နိုင်ငံတော်သည် ဖြစ်တည်မှု မရှိသေးဘဲ မြေပုံအဆင့်သာရှိသေးသည်ဟု ၈၈ မျိုးဆက်ခေါင်းဆောင် ဦးကိုကိုကြီးပြော

နိုင်ငံတော်သည် ဖြစ်တည်မှု မရှိသေးဘဲ မြေပုံအဆင့်သာရှိသေးသည်ဟု ၈၈ မျိုးဆက်ခေါင်းဆောင် ဦးကိုကိုကြီးပြော
by -
နိရဥ္စရာ
ပြည်ထောင်စုမြန်မာနိုင်ငံဟု ခေါ်ဆိုနေကြသော်လည်း နိုင်ငံတော်သည် ဖြစ်တည်မှု မရှိသေးဘဲ မြေပုံအဆင့်သာ ရှိသေးသည်ဟု ၈၈ မျိုးဆက်ခေါင်းဆောင် ဦးကိုကိုကြီးက ပြောသည်။

မြောက်ဦးမြို့တွင် ပြုလုပ်နေသော “ မြောက်ဦီးမြို့နယ်လုံးဆိုင်ရာ လူငယ်တွေ့ဆုံပွဲ” တွင် ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့က ယင်းသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

“နိုင်ငံတော်လို့သာ ပြောနေကြတယ်၊ မြန်မာနိုင်ငံမှာ နိုင်ငံတော်ဆိုတာ ဖြစ်တည်မှုမရှိသေးဘဲ မြေပုံအဆင့်သာ ရှိပါသေးတယ်။ မြန်နိုင်ငံလွတ်လပ်ရေးရပြီး ၁၀ နှစ်အကြာမှာ နိုင်ငံတော် ချောက်ထဲမကျအောင် ကယ်တင်ခဲ့ရတယ်ဆိုပြီးတော့ တပ်မတော်က နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ကြတယ်။ ဒီနေ့အချိန်အခါမှာ နိုင်ငံဟာ ချောက်ထဲကျရုံမဟုတ်ဘဲ အဝိစိအောက် ရောက်နေပါပြီ”ဟု ဦးကိုကိုကြီးက ပြောသည်။

မြန်မာနိုင်ငံတွင် ပထမမြန်မာနိုင်ငံ၊ ဒုတိယမြန်နိုင်ငံ၊ တတိယမြန်မာနိုင်ငံဟု မြန်မာ့သမိုင်းတွင်ရှိခဲ့သော်လည်း ယင်းဖြစ်တည်မှုများကို တိုင်းရင်းသားများ အနေဖြင့် ယနေ့ထက်ထိ လက်ခံမှု မရှိသေးဟု ဆိုသည်။

အစိုးရအဆက်ဆက်၏ အုပ်ချုပ်မှုညံ့ဖျင်းသောကြောင့် မြန်နိုင်ငံသည် ဆင်းရဲမွဲတေ နေရကြောင်း၊ ရခိုင်ပြည်နယ်တွင် သဘာဝသယံဇာတ ပေါကြွယ်ဝ၍ ယင်းရင်းမြစ်များကို အသုံးချခွင့်ရှိပါက ပြည်နယ်တိုးတက်မည့်အပြင် အခြားပြည်နယ်များကိုပါ ကူညီပံ့ပိုးနိုင်မည်ဖြစ်ကြောင်း၊ သို့သော် မိမိပြည်နယ်မှ ထွက်ရှိသော သယံဇာတများကို အသုံးချခွင့်မရ၍ ဒုတိယအဆင်းရဲဆုံး ပြည်နယ်ဖြစ်နေရသည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာ ဖြစ်တည်နေခဲ့သော ပြဿနာများကိုဖြေရှင်းပြီး တိုင်းရင်းသားများအတွက် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် လွှတ်တော် အတွင်း/ အပြင် ဆွေးနွေးအဖြေရှာရမည်ဟု ဦးကိုကိုကြီးက ပြောကြားခဲ့သည်။

မြောက်ဦးလူငယ်များ အစည်းအရုံးမှ ဦးဆောင်ပြီး ပြုလုပ်နေသော “ မြောက်ဦီးမြို့နယ်လုံးဆိုင်ရာ လူငယ်တွေ့ဆုံပွဲ” ကို ဒေါက်တာ ကျော်ရင်လှိုင် ဦးဆောင်သည့် ကွဲပြားခြားနားမှုနှင့် အမျိုးသားများ သဟဇာတ ဖြစ်မှုဆိုင်ရာ လေ့လာရေးအဖွဲ့ Center for Diversity and National Harmony (CDNH) ၏ ပံ့ပိုးကူညီမှုဖြင့် ၃ ရက်ကြာ ပြုလုပ်နေကြောင်း သိရသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...