အကြီးစားစီမံကိန်းတွေ မလုပ်သေးဖို့ အပစ်အရပ်မှာ သဘောတူခဲ့ကြပေမယ့် ကိုဗစ်ကာလမှာ ဆောင်ရွက်လျက်ရှိ

အကြီးစားစီမံကိန်းတွေ မလုပ်သေးဖို့ အပစ်အရပ်မှာ သဘောတူခဲ့ကြပေမယ့် ကိုဗစ်ကာလမှာ ဆောင်ရွက်လျက်ရှိ
ငြိမ်းချမ်းရေးမရသေးခင် ကယား(ကရင်နီ)ပြည်နယ်အတွင်း အကြီးစား စီမံကိန်းလုပ်ငန်းတွေ မလုပ်သေးဖို့ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ငြိမ်းချမ်းရေးစကားဝိုင်းတွေမှာ ဆွေးနွေးခဲ့ကြတဲ့ KNPP နဲ့ ယခင်အစိုးရတို့ မြင်တွေ့ခဲ့ရစဉ်။
ငြိမ်းချမ်းရေးမရသေးခင် ကယား(ကရင်နီ)ပြည်နယ်အတွင်း အကြီးစား စီမံကိန်းလုပ်ငန်းတွေ မလုပ်သေးဖို့ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ငြိမ်းချမ်းရေးစကားဝိုင်းတွေမှာ ဆွေးနွေးခဲ့ကြတဲ့ KNPP နဲ့ ယခင်အစိုးရတို့ မြင်တွေ့ခဲ့ရစဉ်။

အန်ထောနီ — ကရင်နီပြည်အမျိုးသားတိုးတက်ရေးပါတီ(KNPP) နှင့် အစိုးရတို့ ၂၀၁၂ခုနှစ်က ပြည်နယ်အဆင့်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေမှာ အကြီးစားစီမံကိန်းတွေ မလုပ်သေးဖို့ ပါရှိပေမယ့်လည်း လတ်တလောဖြစ်ပွားနေတဲ့ ကိုဗစ်ကာလမှာ ကရင်နီပြည်နယ်အတွင်း အကြီးစားစီမံကိန်းတွေ တည်ဆောက်နေတယ်လို့ ကရင်နီပြည်အရပ်ဖက်အဖွဲ့အစည်းတွေက ဝေဖန်ထောက်ပြကြပါတယ်။

မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု တာဝန်ခံမှုဆိုင်ရာ အရပ်ဖက်မဟာမိတ်အဖွဲ့(MATA)မှ ကယား(ကရင်နီ) ပြည်နယ်၏တာဝန်ခံ ခွန်းအန်းဂျေလို က “လက်ရှိအနေအထားကတော့ ဖယ်ဒရယ်မရမချင်းတော့ အကြီးစားစီမံကိန်းတွေမလုပ်သင့်သေးဘူး ရပ်ဆိုင်းထားပေးပါ။ နောက်တစ်ချိန်ကျရင် ဖယ်ဒရယ်ရတဲ့တစ်နေ့ကျရင် ကျနော်တို့နိုင်ငံမှာလည်း ပညာရှင်တွေအများကြီးပေါ်ထွန်းမယ်လို့ မျော်လင့်ပါတယ်။ အခုချိန်မှာ ကျနော်တို့ပြည်နယ်မှာ အကြီးစားစီမံကိန်းတွေလုပ်ရင်လည်း ကျနော်တို့ပြည်နယ်အတွက်၊ နိုင်ငံအတွက် အကျိုးမရှိပါဘူး ဘာလို့လဲဆိုတော့ တည်ဆောက်တဲ့စီမံကိန်းတွေက ပြည်ပက ဘတ်ဂျက်နဲ့တည်ဆောက်တော့ ပြည်ပကိုပဲ အကုန်လုံးပြန်ပေးတဲ့ခါကျတော့ ပြည်သူတွေအကျိုးမခံစားရတော့ဘူး။” လို့ ပြောပါတယ်။

ကရင်နီပြည်မြေယာမူဝါရှိထားပေမယ့်လည်း အစိုးရဘက်ကအသိအမှတ်မပြုဘဲ အကြီးစားရင်းနှီးမြှပ်နှံမှုလုပ် လုပ်နိုင်ဖို့ကိုသာ ဆောင်ရွက်နေတာကြောင့် မြေယာနဲ ပတ်သတ်တဲ့ ပြဿနာတွေပိုပြီးဖြစ်ပေါ်နေတယ်လို့လည်း ဆိုပါတယ်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နှင့် အစိုးရတို့အကြား ပြည်နယ်အဆင့် ၂၀၁၂ ခုနှစ်က ပစ်ခတ်ရပ်စဲရေး သဘောတူညီထားချက်တွေမှာဆိုရင်လည်း အကြီးစားစီမံကိန်းတွေ မလုပ်သေးဖို့သဘောတူခဲ့ကြပါတယ်။

လက်ရှိမှာတော့ ဒီသဘောတူညီချက်တွေထဲပါတဲ့ စီမံကိန်းအကြီးတွေ ၊ မြေယာ ပြဿနာတွေ ကဏ္ဍတွေပါပေမယ့်လည်း ဥပဒေအတိုင်းသွားနေတာက တိုင်းရင်းသားဒေသတွေနဲ့ မကိုက်ညီဘူးလို့ Kayah Earthrights Action Network – KEAN မှ စောအယ်စေးကပြောပါတယ်။

