မွန်ပြည်နယ်ဝန်ကြီးချုပ်အမည် မွန်လွှတ်တော်၌ တင်သွင်း

မွန်ပြည်နယ်ဝန်ကြီးချုပ်အမည် မွန်လွှတ်တော်၌ တင်သွင်း
by -
မဇ္ဈိမ
ရာထူးမှ နှုတ်ထွက်သွားသည့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးနေရာတွင် အစားထိုးခန့်အပ်မည့် ပြည်နယ်ဝန်ကြီးချုပ်ကို ယနေ့ (မတ်လ ၁ ရက်) ကျင်းပမည့် မွန်ပြည်နယ်၊ လွှတ်တော်အရေးပေါ်အစည်းအဝေးတွင် အတည်ပြုခန့်အပ်သွားမည်ဟု မွန်ပြည်နယ် ဒုတိယလွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ဆိုသည်။

"မနေ့က သမ္မတရုံးက အကြောင်းကြားစာပေးပို့လာတယ်လေ။ လုပ်ထုံးလုပ်နည်းအရ လွှတ်တော် အစည်းအဝေးခေါ်ပြီး လွှတ်တော်မှာ ၀န်ကြီးချုပ်လောင်းလျာရဲ့ အမည်စာရင်းကို ဖတ်ကြားမယ်။ လွှတ်တော်ရဲ့ အတည်ပြုချက်ရယူပြီး ခန့်အပ်သွားမှာပါ" ဟု ဒေါက်တာအောင်နိုင်ဦးက ဆိုသည်။

ရာထူးက နှုတ်ထွက်သွားသည့် မွန်ပြည်နယ် ၀န်ကြီးချုပ်ဦးမင်းမင်းဦးသည် ၀န်ကြီးချုပ်ရာထူးအပြင် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး တာဝန်များကို ပူးတွဲတာဝန်ယူထားသူဖြစ်ပြီး အဆိုပါ ရာထူးများမှ နှုတ်ထွက်ခွင့်ပြုဖို့ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၀ ရက်နေ့က စာတင်ခဲ့သည်။ ၎င်းအား နိုင်ငံတော်သမ္မတက ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် နှုတ်ထွက်ခွင့်ပြုခဲ့သည်။

ခန့်အပ်ထားရှိမည့် ၀န်ကြီးချုပ်နေရာတွင် ကျိုက်ထိုမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးဇံကို ထောက်ခံထားသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်က ပြောဆိုထားသည်။

သို့သော်လည်း မွန်ပြည်နယ် အစိုးရအဖွဲ့ စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ၀န်ကြီး ဦးဝဏ္ဏကျော် ကို ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်နိုင်သည်ဟု ခန့်မှန်းပြောဆိုနေမှုများလည်း ရှိနေသည််။

April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...