တိုင်းတစ်ပါး မစွန့်ခွာရေး ရည်ရွယ်ချက်ဖြင့် ရခိုင်ပြည်နယ်တွင် ပထမဦးဆုံး အထည်ချုပ်စက်ရုံ ဖွင့်လှစ််

တိုင်းတစ်ပါး မစွန့်ခွာရေး ရည်ရွယ်ချက်ဖြင့် ရခိုင်ပြည်နယ်တွင် ပထမဦးဆုံး အထည်ချုပ်စက်ရုံ ဖွင့်လှစ််
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ပထမဦးဆုံး ပုဂ္ဂလိက အထည်ချုပ်(Smart)စက်ရုံတစ်ရုံကို ယနေ့ ဖေဖော်ဝါရီလ ၂၅ ရက် ဖွင့်လှစ်ခဲ့သည်။

၎င်းစက်ရုံကို ယနေ့ နံနက်၈ နာရီတွင် ရခိုင်ပြည်နယ် ၀န်ကြီးချုပ် မှ တက်ရောက်ပြီး ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။

အထည်ချုပ်စက်ရုံသည် စစ်တွေမြို့ဆတ်ရိုးကျ ရပ်ကွက်တွင် တည်ရှိပြီး ဒေသအတွင်း ပြန်လည် နေရာချ ထားရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကော်မတီနှင့် ရခိုင်ပြည်နယ် အစိုးရတို့၏ အစီအစဉ်ဖြင့် မာန်အောင်မြို့မှ လုပ်ငန်း ပိုင်ရှင် တစ်ဦးဖြစ်သူ ဦးမင်းဇော် မှ တည်ထောင်ခြင်း ဖြစ်ကြောင်း သိရသည်။

“ ရခိုင်ပြည်နယ်မှာရှိတဲ့ မိန်းကလေးတွေ အလုပ်အကိုင်မရှိတဲ့အခါ တိုင်းတစ်ပါးမှာ သွားပြီး အလုပ်လုပ်နေကြရတယ်။ သူတို့လေးတွေကို ဆွေးမျိုးသားချင်းတွေနဲ့ အတူတူနေနိုင်အောင် အဓိက ရည်မှန်းပြီးတော့ တည်ဆောက်တာပါ” ဟု စမတ်(smart) စက်ရုံပိုင်ရှင် ဦးမင်းဇော် ကပြောသည်။

ထို အထည်ချုပ် စက်ရုံတွင် အလုပ်သမား ၈၂ ဦးရှိပြီး နယ်မှ လာရောက်အလုပ်သမားများအား အဆောင်တွင် အခမဲ့ ထားရှိမည်ဖြစ်ကာ အလုပ်သမားများအား ကျား၊ မ မရွေး လာရောက် လက်ခံမည် ဟုလည်းသိရသည်။

အဆိုပါ ရခိုင်ပြည်နယ်တွင် ပထမဦးဆုံး အထည်ချုပ် စက်ရုံ ဖြစ်သည်။

မြန်မာနိုင်ငံ လွတ်လပ်ရရှိသည်မှာ (၆၉) နှစ် ရှိခဲ့ပြီ ဖြစ်သော်လည်း ရခိုင်ပြည်နယ်သည် ( သုံးစားမရသော ကျောက်တော် သကြားစက်အို စက်ဟောင်း တစ်လုံးမှအပ) စက်ရုံတစ်ရုံမှ မရှိသော ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းမှ ပြည်နယ် တစ်ခု ဖြစ်သည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...