ဂွမြို့နယ်တွင် ALP/ALA တပ်ဖွဲ့ဝင် ၃ ဦးကို ပုဒ်မ ၆ ခုဖြင့် အမှုဖွင့်ထား

ဂွမြို့နယ်တွင် ALP/ALA တပ်ဖွဲ့ဝင် ၃ ဦးကို ပုဒ်မ ၆ ခုဖြင့် အမှုဖွင့်ထား

မျိုးမြင့်ဇော်

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်(ခွဲ) ကျိန္တလီမြို့တွင် ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်/ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALA/ALP)အဖွဲ့ဝင်သုံးဦးကို ပုဒ်မ ၆ ခုဖြင့် အမှုဖွင့်လှစ်ထားကြောင်း ကျိန္တလီနယ်မြေ ရဲစခန်းမှ စခန်းမှူး ရဲအုပ်ကျော်လွင်ဦးက ပြောသည်။

၎င်းတပ်ဖွဲ့ဝင်တို့သည် ယခုနှစ် ဖေဖော်ဝါရီလအတွင်းက ကျိန္တလီဒေသသို့ ရောက်ရှိလာကာ လိုင်စင်မရှိဘဲ ကျောက်ထုတ်လုပ်ခြင်း၊ သဲထုတ်လုပ်ခြင်း စသည့်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေကြပြီး ‌ဒေသခံများကို ဆဲဆိုခြိမ်းခြောက်ခြင်း စသည့်ကိစ္စများဖြစ်ပေါ်လာကြောင်း ဒေသခံများကဆိုသည်။

“ကျနော် သူတို့(ALA တပ်ဖွဲ့ဝင်)သဲကျောက်လုပ်နေကြတာကို ဓါတ်ပုံရိုက်ဖို့လုပ်တော့ ဘက်ဖိုးနားက ထွက်လာ ပြီးတော့ ကျနော့်ကိုမေးတော့ ဓါတ်ပုံရိုက်ဖို့လာတာလို့ ပြောတယ်။ သူတို့ကမလိုဘူး ဘယ်ကောင်မှ ရိုက်ခွင့် မရှိဘူး။ ငါတို့ရခိုင်အချင်းချင်း မသတ်ချင်ဘူး၊ ငါတို့လူသတ်လာတာ များနေပြီဆိုပြီးတော့ ဓါးနဲ့ ကျနော့် လည်ဂုတ်ကို လှီးဖို့လုပ်တယ်”ဟု အမှုဖွင့်ထားသူ ဦးချစ်စမ်းမောင်က ရှင်းပြသည်။

ALA တပ်ဖွဲ့ဝင်များဖြစ်သည့် ဗိုလ်မှူးခိုင်နိုင်လင်း၊ ဗိုလ်ကြီးခိုင်အောင်လင်းနှင့် ခိုင်ပြည်သိန်း တို့ကို ကျိန္တလီမြို့ အပိုင် ဘိုကလေးကျေးရွာသားအချို့နှင့် သက်ဆိုင်ရာအာဏာပိုင်များက ရာဇသတ်ကြီးပုဒ်မ-၂၉၄ ၊ ၃၅၂ ၊ ၅၀၆၊ ၁၁၄ ၊ ရေအရင်းအမြစ်ဥပဒေပုဒ်မ-၂၆ တို့အပြင် ဆေးကောင်စီဥပဒေပုဒ်မ-၅၈ တို့ဖြင့် အမှုဖွင့်လှစ်ထာကြောင်း စခန်းမှူးကပြောသည်။

လက်ရှိအချိန်၌ အမှုဖွင့်ခံထားရသူများ ထွက်ပြေးတိမ်းရှောင်နေကြ၍ ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်း ၎င်းက ဆက်၍ပြောသည်။

ရခိုင်ပြည်လွတ်မြောက်ရေတပ်မတော်(ALA)စစ်ရေးကော်မတီက ဗိုလ်မှူးကြီးခိုင်စိုးမြက အဆိုပါနေရာတွင် သဲ၊ ကျောက်လုပ်ငန်း လုပ်ကိုင်နေကြသည်မှာ ၎င်းတို့တပ်ဖွဲ့များသာမဟုတ်ဘဲ ဒေသခံများပါ လုပ်ကိုင်နေကြခြင်း ဖြစ်ကြောင်း ပြောသည်။

“အဲဒီမှာလုပ်နေတာ ကျနော်တို့လူတွေတင်မဟုတ်ဘူး၊ ရွာသားတွေလည်းပါတယ်။ ရွာသားတွေလုပ်လို့ ကျနော် တို့လည်း လုပ်လို့ရတယ်ထင်ပြီးလုပ်တာ။ ရွာသားတွေကို တရားမစွဲဘဲနဲ့ ကျနော်တို့ရဲဘော်တွေကို တရားစွဲတော့ တမင် တရားစွဲသလိုဖြစ်နေတယ်”ဟု ၎င်းကဆက်၍ပြောသည်။

ယင်းသို့ အမှုဖွင့်လှစ်ထားခြင်းနှင့်ပတ်သက်၍လည်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီအနေဖြင့် ပြည်နယ်အစိုးရ နှင့် သက်ဆိုင်ရာအာဏာပိုင်များကို ရုပ်သိမ်းပေးရန် တောင်းဆိုထားကြောင်း ဗိုလ်မှူးကြီးခိုင်စိုးမြကဆိုသည်။

အိန္ဒိယ - ရခိုင် ကုန်သွယ်ရေး လမ်းကြောင်းတစ်နေရာအား ၂၀၂၅ ခုနှစ် အတွင်းက တွေ့ရစဉ်။ / Photo Crd - DMG
September 19, 2026
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းရှိ ခယ်ခုံဂိတ် အငြင်းပွားမှုတွင် ပါဝင်သည့်...
စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များကို တွေ့ရစဉ်။ / GETTY IMAGES
September 18, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ စစ်အုပ်စုတပ်၏ ယခင် တပ်စခန်းဟောင်းနေရာများကို စစ်အုပ်စုတပ်က...
ရသေ့တောင်မြို့ဝင် ဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / Crd
September 17, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် နယ်နိမိတ် ထိစပ်နေသည့် ရသေ့တောင်မြို့နယ်၊ မေယုတောင်တန်းအနီးရှိ...
စစ်အုပ်စုတပ်၏ ဂျက်ဖိုက်တာများ စစ်ရေးလေ့ကျင့် ပျံသန်းနေစဉ်။ / MOI
September 17, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ စစ်တွေနယ်စပ် ပုဏ္ဏားကျွန်းမြို့နယ်ရှိ...