နိုင်ငံသား စိစစ်မှု ၁၉၈၂ ဥပဒေနှင့် မညီ၍ စစ်တွေတွင် ကန့်ကွက် ဆန္ဒပြ

နိုင်ငံသား စိစစ်မှု ၁၉၈၂ ဥပဒေနှင့် မညီ၍ စစ်တွေတွင် ကန့်ကွက် ဆန္ဒပြ
by -
နိရဥ္စရာ
မောင်တောနှင့် ဘူးသီးတောင်မြို့နယ်တွင် နိုင်ငံသား စိစစ်ရာ၌ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေနှင့် မညီဘဲ ပြုလုပ်ဆောင်ရွက်နေသည်ဟု ဆိုကာ စစ်တွေမြို့တွင် ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။

“မောင်တောဒေသမှာ ၁၉၈၂ ဥပဒေနဲ့ မညီဘဲ နိုင်ငံသားကတ် ထုတ်ပေးနေတာတွေ့တယ်။ ဒါကြောင့် ဆန္ဒပြတာပါ။ အစိုးရက ပြည်သူကို လျစ်လျှုရှုနေတယ် ထင်တယ်”ဟု ဆန္ဒပြရာတွင် ပါဝင်သူ ဦးအောင်ဌေးက နိရဥ္စရာသို့ ပြောသည်။

ဆန္ဒပြရာတွင် ပါဝင်သူ ဒေါ်ကျော့စိန်က ရခိုင်ပြည်နယ် လဝက ဦးစီးမှူး ဦးဝင်းလွင်အား အရေးယူပေးရန် ယခုလအစောပိုင်းကလည်း စစ်တွေတွင် ပထမ အကြိမ်ဆန္ဒပြခဲ့ပြီးဖြစ်သော်လည်း ထူးခြားမှုမရှိသောကြောင့် ယခုကဲ့သို့ ထပ်မံဆန္ဒပြရခြင်း ဖြစ်သည်ဟု နိရဥ္စရာသို့ ပြောသည်။

” တရားမဝင်ဘဲ နိုင်ငံသားကတ်ထုတ်ပေးတဲ့အခါ တစ်ကြိမ် ဆန္ဒဖော်ထုတ်ခဲ့တယ်။ ဒါပေမယ့် ဂရုမစိုက်ခဲ့ဘူး။ အလေးမထားခဲ့ဘူး။ ပြည်သူလူထု၏ ဆန္ဒကို လုံးဝမလေးစားတာကြောင့် ထပ်မံဆန္ဒပြတာပါ ” ဟု ဒေါ်ကျော့စိန်က ပြောသည်။

ယနေ့ ဆန္ဒပြပွဲတွင် သံဃာတော်များ အပါအဝင် စစ်တွေဒေသခံ ၅ဝဝ ခန့် ပူးပေါင်း ပါ၀င်ခဲ့သည်။

ဆန္ဒပြသူများသည် နေ့လယ် တစ်နာရီမှ ဝင်္ကဘာကွင်းမှ စတင်၍ မြို့တစ်ပတ် လမ်းလျှောက်ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

ဆန္ဒပြရာတွင် “၁၉၈၂ ခု ဥပဒေအမှန်အကန် စစ်ဆေးပေး”၊ “မြေမြိုလို့အမျိုးမပျောက် လဝကကြောင့် အမျိုးပျောက်”၊ “ဗရမ်းဗတာ လဝကအရေးယူ”စသည့် စာသားများပါသည့် ဆိုင်းဘုတ်ပိုစတာများကို ကိုင်ဆောင်ကာ ချီတက်ရာ လမ်းတစ်လျှောက် ကြွေးကြော်သံများကိုလည်း ကြွေးကြော် ဆန္ဒပြခဲ့ကြသည်။

အလားတူ ဆန္ဒပြကန့်ကွက်မှုကို မောင်တော၊ ဘူးသီးတောင်၊ သံတွဲမြို့တို့တွင်လည်း ပြုလုပ်ခဲ့ကြသည်ဟု သတင်း ရရှိသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...