ရသေ့တောင်မြို့နယ် ဒုံးပိုက်ရဲကင်းစခန်း တိုက်ခိုက်ခံရ

ရသေ့တောင်မြို့နယ် ဒုံးပိုက်ရဲကင်းစခန်း တိုက်ခိုက်ခံရ

ကျော်မျိုးအောင်  — ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ဒုံးပိုက်ကျေးရွာအနီးရှိ ဒုံးပိုက်ရဲကင်းစခန်းတွင် ဇွန်လ ၁၃ ရက် နံနက် ၅ နာရီကျော်ခန့်က တိုက်ပွဲဖြစ်ပွားမှုများရှိခဲ့ကြောင်း ဒေသခံရွာသားများထံမှ သိရသည်။

“မနက် ၅ နာရီလောက်ရှိပါမယ်။ လက်နက်ကြီး ၊ လက်နက်ငယ်သံတွေ ဆူညံစွာထွက်လာတော့ လန့်နိုး သွားတယ်။ နားထောင်ကြည့်လိုက်တော့ ရဲကင်းစခန်းဖက်က အပြန်အလှန်တိုက်ပွဲဖြစ်နေကြတာ။ ကလေးနဲ့ မိန်းမကိုနိုးပြီး အိမ်အောက်ကိုဆင်းပုန်း၊ မိုးတျလင်းပါဘဲ။ ၆ နာရီကျော်လောက်မှ အသံတွေတိတ်သွားတယ်။ ကျွန်တော်တို့လည်း ရွာမှာမနေရဲလို့ထွက်လာခဲ့ကြတာ” ဟု ဒုံးပိုက်ကျေးရွာမှ ကိုအောင်သိန်းထွန်းက ပြောသည်။

အဆိုပါဒုံးပိုက်စခန်းတိုက်ခိုက်ခံရသည်မှာ မှန်ကန်ပြီး စခန်းအခြေအနေကို အတည်မပြုနိုင်သေးကြောင်း ရသေ့တောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်သိန်းက ပြောသည်။

“စခန်းတိုက်ခိုက်ခံရတယ်လို့သိရတယ်။ စခန်းကျသွားလား၊ မကျဘူးလားဆိုတာတော့ အတိအကျမပြောနိုင် သေးဘူး။ ရဲကပြောတော့ ကျသွားတယ်လို့ပြောတယ်။ နခခကတော့ စခန်းကခုခံပစ်တယ်လို့ပြောတယ်။ ဘယ်ဟာ အတည်ပြုရမလည်းမသိသေဘူး” ဟု ဆိုသည်။

ယင်းသို့ပစ်ခတ်မှုများဖြစ်ပွားခဲ့သဖြင့် အိမ်ခြေ ၃၀၀ ခန့်ရှိသည့် ဒုံးပိုက်ကျေးရွာမှ ရွာသူ၊ ရွာသားများမှာ နီးစပ်ရာ ကျေးရွာများသို့ ထွက်ပြေးနေကြရကြောင်း ဒေသခံများထံမှသိရသည်။

ဒုံးပိုက်ရဲကင်းစခန်းကို AA မှ တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒေသခံများမှပြောဆိုကြသည်။ သို့သော် တပ်မတော် နှင့် AA တို့မှ နံနက် ၁၁ နာရီခွဲအချိန်ထိ ယင်းကိစ္စနှင့်ပတ်သက်၍ တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေးပေ။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့အား ဆက်သွယ်မေးမြန်းရာတွင်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိ သဖြင့် ဒုံးပိုက်စခန်းတိုက်ခိုက်ခံရမှုအခြေအနေကို မသိရသေးပေ။

ပြီးခဲ့သည့် မေလ ၂ ရက်နေ့ကလည်း ဒုံးပိုက်ကျေးရွာအနီးတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်အချို့နှင့် AA တို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ကာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၂ ဦးဒဏ်ရာရရှိသွားခဲ့သည်။

 

အိန္ဒိယ - ရခိုင် ကုန်သွယ်ရေး လမ်းကြောင်းတစ်နေရာအား ၂၀၂၅ ခုနှစ် အတွင်းက တွေ့ရစဉ်။ / Photo Crd - DMG
September 19, 2026
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းရှိ ခယ်ခုံဂိတ် အငြင်းပွားမှုတွင် ပါဝင်သည့်...
စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များကို တွေ့ရစဉ်။ / GETTY IMAGES
September 18, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ စစ်အုပ်စုတပ်၏ ယခင် တပ်စခန်းဟောင်းနေရာများကို စစ်အုပ်စုတပ်က...
ရသေ့တောင်မြို့ဝင် ဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / Crd
September 17, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် နယ်နိမိတ် ထိစပ်နေသည့် ရသေ့တောင်မြို့နယ်၊ မေယုတောင်တန်းအနီးရှိ...
စစ်အုပ်စုတပ်၏ ဂျက်ဖိုက်တာများ စစ်ရေးလေ့ကျင့် ပျံသန်းနေစဉ်။ / MOI
September 17, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ စစ်တွေနယ်စပ် ပုဏ္ဏားကျွန်းမြို့နယ်ရှိ...