မောင်တော- ဘူးသီးတောင်မြို့နယ်စပ်တွင် ဓါးဖြင့် တိုက်ခိုက်ခံရ၍ တစ်ဦးဒဏ်ရာရ၊ တစ်ဦးပျောက်နေ

မောင်တော- ဘူးသီးတောင်မြို့နယ်စပ်တွင် ဓါးဖြင့် တိုက်ခိုက်ခံရ၍ တစ်ဦးဒဏ်ရာရ၊ တစ်ဦးပျောက်နေ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ကျောက်စာတိုင်ကျေးရွာမှ ခမီ လူမျိုးနှစ်ဦးသည် တောထဲတွင်ဟင်းစားရှာရန် သွားစဉ် လူ ၃ ဦးမှ ပုဆိန်၊ ဓါးများဖြင့် ၀င်ရောက်တိုက်ခိုက်သဖြင့် တစ်ဦး ဒဏ်ရာရရှိပြီး ကျန်တစ်ဦးမှာ ပျောက်ဆုံးနေကြောင်း သတင်း ရရှိသည်။

“ ဖြစ်တာက ဘူးသီးတောင်မြို့နယ် ကျောက်စာတိုင်ရွာကနေ မောင်တောမြို့နယ် သရေကုန်ဘောင် လာတဲ့ တောင်ကျော်လမ်းမှာ ဘင်္ဂလီလူမျိုး သုံးဦးက လာရောက် တိုက်ခိုက်တာ ဖြစ်ပါတယ်။ အောင်ကျော်စိန် ဆိုတဲ့ ခမီအမျိုးသားမှာ ဒဏ်ရာရတဲ့ အတွက် ဘူးသီးတောင်မြို့နယ် ဆေးရုံကို တင်ပို့ခဲ့ရတယ်။ နောက်တစ်ယောက်က ပျောက်ဆုံးနေပါတယ်” ဟု ဦးအောင်ကျော်စိန်ကို သွားရောက် သတင်းမေးခဲ့သူ ဒေသအတွင်းမှ သတင်းထောက် တစ်ယောက်က နိရဥ္စရာသို့ ပြောကြားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ဘူးသီးတောင်မြို့နယ် ရဲမှူးသို့ ဖေဖော်ဝါရီ ၂၅ ရက်နေ့ကတည်းက နိရဥ္စရာမှ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာ ၎င်းနယ်မြေမှာ နယ်ခြားစောင့် ရဲတပ်ဖွဲ့ အပိုင်ဖြစ်သဖြင့် မိမိတို့ သတင်း မရရှိသေးကြောင်း၊ သတင်းရရှိပါက ပြန်လည် ပြောကြားမည်ဟု မြို့နယ်မှူးက ပြန်လည် ဖြေကြားပြောဆိုခဲ့သည်။

ဆေးရုံတက်ရသူ ဦးအောင်ကျော်စိန်မှာ နေကောင်းသွားပြီ ဖြစ်သဖြင့် ယမန်နေ့ကတည်းက ဆေးရုံမှ ဆင်းသွားပြီဟု သိရသည်။

အဆိုပါ ဓါးခုတ်ခံရမှု သတင်းနှင့် ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ မှ ယနေ့ သတင်းထုတ်ပြန်ရာတွင် ဒဏ်ရာရ၍ ဆေးရုံတင်ရသူမှာ ခမီ လူမျိုး အောင်ကျော်စိန်(၄၆)နှစ် ဖြစ်ပြီး ယာကျော တွင် ပြတ်ရှဒဏ်ရာ (၁)ချက် (မစိုရိမ်ရ) ရရှိခဲ့သဖြင့် ဘူးသီးတောင်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း၊ ခမီးလူမျိုး ထွန်းသာမောင် (၂၈)မှာ ပြန်လည်ရောက်ရှိ လာခြင်းမရှိသဖြင့် လုံခြံုရေးအဖွဲ့များနှင့် ပူးပေါင်း အဖွဲ့များ က လိုက်လံ ရှာဖွေလျက်ရှိကြောင်း ဖော်ပြထားသည်။

၎င်းဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၄ ရက် ညနေ ၄ နာရီ ခန့်က မောင်တောမြို့နယ် သရေ ကုန်ဘောင် (နတလ) ကျေးရွာ အနီး တောစပ်၌ ဖြစ်ပွားခဲ့ခြင် ဖြစ်ပြီး ၎င်းခမီး ၂ ဦးသည် ဟင်းစားရှာရန် တောထဲသို့ လာရောက်ခြင်း ဖြစ်ပြီး ထမင်းစားရန်ပြု လုပ်နေစဉ် အမည်မသိ (စိစစ်ဆဲ) လူ ၃ ဦးက ပုဆိန်၊ ဓားများဖြင့် လာရောက် ခုတ်ခြင်းဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။

အဆိုပါ ပုဆိန် ဓားတို့ဖြင့် တိုက်ခိုက်သူများအား ဖမ်းဆီးရမိရေး ဆောင်ရွက် လျက် ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...