အကိုဖြစ်သူ သေနတ်ဆော့ရာမှ ညီ သေဆုံး

အကိုဖြစ်သူ သေနတ်ဆော့ရာမှ ညီ သေဆုံး

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်အတွင်းတွင် စစ်ရှောင်မိသားစုတစ်စုမှ အစ်ကိုဖြစ်သူက လက်လုပ်သေနတ်ကိုင်ဆော့ရာမှ မတော်တဆ ကျည်ဆံထွက်ကာ အိပ်နေသော အသက် ၁၁ နှစ်အရွယ် ညီဖြစ်သူကို ထိမှန်ပြီး သေဆုံးသွားခဲ့ကြောင်း ရွာသားများက ပြောသည်။

ယခုလ ၈ ရက်နေ့ နံနက်စောစောတွင် အဖေဖြစ်သူ အပြင်သွားနေစဉ် သားအကြီးက လက်လုပ်သေနတ်ကို ယူဆော့ရာမှ ဖြစ်သွားရခြင်းဖြစ်ကြောင်း ရွာသားတစ်ဦးက ပြောသည်။

“သူတို့အဖေက အပြင်သွားလိုက်တယ်။ သားကြီးက လက်လုပ်သေနတ်ကို ယူပြီး ကိုင်ဆော့နေတာ မတော်တဆကျည်ဆံထွက်ပြီး အိပ်နေတဲ့ ညီရဲ့ ခေါင်းကို ကျည်ဆံမှန်ပြီး ချက်ချင်း သေဆုံးသွားတာ”

သေဆုံးသွားသော မောင်ဒွဲဂျာကို ဗန်းမော် ဆေးရုံတွင် ခွဲစိတ်ကာ ဇွန်လ ၈ရက်နေ့မှာပင် သဂြိုလ်လိုက်ကြောင်း ရွာသားများက ပြောသည်။

သေဆုံးမှုနှင့် ပတ်သက်၍ ဖခင် ဖြစ်သူ ဦးဖောက်လု နော်ဆန့်ကို ဗန်းမော်ထောင်တွင် ဖမ်းဆီးထားပြီး သေနတ်ကိုင်တွယ် ဆော့ကစားသော အကိုဖြစ်သူကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့သည်။

ဖခင် ဖြစ်သူက ရွာလူကြီးများအား ပြောပြချက်အရ ဇွန်လ ၇ ရက်နေ့ညတွင် ဖားရိုက်သွားသော သားကြီးဖြစ်သူက သေနတ်တလက်တွေ့ရှိသဖြင့် အိမ်သို့ယူလာခဲ့ကြောင်း နောက်မနက် ဖခင်မရှိသည့် အချိန်တွင် ဝှက်ထားသော သေနတ်ကို ထုတ်ဆော့စဉ် ကျည်ဆံထွက်သွားခြင်းဖြစ်ကြောင်း သိရသည်။

ဇွန်လ ၉ရက်နေ့တွင် သားအကြီးကို စစ်ဆေး မေးမြန်းမှုများ ပြုလုပ်ခဲ့ပြီး ဖခင်ဖြစ်သူကို ကျေးရွာဥက္ကဌ ထောက်ခံချက်ဖြင့် အာမခံ ပေးထားသည်ဟု မံစီမြို့က ဒေသခံတစ်ယောက်ထံက ပြောသည်။

May 15, 2026
မိုးရက်ဆက်ရွာသွန်းမှုကြောင့် ရှမ်းအရှေ့ပိုင်း ရော်ဘာခြံလုပ်သားများ စားဝတ်နေရေး ခက်ခဲလာနေသည်ဟု...
May 14, 2026
မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ခြင်းသည် ငြိမ်းချမ်းရေးနှင့် ပိုမို အလှမ်းဝေး သွားစေမည်ဖြစ်သည့်အပြင်...
CTER-Karenni
May 12, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ခြမ်းတွင် စစ်တပ် စစ်ကြောင်းက စစ်ရှောင်စခန်းကို...
ပုံဟောင်း
May 11, 2026
မြန်မာနိုင်ငံအနှံ့အပြားတွင် လေကြောင်းတိုက်ခိုက်မှုများနှင့် စစ်ရေးပဋိပက္ခများ...