ချင်းနိုင်ငံရေးပါတီများလက်တွဲဆောင်ရွက်ရေး မဟာဗျူဟာတစ်ရပ်ရေးဆွဲမည်

ချင်းနိုင်ငံရေးပါတီများလက်တွဲဆောင်ရွက်ရေး မဟာဗျူဟာတစ်ရပ်ရေးဆွဲမည်
by -
ခိုနူမ်းထုန်
နို၀င်ဘာလ ဆန်းပိုင်းတွင် ကျင်းပဖွယ်ရှိသော ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် ချင်းနိုင်ငံရေးပါတီများအချင်းချင်း ထိရောက်စွာ လက်တွဲဆောင်ရွက်နိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ လက်တွဲဆောင်ရွက်ရေးမဟာဗျူဟာ တစ်ရပ်ရေး ဆွဲချမှတ်ကြမည်ဟု ရန်ကုန်မြို့ တော်ဝင်ဂါးဒင်း ဟိုတယ်တွင် မေလ ၁၅-၁၆ ရက်အထိ ၂ ရက်တာကျင်းပပြုလုပ်သော ချင်းမိသားစုနိုင်ငံရေးပါတီများ ဒုတိယအကြိမ်မျက်နှာစုံညီတွေ့ဆုံဆွေးနွေးပွဲတွင် ဆုံးဖြတ်ခဲ့ကြသည်။

ယင်းမဟာဗျူဟာမူကြမ်းကို ရေးဆွဲရန်အတွက် ချင်းနိုင်ငံရေးပါတီ တစ်ခုချင်းစီမှ ကိုယ်စားလှယ်တစ်ဦးစီပါ၀င်သော မူကြမ်း ရေးဆွဲကော်မီတီကို ဖွဲ့စည်းတာဝန်ပေးအပ်မည်ဖြစ်ပြီး အဆိုပါကော်မတီမှရေးဆွဲသော မူကြမ်းကို လာမည့် တတိယ အကြိမ်မြောက် ချင်းမိသားစုနိုင်ငံရေး ပါတီများ မျက်နှာ စုံညီတွေ့ဆုံဆွေးနွေးပွဲတွင် ဆွေးနွေးအတည်ပြုကြမည်ဖြစ်သည်။

Gender and Development Initiative – Myanmar အဖွဲ့မှ တာဝန်ယူကျင်းပပေးခဲ့သော ယင်းတွေ့ဆုံဆွေးနွေးပွဲတွင် ချင်းနိုင်ငံရေးပါတီများ ဖြစ်ကြသော ခူမီး(ခမီး)အမျိူးသားပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ ချင်းဒီမိုကရေစီအဖွဲ့ချူပ်၊ ချင်းအမျိူး သားဒီမိုကရက်တစ်ပါတီ၊ တိုင်းရင်းသားလူမျိူးစုများ ဖွံ့ဖြိုးရေးပါတီ၊ မြိုတိုင်းရင်းသားပါတီ၊ မြိုတိုင်ရင်းသားဖွံဖြိုးရေးပါတီနှင့် အရှိုချင်းအမျိူးသားပါတီ စုစုပေါင်း ပါတီ (၈)ခုတက်ရောက်ခဲ့ကြသည်။

ယခုဒုတိယအကြိမ်မြောက် ချင်းမိသားစုနိုင်ငံရေး ပါတီများ မျက်နှာစုံညီတွေ့ ဆုံဆွေးနွေးပွဲတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်  ခိုက်မှု ရပ်စဲရေးသဘောတူ စာချူပ်မူကြမ်းနှင့်  နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေး ကိစ္စ၊ ၂၀၁၄ ခုနှစ် အိမ်နှင့် လူဦးရေ အကြောင်းပါ သန်းခေါင်စာရင်းကိစ္စ၊  ရခိုင့်တပ်မတော်နှင့် အစိုးရတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ချင်းမျိူးနွယ်စုဝင် ဒေသခံများ ထိခိုက်ခံစားရသည့်ကိစ္စ စသည်တို့ကိုလည်း ဆွေးနွေးခဲ့ကြပြီး အချက်ပေါင်း (၁၂) ချက် သဘောတူညီချက် ရရှိခဲ့ကြသည်။

တတိယအကြိမ်မြောက် မျက်နှာစုံညီတွေ့ဆုံဆွေးနွေးပွဲကို လာမည့် ဇူလိုင်လအတွင်း ကျင်းပပြုလုပ်ကြမည်ဟုသိရသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...