စစ်တွေ KBZ ဘဏ်တွင် လုယက်မှုဖြစ်ပွားပြီးနောက် ရခိုင်ရှိ အခြားဘဏ်ဝန်ထမ်းများလည်း လုံခြုံရေးစိုးရိမ်

စစ်တွေ KBZ ဘဏ်တွင် လုယက်မှုဖြစ်ပွားပြီးနောက် ရခိုင်ရှိ အခြားဘဏ်ဝန်ထမ်းများလည်း လုံခြုံရေးစိုးရိမ်

မျိုးသီရိကျော် — ရခိုင်ပြည်နယ်၏မြို့တော်ဖြစ်သော စစ်တွေမြို့ရှိ ကမ္ဘောဇဘဏ်ခွဲ(၂)တွင် ငွေကျပ်သိန်း ၁၈၀၀ ခန့် လုယက်မှု ဖြစ်ပွားခဲ့ပြီးနောက် ပြည်နယ်အတွင်းရှိ ဘဏ်အသီးသီးမှ ဝန်ထမ်းများမှာလည်း စိုးရိမ်မှုများဖြစ်ပေါ်လျက် ရှိနေကြသည်။

မြန်မာ့ရှေ့ဆောင်ဘဏ်(စစ်တွေ)မှ မန်နေဂျာ ဦးထက်မြတ်လင်းက KBZ ဘဏ်ကိစ္စဖြစ်ပေါ်ပြီးနောက် မိမိတို့၏ဝန်ထမ်းများမှာလည်း စိုးရိမ်မှုများရှိနေကြကြောင်း DMG သို့ ပြောသည်။

“ဘဏ်ကို ဓားပြတိုက်တယ်လို့ကြားတော့ ကျနော်တို့လန့်သွားပြီးတော့ လက်တွေခြေတွေ တုန်သွားတယ်။ ကျနော်တို့လည်း အလုပ်သိမ်းဖို့လုပ်နေတာ။ ဘဏ်ကို ဓားပြတိုက်တယ်လို့ တခါမှမကြားဖူးဘူး။ အဲဒါကြောင့်လည်း အံ့သြသွားတယ်” ဟု ၎င်းကဆိုသည်။

ယခုကဲ့သို့ စစ်တွေမြို့ပေါ်ရှိ ဘဏ်တစ်ခုမှ ငွေလုယက်ခံရသည့်ကိစ္စ ဖြစ်ပေါ်ခဲ့ပြီးနောက် ရခိုင်ပြည်နယ်၏ တရားဥပဒေစိုးမိုးရေးအပေါ် ဒေသခံပြည်သူများက မေးခွန်းထုတ်မှုများရှိနေကြသည်။

စစ်တွေမြို့မှ အမည်မဖော်လိုသည့် ဘဏ်ဝန်ထမ်းတစ်ဦးက ဘဏ်အတွင်းလုယက်ခံရမှုအပြင် ဝန်ထမ်းများ၏ အသက်ကို အန္တရာယ်ပြုလာမည်ကိုပါ စိုးရိမ်နေရကြောင်း ပြောသည်။

“အခုလိုမျိုး လုံခြုံရေးတွေရှိတဲ့ဘဏ်တွေတောင် ဓားပြတိုက်တယ်ဆိုတော့ အရမ်းစိုးရိမ်စရာပါ။ ကျမတို့က ဝန်ထမ်းဆိုတော့ ပိုပြီးတော့စိုးရိမ်ရတယ်။ ကိုယ့်အသက်ကိုလည်း အန္တရာယ်ပြုလာနိုင်တယ်လေ။ ဆိုတော့ လုံခြုံရေးလည်း တင်းကျပ်စွာထားရင်တော့ ပိုကောင်းမယ်” ဟု ယင်းအမည်မဖော်လိုသူက ဆိုသည်။

စစ်တွေမြို့၊ ကျေးပင်ကြီးရပ်ကွက်ရှိ ကမ္ဘောဇဘဏ်ခွဲ(၂)မှာ ဇွန်လ(၁၀) ရက်နေ့ ညနေ ၄ နာရီကျော် ဘဏ်ပိတ်ချိန်၌ အမည်မသိမျက်နှာဖုံးစွပ် လူ(၄)ဦးမှ Hi Jet အဖြူရောင်ကားတစ်စီးဖြင့်လာရောက်ကာ ငွေကျပ်သိန်း (၁၈၀၀) ခန့် လုယက်သွားခဲ့သည်။

အလားတူ ၂၀၁၉ ခုနှစ် နိုဝင်ဘာလအတွင်းက ကျောက်တော်မြို့ရှိ မြန်မာ့စီးပွားရေးဘဏ်မှ တာဝန်ရှိသူများမှာ ဘဏ်လုပ်ငန်းများဆောင်ရွက်ပြီး ငွေသေတ္တာကို မြို့မရဲစခန်းရှိ ဘဏ်တိုက်ခန်းတွင်ထားရှိရန် သွားသည့် လမ်းတွင် အမည်မသိ မျက်နှာဖုံးစွပ်လူနှစ်ဦးက ငွေကျပ်သိန်း(၂၀၀၀)ကျော်ကို လုယက်သွားခဲ့သည်။

April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...
April 27, 2026
စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ်...
ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...
ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...