တောင်ကုတ်တွင် အမျိုးသားနှစ်ဦး ဓာတ်လိုက်သေဆုံး

တောင်ကုတ်တွင် အမျိုးသားနှစ်ဦး ဓာတ်လိုက်သေဆုံး

မျိုးမြင့်ဇော် - ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် ဝက်ကျိတ်ကျေးရွာအုပ်စု ရွာသစ်ဈေးလေးရှေ့တွင် ဇွန် ၁၇ရက်နေ့ နံနက် ၆ နာရီအချိန်ခန့်က အမျိုးသားနှစ်ဦး ဓါတ်လိုက်၍ သေဆုံးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

၎င်းတို့ နှစ်ဦးမှာ ဝက်ကျိတ်ကျေးရွာနေ ဦးစိန်သန်း အသက် ၃၀နှစ်နှင့် ဦးတင်ကျော်သန်း အသက် ၄၉နှစ် တို့ဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

"ကျမနဲ့ ဆွေမျိုးတော်တဲ့ မောင်လေးက ပြုတ်ကျနေတဲ့ ဓာတ်ကြိုးကိုကိုင်မိလို့ ဓာတ်လိုက်ပြီး လဲနေတာကိုကျမယောက်ျားက လဲနေတဲ့မောင်လေးကို သွားထူလိုက်တာ ကျမယောက်ျားပါ ဓာတ်လိုက်ပြီး သေသွားတယ်'' ဟု ဦးတင်ကျော်သန်း၏ ဇနီးဖြစ်သူ ဒေါ်လှမေစန်း က DMG သို့ ပြောသည်။

ဓာတ်လိုက်သေဆုံး ခဲ့ကြသည့် ဦးတင်ကျော်သန်းတွင် သားငယ်နှစ်ယောက်ရှိပြီး ဦစိန်သန်း ၃၀နှစ်တွင် ကိုယ်ဝန်သည် အမျိုးသမီးနှင့် သမီးငယ်နှစ်ယောက်ရှိကြောင်း မိသားစုဝင်များထံက သိရသည်။

တောင်ကုတ်မြို့နယ် တွင် ဇွန် ၁၆ ရက်နေ့ ညက ငလျှင်လှုပ်ခတ်ခဲ့မှုကြောင့် ဓါတ်တိုင် ယိမ်းယိုင်ခဲ့ပြီး မီးကြိုးပြုတ်ကျသွားခြင့်ကြောင့်ယင်းသို့ ဓါတ်လိုက်သေဆုံးရခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

အိန္ဒိယ - ရခိုင် ကုန်သွယ်ရေး လမ်းကြောင်းတစ်နေရာအား ၂၀၂၅ ခုနှစ် အတွင်းက တွေ့ရစဉ်။ / Photo Crd - DMG
September 19, 2026
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းရှိ ခယ်ခုံဂိတ် အငြင်းပွားမှုတွင် ပါဝင်သည့်...
စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များကို တွေ့ရစဉ်။ / GETTY IMAGES
September 18, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ စစ်အုပ်စုတပ်၏ ယခင် တပ်စခန်းဟောင်းနေရာများကို စစ်အုပ်စုတပ်က...
ရသေ့တောင်မြို့ဝင် ဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / Crd
September 17, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် နယ်နိမိတ် ထိစပ်နေသည့် ရသေ့တောင်မြို့နယ်၊ မေယုတောင်တန်းအနီးရှိ...
စစ်အုပ်စုတပ်၏ ဂျက်ဖိုက်တာများ စစ်ရေးလေ့ကျင့် ပျံသန်းနေစဉ်။ / MOI
September 17, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ စစ်တွေနယ်စပ် ပုဏ္ဏားကျွန်းမြို့နယ်ရှိ...