ပြည်ပမှပြန်လာသူများ မဲပေးခွင့်မဆုံးရှုံးစေရန် ပြည်လည်စိစစ်

ပြည်ပမှပြန်လာသူများ မဲပေးခွင့်မဆုံးရှုံးစေရန် ပြည်လည်စိစစ်
မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက် (MNA)
မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက် (MNA)

ရန်လင်းအောင် — Covid 19 ကာလအတွင်း ပြည်ပမှပြန်လည်ရောက်ရှိလာသည့် ရွေ့ပြောင်းအလုပ်သမားများ မဲပေးခွင့် မဆုံးရှုံးစေရန် မဲစာရင်းတွင် ပါဝင်မှုရှိမရှိကို ပြန်လည်စိစစ်နေသည်ဟု မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက်က ပြောသည်။

“မဲစာရင်းနဲ့ ပတ်သက်ပြီးတော့ သက်ဆိုင်တဲ့ လဝက နဲ့ ထွေအုပ်က စာရင်းယူတယ် မဲစာရင်းမှာ ပါပြီးပြီလား မပါသေးရင် စိစစ်ပြီးထည့်တယ် မဲပေးခွင့် မဆုံးရှုံးအောင် အစကတည်းက စိစစ်ပြီး တစ်ဖက်နိုင်ငံမှာ အလုပ်သွားလုပ်လို့ ဒီမှာ အိမ်ထောင်စုစာရင်းရှိရင် ထည့်ပေးထားပြီးသား တစ်ချို့ကျန်သွားမှာစိုးလို့ စိစစ်ဆောင်ရွက်နေတဲ့ အပိုင်းလေးတွေ လုပ်တာဖြစ်ပါတယ်  ” ဟု ၎င်းကဆိုသည်။

မွန်ပြည်နယ်သို့ ပြန်လည်ဝင်ရောက်လာသူ ၅၅၀၀ ကျော်ကို မေလ နောက်ဆုံးအပတ်မှ စတင်စိစစ်နေပြီး စာရင်းပါဝင်ခြင်းမရှိပါက ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲမှ ပြန်လည်ဖြည့်သွင်းပေးမည်ဟု ဦးဟိဏ်းလင်းထက်က ဆိုသည်။

Covid 19 ကာလအတွင်း ထိုင်းနိုင်ငံမှ မွန်ပြည်နယ်သို့ နေရပ်ပြန်လာသူများကို CBFQ တွင် ၂၁ ရက် အသွားအလာကန့်သတ်မှုများ ပြုလုပ်ထားရာတွင် ဇွန်လ ပထမပတ်အထိ ဦးရေ ၁ သောင်းခွဲ ခန့် ရှိနေသည်ဟု မွန်ပြည်နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန စာရင်းအရ သိရသည်။

လက်ရှိစာရင်းအရ မွန်ပြည်နယ်တွင် မဲပေးခွင့်ရှိသူ ၁၇ သိန်း ၄ သောင်းကျော်ရှိနေပြီး တပ်မတော်သားနှင့် အတူနေ မိသားစုဝင်များ စာရင်းမပါသေးကြောင်း၊ မွန်ပြည်နယ်တွင် စုစုပေါင်းမဲရုံ ၉၅၈ ရုံ ထားရှိမည်ဖြစ်ကြောင်း မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။

May 22, 2026
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ မုဒုံ-ဘုရားသုံးဆူ ကားလမ်းပိုင်းတွင် ဇမိမြစ်ရေ...
May 21, 2026
ထိုင်း-မြန်မာနယ်စပ်၊ တနင်္သာရီတိုင်း၊ မောတောင်မြို့ကို စစ်ကောင်စီအဖွဲ့များက ဒေသခံများကို...
May 20, 2026
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်ကျေးရွာမှ ရေလုပ်သားအဖွဲ့များ ငါးဖမ်းရာသီရပ်နားထားသဖြင့် ...
May 19, 2026
မွန်ပြည်နယ်တွင် ကွမ်းသီးအနု ဈေးကောင်းရရှိနေခြင်းကြောင့် အသီးခူဆွတ်ရောင်းချမှုများ၍ ရေရှည်တွင်...