ဘုုံသဘောထား ရပ်တည်ချက်ဖော်ထုတ်နိုင်ရေးအတွက် “ချင်းအမျိုးသားရေး” ကုုိ ဦးထိပ်ထားကြရမည် – CNF ဥက္ကဌ

ဘုုံသဘောထား ရပ်တည်ချက်ဖော်ထုတ်နိုင်ရေးအတွက် “ချင်းအမျိုးသားရေး” ကုုိ ဦးထိပ်ထားကြရမည် – CNF ဥက္ကဌ
by -
ခိုနူမ်းထုန်
ချင်းပြည်နယ် ထန်တလန်မြို့တွင် ယနေ့စတင်ကျင်းပသော ချင်းအမျိူးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွင် ချင်းလူမျိူးများ၏ ဘုံသဘောထားရပ်တည်ချက်ရရှိနိုင်ရေးအတွက် ပါတီနုုိင်ငံရေး၊ အဖွဲ့ အစည်းနုုိင်ငံရေးနှင့် တသီးပုုဂ္ဂလအမြင်များအား ရှေ့တန်းမတင်ဘဲ “ချင်းအမျိုးသားရေး” ကုုိ ဦးထိပ်ထား ကြရမည်ဟု ချင်းအမျိူးသားတပ်ဦး CNF ဥက္ကဌ ပူးဇင်ကျူံးက ပြောသည်။

“ချင်းအမျိုးသားနုုိင်ငံရေးဆွေးနွေးပွဲပြုလုုပ်ခြင်းသည် ဒီမုုိကရေစီရေး၊ အမျိုးသားတန်းတူရေး နဲ့ ကုုိယ်ပုုိင်ပြ ဋ္ဌာန်းခွင့် အခွင့်အရေးများ အာမခံချက်များအပြည့်အဝရှိပြီး ဒီမုုိကရေစီ နဲ့ ဖက်ဒရယ်စနစ်တိုု့ကုုိ အခြေခံတဲ့ ပြည်ထောင်စုုတည်ဆောက်နုုိင်ရေးအတွက် ချင်းလူမျိုးတုုိ့ရဲ့ ဘုုံသဘောထား ရပ်တည်ချက်များကုုိ ဖော်ထုုတ်ဖုုိ့ ဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲကနေ ချင်းအမျိုးသားတပ်ဦး၊ တရားဝင်ချင်းနုုိင်ငံရေးပါတီများ၊ ချင်းအရပ်ဘက် လူ့အဖွဲ့အစည်းများ၊ ချင်းပြည်သူများအကြား အပြန်အလှန်နားလည်မှု၊ ယုုံကြည်မှုနဲ့ သွေးစည်းညီညွတ်မှုကုုိ ပုုိမုုိအားကောင်းလာစေမှာ ဖြစ်တယ်လုုိ့ ယုုံကြည်ပါတယ်။ ပါတီနုုိင်ငံရေး၊ အဖွဲ့ အစည်းနုုိင်ငံရေးနဲ့ တသီးပုုဂ္ဂလအမြင်များကုုိ ရှေ့တန်းမတင်ဘဲ “ချင်းအမျိုးသားရေး” ကုုိ ဦးထိပ်ထား ကြရမှာ ဖြစ်ပါတယ်’’ ဟု ချင်းအမျိူးသားအဆင့်နို်င်ငံရေးဆွေးနွေးပွဲ ပထမနေ့ သဘာပတိလည်းဖြစ်သည့် ပူးဇင်ကျူံးက အဖွင့်မိန့်ခွန်းတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

ချင်းအမျိူးသားအဆင့် နို်င်ငံရေးဆွေးနွေးပွဲကို ထန်တလန်မြို့ နှစ်ခြင်းခရစ်ယာန်အသင်းခန်းမတွင် ယနေ့(ဖေဖော်ဝါရီ ၂၇)တွင်စတင်ကျင်းပနေကြခြင်းဖြစ်ပြီး မတ်လ (၁) နေ့အထိ ကျင်းပကြမည်ဖြစ်သည်။

ရေရည်တည်တံ့သည့် ဖက်ဒရယ် ဒီမိုကရေစီတည်ဆောက်နိုင်ရန် ယခုဆွေးနွေးပွဲတွင် ညီအကိုရင်း စိတ်ဓိတ်ကို အခြေခံပြီး ပွင့်ပွင့်လင်းလင်းဆွေးနွေးကြရန်၊ မတူကွဲပြားသည့် အမြင်များကို ပြန်လည် ညှိနှိုင်းကာ တူညီသည့် သဘောထားများကို စုစည်းကာ ရရှိလာသည့် ရလဒ်အပေါ်မှာလည်း တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်အဝထားရှိကြရန် CNF ဥက္ကဌက ပြောဆိုခဲ့သည်။

