မွန်ပြည်နယ် ဝန်ကြီးအများစု ရွေးကောက်ပွဲ ပြန်ဝင်မည်

မွန်ပြည်နယ် ဝန်ကြီးအများစု ရွေးကောက်ပွဲ ပြန်ဝင်မည်

မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်ထဲက ဝန်ကြီးချုပ်အပါအဝင် အမျိုးသားဒီမိုကရေစီပါတီအဖွဲ့ချုပ် NLD ပါတီမှဝန်ကြီး အများစုသည် လာမည့်ရွေးကောက်ပွဲတွင်ဝင်ရောက် ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်းအဆိုပြုလွှာ တင်ထားကြသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့တွင်ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီး ၁၂ ဦးရှိပြီး NLD ပါတီကိုယ်စားပြု ၁၀ ဦး၊ မွန်ညီ ညွတ်ရေးပါတီမှ ၁ ဦးနှင့် တပ်မတော်မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ၁ ဦးတို့ ပါဝင်သည်။

လာမည့်ရွေးကောက်ပွဲတွင် NLD ပါတီမှ ဝန်ကြီးချုပ်အပါအဝင်ဝန်ကြီး ၁၀ ဦးအနက် စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးမှလွဲပြီး ၉ ဦးစလုံး ပြန်လည်ဝင်ပြိုင်ရန် အဆိုပြုလွှာတင်ထားသည်ဟု မွန်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဌ ဒေါက်တာခင်ဆောင် က ပြောသည်။

“ကိုထွန်းဌေးတော့ မပြိုင်ဘူးကျန်တဲ့ ဝန်ကြီးအားလုံး ဝင်ပြိုင်မယ်။ အဆိုပြုလွှာလျှောက်တာတွေ က ပြည်နယ် ကိုတော့ တင်ထားပြီးပြီ။ အဲဒါကို ပြည်နယ် ပြန်စိစစ်ရမယ်” ဟု ဒေါက်တာခင်ဆောင်က ပြောသည်။

ရွေးကောက်ပွဲ ဝင်ပြိုင်မည့် ဝန်ကြီးများ အားလုံးသည် ၂၀၁၅ ရွေးကောက်ပွဲတုန်းကအနိုင်ရရှိခဲ့သည့် မဲဆန္ဒနယ် တို့တွင်သာ ဝင်ရောက်ယှဉ်ပြိုင်သွားကြမည်ဟု သိရသည်။

NLD ပါတီမှ မွန်ပြည်နယ်လွှတ်တော် ဥက္ကဌ ဒေါ်တင်အိကတော့ အသက်အရွယ်အရသော်လည်းကောင်း လူငယ်များအတွက် နေရာဖယ်ပေးချင်သည့်အတွက်ကြောင့် လာမည့်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည် မဟုတ်တော့ဘူးဟု ပြောသည်။

“အန်တီအနေနဲ့က လာမယ့်ရွေးကောက်ပွဲမှာ ဝင်ရောက် မယှဉ်ပြိုင်တော့ပါဘူး၊ အန်တီ့အသက်က ၇၅ မကြာ ခင် ပြည့်တော့မယ်ဆိုတော့ အသက်အရွယ်အရ အန်တီက ရွေးကောက်ပွဲမဝင်တော့ပါဘူး။  နောက်တစ်ချက် က နေရာဖယ်ပေးချင်တာပါ။ အန်တီ့ထက် အသက်ငယ်သော အန်တီ့ထက် လုပ်ရည်ကိုင်ရည်ရှိသော အန်တီ့ ထက် လေ့လာသင်ယူနိုင်သူတွေအတွက် နေရာဖယ်ပေးချင်တာပါ” ဟု မွန်ပြည်နယ်လွှတ်တော် ဥက္ကဌ ဒေါ်တင်အိက ပြောသည်။

အစိုးရအဖွဲ့ဝင် ဝန်ကြီးများထဲက မွန်ညီညွတ်ရေးပါတီကိုယ်စားပြု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းကလည်း ပါတီဗဟိုက တာဝန်ပေးချက်အပေါ် မူတည်ပြီး  ရွေးကောက် ပွဲ ဝင်ပြိုင် မပြိုင်ကို ဆုံးဖြတ်သွားမည်ဟု ပြောသည်။

လာမည့်ရွေးကောက်ပွဲတွင်မွန်ပြည်နယ်အတွင်း တပ်မတော်သားနှင့် အတူနေမိသားစုဝင်မဲစာရင်းမပါသေးပဲ မဲပေးပိုင်ခွင့်ရှိသူ ၁၇ သိန်း ၄ သောင်းခန့်ရှိသည်။

အဆိုပါ မဲပေးပိုင်ခွင့်ရှိသူ ၁၇ သိန်း ၄ သောင်းထဲတွင် ပထမအကြိမ် မဲပေးရမည့် မဲဆန္ဒရှင် တစ်သိန်းကျော် ရှိသည်ဟု မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

May 15, 2026
မိုးရက်ဆက်ရွာသွန်းမှုကြောင့် ရှမ်းအရှေ့ပိုင်း ရော်ဘာခြံလုပ်သားများ စားဝတ်နေရေး ခက်ခဲလာနေသည်ဟု...
May 14, 2026
မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ခြင်းသည် ငြိမ်းချမ်းရေးနှင့် ပိုမို အလှမ်းဝေး သွားစေမည်ဖြစ်သည့်အပြင်...
CTER-Karenni
May 12, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ခြမ်းတွင် စစ်တပ် စစ်ကြောင်းက စစ်ရှောင်စခန်းကို...
ပုံဟောင်း
May 11, 2026
မြန်မာနိုင်ငံအနှံ့အပြားတွင် လေကြောင်းတိုက်ခိုက်မှုများနှင့် စစ်ရေးပဋိပက္ခများ...