၎င်းက “ ကျတော်တို့ ဒီ တိုင်းရင်းသားလက်နက်ကိုင်နဲ့ အစိုးရကြားမှာ လွှတ်တော်ပြင်ပကနေ ကျတော်တို့ သဘောတူညီမှုတွေ လုပ်တဲ့အထဲမှာ ကျတော်တို ဒီမြေယာကဏ္ဍလဲပါတယ်။ ဒါပေမဲ့မြေယာဏ္ဍမှာကြည့်လိုက်သဘောတူညီချက်တွေထွက်လာတယ်။ ဒါပေမဲ့ဒါတွေက လက်ရှိဥပဒေအောက်ကနေပဲ သွားမယ့်ဟာဖြစ်နေတယ် ဆိုတော့ ကျတော်တို့ ဒါက လုံး၀ မဖြစ်သင့်တဲ့အရာ တစ်ခုဖြစ်တယ်။” လို့ ပြောပါတယ်။

အကျိုးမရှိတဲ့ လုပ်ငန်းတွေ၊ ဥပဒေတွေကို အရပ်သားအစိုးရနဲ့ လွှတ်တော်ကိုယ်စားလှယ် တွေက ပြည်သူတွေအတွက် ရပ်တည်ပေးပြီး ပြည်သူအကျိုးလုပ်ပေးသင့်တယ်လို့ ကရင်နီပြည်တောင်သူလယ်သမား သမဂ္ဂမှ ကိုဒီးဒီက ပြောပါတယ်။

“ ဆိုတော့ ဥပဒေလို့ပြောရင် ၂၀၀၈ အဓိကပေါ့နော် ၂၀၀၈ အောက်မှာ ဥပဒေပြဌာန်းရတာဖြစ်တဲ့ အတွက်ဘယ်လောက်ပဲ အရပ်သားလွှတ်တော် ကိုယ်စားလှယ်တက်တက်ပေါေ့နာ် သူတို့ ပြည်သူတွေတကယ်လိုချင်တဲ့မြေယာ ဥပဒေကို ပြဌာန်းဖို့ တော့ခက်တယ်ပေါ့နော။ သို့သော် သူတို့ ကနေမှ တကယ်တွန်းတွန်းတိုက်တိုက်ပေါ့နော် စွန့်စွန့်စားစားလုပ်ရင်တော့ရနိုင်တဲ့ အနေအထားတွေအများကြီးရှိတယ်။”လို့ကိုဒီးဒီက ပြောပါတယ်။

ပြည်နယ်အတွင်းလက်ရှိ ခဲသတ္တုတူးဖော်ဖို့အတွက် ကုန်းသာကျေးရွာအုပ်စုအတွင်းမှာရှိတဲ့ မြေလွတ်မြေလပ်မြေရိုင်း မြေဧက ၂၄.၇ ဧက အတွင်းမှာ ဓနပြည့်ဝန်း ကုမ္ပဏီမှ လျှောက်ထားခဲ့ပြီး ဒေသခံတွေ ကန့်ကွက်မှုတွေ ရှိခဲ့တာကြောင့် ကုမ္ပဏီအနေနဲ့နောက်ဆုတ်ခဲ့ရတဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်။

လက်ရှိပြည်နယ်အတွင်း အကြီးစားစီမံကိန်းတွေထဲက တစ်ခုဖြစ်တဲ့ လွိုင်ကော်မြို့နွားလဝိုးကျေးရွာအုပ်စု စက်မှုဇုန်မှာသတ္တုသန့်စင်စက်ရုံတည်ဆောက်နေပြီး ဒီးမော့ဆိုမြို့နယ်မှာတော့အရှေ့တောင်အာရှမှာအကြီးဆုံးဖြစ်တဲ့ ဝက်မွေးမြူးရေးစီမံကိန်း တို့ပဲဖြစ်ပါတယ်။

အဲဒါတွေနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ မေလ ၃၀ ရက်နေ့မှာ COVID- 19 အကျပ်အတည်း၊ ပဋိပက္ခကာလတွင်း ကယား(ကရင်နီပြည်နယ်) ရှိ ဒေသခံများ၏ စိန်ခေါ်မှုနှင့် ခြိမ်းခြောက်မှုများ အခြေအနေကို တိုက်ရိုက်ထုတ်လွင့်သည့်အစီအစဉ်ကို Kayah Earthrights Action Network – KEAN ဖေ့ဘုတ်မှာ ဆွေးနွေးသွားခဲ့ကြပါတယ်။

Most read this week

May 17, 2024
ကရင်နီပြည် (ကယား) ဒေသခံ တွေအနေနဲ့ နိုင်ငံကူးလက်မှတ် ပြုလုပ်တဲ့နေရာမှာ ပြည်နယ်အစိုးရအဖွဲ့ (...
May 17, 2024
ကရင်နီပြည်မှာ ပညာရေးအခွင့်အလမ်းကို ဆုံးရှုံးနေတဲ့ လူငယ်တွေအတွက် ဆေးဝါးဆိုင်ရာ...
May 16, 2024
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ရဲ့ ဥက္ကဌ ခူဦးရယ် အပါအဝင် တိုင်းရင်းသားခေါင်းဆောင်တချို့နဲ့...
May 15, 2024
ကရင်နီပြည်၊ လွိုင်ကော်မြို့၊ နွားလဝိုးကျေးရွာအနီးမှာ တည်ရှိတဲ့ စစ်ကောင်စီရဲ့   (ခလရ...