COVID -19 ကာလတွင် ပြည်ပသို့ နွားမတင်ပို့ရသဖြင့် ကုန်သည်များအခက်ကြုံ

COVID -19 ကာလတွင် ပြည်ပသို့ နွားမတင်ပို့ရသဖြင့် ကုန်သည်များအခက်ကြုံ

အောင်ကောင်းဇော် — COVID-19 ကပ်ရောဖြစ်ပွားနေမှုကြောင့် ပြည်ပသို့ နွားများမတင်နိုင်သည့်အတွက် ရခိုင်ပြည်နယ်၊ မာန်အောင် မြို့နယ်မှ ကုန်သည်များ အခက်ကြုံတွေ့နေရကြောင်း ၎င်းကုန်သည်များထံမှ သိရသည်။

မာန်အောင်ဒေသမှ နွားများကို ယခင်က ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ခဲ့သော်လည်း လက်ရှိမှာ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် သွားလာရေးလမ်းကြောင်းများကို ပိတ်ထားသဖြင့် နွားတင်ပို့သည့် ကုန်သည်များ အခက်ကြုံတွေ့နေရကြောင်း ဆိုသည်။

“COVID-19 ကြောင့် နွားမတင်ပို့ရတဲ့အခါ ကျနော်တို့လို နွားအရောင်းအဝယ်လုပ်သူတွေက အတိုးနဲ့ ချေးထားတော့ တော်တော်အကြွေးတင်နေတယ်” ဟု မာန်အောင်မြို့နယ်မှ ကုန်သည်တစ်ဦးဖြစ်သည့် ကိုမောင်ကြီးတုတ်က ပြောသည်။

ထို့အပြင် ဝယ်ယူထားသည့်နွားများကို ကျွေးမွေးစောင့်ရှောက်ရန်အတွက် နွားတစ်ကောင်လျှင် တစ်နေ့ငွေကျပ် တစ်ထောင်နှုန်းဖြင့် ကျွေးမွေးစောင့်ရှောက်မည့်သူအား ပေးချေထားရသဖြင့်လည်း အကုန်အကျများကြောင်း ကုန်သည်များက ဆိုသည်။

ယခင်က ဘင်္ဂလားဒေ့ရှ်သို့ နွားများတင်ပို့ရောင်းချရာတွင် နွားတစ်ကောင်လျှင် ငွေကျပ် ၁၆ သိန်းခန့်ရရှိခဲ့ကာ ယခုအခါ ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေမြို့သို့သာ နွားများကိုတင်ပို့ရောင်းချနေရပြီး နွားတစ်ကောင်လျှင် ငွေကျပ် ၁၀ သိန်းခန့်သာ ရရှိကြောင်းလည်းသိရသည်။

ယင်းအပြင် မာန်အောင်ဒေသခံတောင်သူများမှာလည်း နွားများကိုရောင်းချပြီး မိုးစပါးချေးငွေဆပ်ရန် ကြိုးပမ်းနေကြသော်လည်း လက်ရှိ နွားဈေးများကျဆင်းနေသဖြင့် တောင်သူများအခက်အခဲဖြစ်နေကြရသည်။

“ဒီနှစ်က ကျနော်တို့တောင်သူတွေ စိုက်ပျိုးရေးလည်း ကောင်းကောင်းမလုပ်လိုက်ရဘူး။ စပါးတွေလည်း မကောင်းခဲ့ဘူး။ အခု ချေးငွေပြန်ဆပ်ချိန် ရောက်နေပြီ၊ ပြန်မဆပ်ရသေးဘူး။ ကျနော်တို့အိမ်မှာရှိတဲ့နွားတွေ ရောင်းမယ်လုပ်တော့လဲ ဈေးကမရှိဘူး။ ဝယ်သူလည်းနည်းတယ်။ ရောင်းရမှာလည်း မတန်မရာကြီး” ဟု မာန်အောင်မြို့နယ်မှ တောင်သူ ဦးတင်မောင်ရွှေက ပြောသည်။

ယခင်နှစ်များက မာန်အောင်မြို့နယ်အတွင်းမှနွားများကို ဘင်္ဂလားဒေ့ရှ်သို့တင်ပို့ရာတွင် တစ်နှစ်လျှင် ခန့်မှန်းခြေ နွားအကောင်ရေ ငါးထောင်ကျော်အထိ တင်ပို့နိုင်ခဲ့ပြီး ယခုနှစ်တွင် တစ်ကြိမ်မှ မတင်ပို့ရသေးကြောင်း မာန်အောင်မြို့နယ်ရှိ နွားဝယ်ယူရောင်းချနေသည့် ကုန်သည်များထံမှသိရသည်။

April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...
April 27, 2026
စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ်...
ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...
ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...