အကြမ်းဖက်နှင့် တရားစွဲဆိုခံထားရသည့် ဆားပြင်ရွာသားအမှုတွင် တရာလိုကို စတင်စစ်ဆေး

အကြမ်းဖက်နှင့် တရားစွဲဆိုခံထားရသည့် ဆားပြင်ရွာသားအမှုတွင် တရာလိုကို စတင်စစ်ဆေး

မျိုးမြင့်ဇော် - အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၂(က)ဖြင့် တရားစွဲဆိုခံရသော တောင်ကုတ်မြို့နယ်မှ ဆားပြင်ကျေးရွာသား ၅ ဦး၏အမှု၌ တရားလိုဖြစ်သူ‌ ဗိုလ်မှူးမြင့်ဇော်အောင်အား ဇွန်လ ၁၅ ရက်နေ့ စတင်စစ်ဆေးခဲ့ကြောင်း ယင်းအမှုအား လိုက်ပါဆောင်ရွက်နေသူ တရားလွှတ်တော်ရှေ့နေ ဦးတင်ညိုက DMG သို့ ပြောသည်။

၎င်းတို့ ၅ ဦးကို ဇွန်လ ၁၅ ရက်နေ့ တတိယအကြိမ်အဖြစ် တောင်ကုတ်မြို့နယ်တရားရုံးသို့ ရုံးထုတ်စစ်ဆေးရာတွင် တရားလိုဖြစ်သူအမှတ်(၅) စစ်ဆေးရေးကွပ်ကဲမှုဌာနချုပ်မှ ဗိုလ်မှူးမြင့်ဇော်အောင်ကို ပထမဆုံးအကြိမ် စစ်ဆေးခဲ့ခြင်းဖြစ်သည်။

“ဗိုလ်မှူးမြင့်ဇော်အောင်ကို တရားခွင်မှာ စစ်လိုက်တဲ့အခါမှာ ဗိုလ်မှူးအနေနဲ့ အခင်းဖြစ်နယ်မြေကို ကွင်းဆင်းပြီးတော့ စစ်ဆေးအတည်ပြုခဲ့တာရှိပါသလားလို့ မေးတဲ့အခါမှာ ဗိုလ်မှူးမြင့်ဇော်အောင်က မရှိပါဘူးလို့ တရားခွင်မှာ ထွက်ဆိုသွားခဲ့ပါတယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးတင်ညိုက ပြောသည်။

ယနေ့ရုံးချိန်၌ တရားလိုအပြင် တရားလိုပြသက်သေဖြစ်သူ ဆားပြင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်နှင့် သက်သေနောက်တစ်ဦး စုစုပေါင်း ၃ ဦးတို့ကို စစ်ဆေးခဲ့ကြောင်း ၎င်းကဆက်၍ဆိုသည်။

ဆားပြင်ကျေးရွာ ရခိုင်အမျိုးသားပါတီ(ANP)ရုံး ဥက္ကဋ္ဌ ဦးပြုံးချိုအပါအဝင် ၅ ဦးတို့ကို ဧပြီလ ၅ ရက်နေ့တွင် တပ်မတော်က ၎င်းတို့၏ကျေးရွာအတွင်းမှ ဖမ်းဆီးသွားပြီး ရက္ခိုင့်တပ်တော်(AA)နှင့် ပတ်သက်ဆက်နွယ်သည်ဟုဆိုကာ အကြမ်းဖက်ဥပဒေပုဒ်မဖြင့် အမှုဖွင့်လှစ်ထားခြင်းဖြစ်သည်။

ထို့ပြင် အမှုရင်ဆိုင်နေရသည့် ဆားပြင်ကျေးရွာသား ၅ ဦးထဲမှာ မသန်စွမ်းဖြစ်သူ ဦးအောင်ထူးတွင် ဆယ်တန်းတက်ရမည့် သမီးတစ်ဦးနှင့် တတိယတန်းတက်ရမည့် သားတစ်ဦးရှိပြီး မိသားစုစားဝတ်နေရေးမှာလည်း အခက်အခဲကြုံနေရကြောင်း ဇနီးဖြစ်သူ ဒေါ်အေးစံသိန်းက ပြောသည်။

“သမီးနဲ့သားကို ကျူရှင်လည်းမထားနိုင်ဘူး။ ကျောင်းလည်းမထားနိုင်ဘူး။ မိသားစုစားရေးသောက်ရေး အားလုံးကျပ်တည်းတယ်” ဟု ၎င်းကပြောသည်။

ဆားပြင်ကျေးရွာသား ၅ ဦးတို့ ဖမ်းဆီးတရားစွဲဆိုခံနေရခြင်းမှာ ၂ လကျော်ထိ ကြာမြင့်လာပြီဖြစ်ကာ ယင်းအမှုတွင် ဆက်လက်စစ်ဆေးရမည့် တရားလိုပြသက်သေ ၂၁ ဦး ကျန်ရှိနေသေးကြောင်း တရားလွှတ်တော်ရှေ့ ဦးတင်ညိုထံမှ သိရသည်။

အိန္ဒိယ - ရခိုင် ကုန်သွယ်ရေး လမ်းကြောင်းတစ်နေရာအား ၂၀၂၅ ခုနှစ် အတွင်းက တွေ့ရစဉ်။ / Photo Crd - DMG
September 19, 2026
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းရှိ ခယ်ခုံဂိတ် အငြင်းပွားမှုတွင် ပါဝင်သည့်...
စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များကို တွေ့ရစဉ်။ / GETTY IMAGES
September 18, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ စစ်အုပ်စုတပ်၏ ယခင် တပ်စခန်းဟောင်းနေရာများကို စစ်အုပ်စုတပ်က...
ရသေ့တောင်မြို့ဝင် ဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / Crd
September 17, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် နယ်နိမိတ် ထိစပ်နေသည့် ရသေ့တောင်မြို့နယ်၊ မေယုတောင်တန်းအနီးရှိ...
စစ်အုပ်စုတပ်၏ ဂျက်ဖိုက်တာများ စစ်ရေးလေ့ကျင့် ပျံသန်းနေစဉ်။ / MOI
September 17, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ စစ်တွေနယ်စပ် ပုဏ္ဏားကျွန်းမြို့နယ်ရှိ...