘယ်သူ ဥက္ကဋ္ဌ၊ ဘယ်သူ အတွင်းရေးမှူးဆိုတာကတော့ အဲဒီအဆင့်ထိတော့ မရောက်သေးပါဘူး။ အခု တည်ထောင်လိုသူ အဆင့်ဘဲ ရှိပါတယ်။ နောက်တစ်ဆင့်မှာမှ ပခေါင်းဆောင်၊ ဒုခေါင်းဆောင်ဆိုပြီး ရွေးချယ်ရမှာ ဖြစ်ပါတယ်” ဟု သူက ဆက်ပြောသည်။

ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်သည် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီနှင့် ပူးပေါင်းပြီး ရခိုင်အမျိုးသားပါတီ ထူထောင်စဉ်ကတည်းက ပါတီကို ဖျက်သိမ်းထားပြီ ဖြစ်သဖြင့် ယင်းနာမည်နှင့် ရွေးကောက်ပွဲ ကော်မရှင်က လက်ခံပါသလားဟု မေးမြန်းရာ “ ALD နာမည်နဲ့ သူတို့ လက်ခံပါတယ်” ဟု ပြောကြားသည်။

ညီညွှတ်ရေကို လိုလား၍ ပါတီကို ပူးပေါင်းခဲ့ခြင်း ဖြစ်ကြောင်း၊ ANP ပါတီအတွင်း လွဲမှားမှုရှိကြောင်း၊ တစ်ဖက်နှင့် တစ်ဖက် တိုက်ခိုက်မှုများရှိကြောင်း၊ ရှင်းထုတ်မှုများကို တွေ့ရကြောင်း၊ သို့အတွက် ယခုလို ပါတီ ထူထောင်ရန်ထိ ဖြစ်လာခဲ့ကြောင်း ဦးမျိုးကျော်က ပြောဆိုသည်။

“ ပါတီ ထူထောင်ခွင့်တော့ နောက်လ လောက်ကျလာပါလိမ့်မယ်။ အခု အမည် စာရင်းပါတဲ့ ခေါင်းဆောင် ၂၀ ကို ပြည်ထဲရေး ၀န်ကြီးဌာနက စစ်ဆေးပါလိမ့်မယ်။ ဒဲဒီနောက်မှာ ပါတီ ထူထောင်ခွင့် ကျလာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်” ဟု ပြောဆိုသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...