ထို့အပြင် တစ်နုုိင်ငံလုုံး ပစ်ခတ် တုုိက်ခုုိက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကုုိ လက်မှတ်ထိုးထားသော အဖွဲ့အစည်းတစ်ချိူ့အမျိူးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကျင်းပခွင့်မရှိသေးမှု၊ (NCA) စာချူပ် လက်မှတ်ရေးထုုိးထားခြင်း မရှိသေးသည့်အဖွဲ့အစည်းတစ်ချိူ့နှင့် စစ်ရေးအရ တုုိက်ခုုိက်မှုများ ဖြစ်ပွားလျက်ရှိနေခြင်းသည် ငြိမ်းချမ်းရေးရရှိနိုင်ရေး အတွက် ကောင်းသောလုုပ်ဆောင်မှုမဟုုတ်သကဲ့သို့ NCA နှင့်သဟဇာတမဖြစ်ကြောင်း ပူးဇင်ကျူံးက အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။

“NCA ရဲ့ အခြေခံမူမှာပါရှိတဲ့အတုုိင်း လက်နက်ကုုိင်ပဋိပက္ခ အဆုုံးသတ်နုုိင်ရေးအတွက် တစ်နုုုုိင်ငံလုုံးပစ်ခတ် တုုိက်ခုုိက်မှုရပ်စဲရေးကုုိ ဦးစွာဆောင်ရွက်ရမှာဖြစ်တဲ့အတွက် နှစ်ဦးနှစ်ဖက် ပစ်ခတ်တုုိက်ခုုိက်မှုများကုုိ ရပ်စဲ ပြီး NCA လက်မှတ်ရေးထုုိးနုုိင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ဖုုိ့ အထူးလုုိအပ်ပါတယ်။ ဒါမှသာ ပြည်ထောင်စုုတဝန်းလုုံးမှာ အမျိုးသားအဆင့်နုုိင်ငံရေးဆွေးနွေးပွဲများကုုိ ကျင်းပပြုလုုပ်နုုိင်ကြမှာဖြစ်ပြီး ပြည်ထောင်စုုငြိမ်းချမ်းရေးညီလာခံမှာလည်း ပါဝင်သင့်ပါဝင်ထုုိက်သူ အားလုုံးပါဝင်လာနုုိင်ကြမှာ ဖြစ်ပါ တယ်။ ညီလာခံကထွက်လာတဲ့ “ပြည်ထောင်စုုသဘောတူစာချုပ်” သည်လည်း အားကောင်းပြီး ခုုိင်မာမှု ရှိမှာ ဖြစ်ပါတယ်’’ ဟု ပူးဇင်ကျူံးကပြောသည်။

ချင်းအမျိူးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွင် ချင်းအမျိုး သားတပ်ဦး၊ အချိုချင်းအမျိုးသားပါတီ၊ ချင်းဒီမိုကရေစီအဖွဲ့ချုပ်၊ ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ၊ ချင်း တိုးတက်ရေးပါတီ၊ တိုင်းရင်းသား လူမျိုးစုများ ဖွံ့ဖြိုးရေးပါတီ၊ ခူမီး အမျိုးသားပါတီ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ဇိုတိုင်းရင်းသား ဒေသဖွံ့ဖြိုးရေးပါတီနှင့် ချင်းအရပ်ဖက် လူ့အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ အခြားဖိတ်ကြားသူများ အပါအဝင် ကိုယ်စားလှယ် (၄၀၀) ကျော်ခန့် တက်ရောက် လျက်ရှိကြပြီး လုံခြံုရေးကိစ္စမှလွဲ၍ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်တို့အား ဆွေးနွေးသွားကြမည်ဖြစ်သည်။

ထိုမှတဆင့် ထွက်ရှိလာသော ချင်းလူမျိူးများ၏ ဘုံသဘောထားရပ်တည်ချက်ကို မကြာခင်ပြန်လည်ကျင်းပမည့် ၂၁ ရာစုပင်လုံညီလာခံ ဒုတိယအကြိမ်အစည်းအဝေးတွင် ပြန်လည်တင်ကြမည်ဖြစ်သည်။

Most read this week

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...