အမ်းမြို့နယ် ဒါးလက်ချောင်းအုပ်စုမှ ဒေသခံ ၁၀၀ ကျော် စားနပ်ရိက္ခာပြတ်လပ်၍ မြို့ပေါ်သို့သွားရောက်ခိုလှုံ

အမ်းမြို့နယ် ဒါးလက်ချောင်းအုပ်စုမှ ဒေသခံ ၁၀၀ ကျော် စားနပ်ရိက္ခာပြတ်လပ်၍ မြို့ပေါ်သို့သွားရောက်ခိုလှုံ

နှင်းနွယ် — ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဒါးလက်ချောင်းအုပ်စုအတွင်းရှိ အလယ်ကျွန်းကျေးရွာ ခိုလှုံနေကြသည့် စစ်ဘေးရှောင် (၁၀၀)ကျော်မှာ စားနပ်ရိက္ခာပြတ်လပ်မှုဖြစ်ပေါ်လာ၍ မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာနေကြကြောင်း အမ်းအမှတ်(၁) ပဲပိတုန်းစစ်ဘေးရှောင်စခန်းတာဝန်ခံထံမှ သိရသည်။

ထွက်ပြေးတိမ်းရှောင်လာသူများမှာ ဒါးလက်ကျေးရွာအုပ်စု၊ မင်္ဂလာဒုံကျေးရွာမှဖြစ်ကြပြီး အဆိုပါကျေးရွာအနီး တိုက်ပွဲဖြစ်ပွားမှုကြောင့် အလယ်ကျွန်းကျေးရွာ၌ တစ်ပတ်ခန့်ထွက်ပြေးတိမ်းရှောင်နေခဲ့ကြခြင်းဖြစ်သည်။

“ဒါးလက်အုပ်စုမှာရှိတဲ့ရွာတွေက ကဇုကိုင်းကနေ ရိက္ခာတွေယူနေရတာ အခုကဇုကိုင်းဂိတ်မှာရှိတဲ့ တပ်မ တော်ကပိတ်ထားတော့ အဲဒီရွာတွေမှာ စားနပ်ရိက္ခာကလည်းပြတ်လာတယ်။ စားသောက်ရေးအတွက် ခက်ခဲလာတာကြောင့် သူတို့က ဒီမြို့ပေါ်စစ်ဘေးရှောင်စခန်းကို ရောက်ရှိလာကြတာဖြစ်တယ်” ဟု အမှတ် (၁) ပဲပိတုန်းစစ်ဘေးရှောင်စခန်း တာဝန်ခံဦးသန်းရွှေက ရှင်းပြသည်။

ထို့ပြင် တပ်မတော်မှ အလယ်ကျွန်းကျေးရွာအား ကုန်းလမ်းနှင့် ရေလမ်း နှစ်ခုလုံးကို စားနပ်ရိက္ခာသယ်ယူခွင့် ပိတ်ပင်ထားသဖြင့် မင်္ဂလာဒုံကျေးရွာသားများမှာ အလယ်ကျွန်းကျေးရွာ၌နေခဲ့စဉ်က ကိုယ့်အစီအစဉ်ဖြင့်သာ စားသောက်နေခဲ့ရကြောင်း စစ်ဘေးတိမ်းရှောင်လာသူ ဦးတင်အောင်ကပြောသည်။

“ကျနော်တို့က ရွာကပြေးလာကတည်းက ကို့မှာပါလာတဲ့ ရိက္ခာလေးတွေနဲ့ပဲစားနေခဲ့ရတာ။ အဲဒီရွာက လူတွေ ကလည်း ရိက္ခာသယ်ယူခွင့်ပိတ်ခံထားရတော့ ကျနော်တို့ကို ဘာမှထောက်ပံ့မပေးနိုင်ဘူး။ အကုန်လုံးက ဒုက္ခ ရောက်နေကြရတာ” ဟု ၎င်းကပြောသည်။

တပ်မတော်မှ ဒါးလက်အုပ်စုအား ရိက္ခာသယ်ယူခွင့်ပိတ်ထားသည့်ကိစ္စနှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းနှင့် ဗိုလ်ချုပ်ထွန်းထွန်းညီတို့အား DMG က ဆက်သွယ်ခဲ့ရာ အဆက်အသွယ်မရရှိခဲ့ပေ။

မင်္ဂလာဒုံကျေးရွာသည် အိမ်ခြေ (၇၀)ကျော်ရှိသည့် ချင်းတိုင်းရင်းသားကျေးရွာတစ်ရွာဖြစ်ပြီး ကျေးရွာသူ၊ ကျေးရွာသားများမှာ ဝါးခုတ်၊ ဖျာရက် စသည့်လုပ်ငန်းများကို လုပ်ကိုင်စားသောက်သူဖြစ်ကြောင်းသိရသည်။

အိန္ဒိယ - ရခိုင် ကုန်သွယ်ရေး လမ်းကြောင်းတစ်နေရာအား ၂၀၂၅ ခုနှစ် အတွင်းက တွေ့ရစဉ်။ / Photo Crd - DMG
September 19, 2026
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းရှိ ခယ်ခုံဂိတ် အငြင်းပွားမှုတွင် ပါဝင်သည့်...
စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များကို တွေ့ရစဉ်။ / GETTY IMAGES
September 18, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ စစ်အုပ်စုတပ်၏ ယခင် တပ်စခန်းဟောင်းနေရာများကို စစ်အုပ်စုတပ်က...
ရသေ့တောင်မြို့ဝင် ဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / Crd
September 17, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် နယ်နိမိတ် ထိစပ်နေသည့် ရသေ့တောင်မြို့နယ်၊ မေယုတောင်တန်းအနီးရှိ...
စစ်အုပ်စုတပ်၏ ဂျက်ဖိုက်တာများ စစ်ရေးလေ့ကျင့် ပျံသန်းနေစဉ်။ / MOI
September 17, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ စစ်တွေနယ်စပ် ပုဏ္ဏားကျွန်းမြို့နယ်ရှိ...