ရခိုင်တော်လှန်ရေး ခေါင်းဆောင် ဆရာတော် ဦးစိန္တာ အထိမ်းအမှတ် ဂုဏ်ပြုပူဇော်ပွဲ ကျင်းပမည်

ရခိုင်တော်လှန်ရေး ခေါင်းဆောင် ဆရာတော် ဦးစိန္တာ အထိမ်းအမှတ် ဂုဏ်ပြုပူဇော်ပွဲ ကျင်းပမည်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ်ချဲ့တော်လှန်ရေး ခေါင်းဆောင် ဆရာတော် ဦးစိန္တာ အထိမ်းအမှတ် ဂုဏ်ပြုပူဇော်ပွဲကို လာမည့် ဧပြီလ ၉ ရက်နေ့မှ ၁၁ ရက်နေ့ထိ (၃) ရက်တိုင်တိုင် မြေပုံမြို့နယ် ကြာအင်းတောင်ရွာတွင် အထူး စည်ကားသိုက်မြိုက်စွာ ကျင်းပရန် စီစဉ်နေကြောင်း သတင်း ရရှိသည်။

“ အခု ပွဲတော် ပြုလုပ် ကျင်းဖို့ သတ်မှတ်ထားတဲ့ နေ့က ၁၉၄၆ ခုနှစ်က ကြာအင်းတောင် ညီလာခံ ကျင်းပခဲ့တဲ့ နေ့ဖြစ်ပါတယ်။ ဒီနေ့မှာ ဆရာတော် ဦးစိန္တာ အထိမ်းအမှတ် ဂုဏ်ပြုပူဇော်ပွဲကို ရခိုင်ပြည်နယ် ၁၇ ဦးမြို့နယ်မှ ကိုယ်စားလှယ်တွေကိုပါ ဖိတ်ကြားပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာ ဖြစ်ပါတယ်” ဟု အဆိုပါ ပွဲအား စီစဉ်ရာတွင် ဦးဆောင်နေရာမှ ပါ၀င်သူ ဦးခင်သန်းမောင်က ပြောသည်။

အဆိုပါ ဆရာတော် ဦးစိန္တာ အထိမ်းအမှတ် ဂုဏ်ပြုပူဇော်ပွဲသို့ မျိုးချစ် ရဟန်းတော်များ၊ နိုင်ငံရေး ပါတီများ၊ လူမှုအဖွဲ့အစည်းမှ တာဝန်ရှိသူများ၊ ရခိုင်ပြည်နယ် မြို့နယ် တစ်ခုစီမှ ကိုယ်စားလှယ် ၂ ဦးကျစီ ဖိတ်ကြားထားရန် စီစဉ်ထားသည်ဟုလည်း သိရသည်။

“ ဟောပြောပွဲ၊ ကျင်ပွဲ၊ စတိတ်ရှိုးပွဲ၊ ဇာတ်ပွဲတွေနဲ့ အထူး စည်ကားသိုက်မြိုက်စွာ ကျင်းပသွားဖို့ စီစဉ်ထားပါတယ်။ ဆရာတော်ကြီးပွဲတော်အတွက် ရခိုင်သူ ရခိုင်သားတွေရဲ့ ကူညီထောက်ပံ့့ပေးမှုတွေနဲ့ ကျင်းပသွားမှာ ဖြစ်တဲ့ အတွက် စိတ်ပါ၀င်စားသူတွေကို ပွဲတော် ဖြစ်မြောက်ရေး အတွက် အတတ်နိုင်ဆုံး ကူညီကြဖို့လည်း မေတ္တာရပ်ခံအပ်ပါတယ်” ဟု သူက ပြောကြားသည်။

ယခုပွဲတော်ကို ကြာအင်းတောင်တိုက်နယ် ကျေးရွာသူ ကျေးရွာသားများနှင့် ၈၈ ရခိုင်မျိုးဆက်များ လူမှုဖွံ့ဖြိုးရေး အဖွဲ့မှ တာဝန်ယူ ပူးပေါင်းဆောင်ရွက် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

ဆရာတော် ဦစိန္တာသည် ဗြိတိသျှ နယ်ချဲ့တို့အား ဆန့်ကျင်တော်လှန်ရာတွင် ထိပ်တန်း ပါ၀င်ခဲ့သည့် ရခိုင်ပြည်မှ ခေါင်းဆောင်ဆရာတော် တစ်ပါး ဖြစ်သည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...