ရခိုင်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မြောက်ရေး အကြိုရှင်းလင်းပွဲ စစ်တွေတွင်ပြုလုပ်

ရခိုင်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မြောက်ရေး အကြိုရှင်းလင်းပွဲ စစ်တွေတွင်ပြုလုပ်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ်အတွက် ရခိုင်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မြောက်ရေး အကြိုရှင်းလင်းပွဲ တစ်ရပ်ကို ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ခိုင်သဇင်ခန်းမတွင် ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့က ပြုလုပ်ခဲ့သည်။

အဆိုပါရှင်းလင်းပွဲကို ရခိုင်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်ကော်မတီက စီစဉ် ကျင်းပခဲ့ခြင်းဖြစ်သည်။

ရှင်းလင်းပွဲသို့ ရခိုင်အမျိုးသားပါတီမှ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်နှင့် ဒုဥက္ကဋ္ဌ ခိုင်ပြည်စိုး၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီမှ တွဲဖက်အတွင်းရေးမှူး ခိုင်အောင်စိုးသန်းနှင့် ဗဟိုဦးဆောင်ကော်မတီဝင် စောမြရာဇာလင်းနှင့် အခြားခေါင်းဆောင်များ၊ သက်ကြီးဝါရင့်နိုင်ငံရေးသမားများ၊ တတ်သိပညာရှင်အချို့၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် စိတ်ပါ၀င်စားသူ ၁၀၀ ကျော်ခန့် တက်ရောက်ခဲ့ကြသည်။

“ဒုတိယ၊ တတိယ နဲ့ နောက်ကျင်းပလာမယ့် ၂၁ ရာစုပင်လုံညီလာခံမှာ တိုင်းရင်းသားတွေရဲ့ ရပ်တည်ချက်ကို တင်ပြနိုင်ဖို့အတွက် ဒီအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲဟာ အင်မတန်မှ အရေးပါပါတယ်” ဟု ဒေါက်တာအေးမောင်က ပြောသည်။

ရခိုင်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မြောက်ရေး အကြိုရှင်းလင်းပွဲ သို့ နိုင်ငံရေးပါတီများ၊ ရခိုင်မျိုးနွယ်စု နိုင်ငံရေး ပါတီများ တက်ရောက်ခဲ့ခြင်း မရှိခဲ့သည့် အပေါ် မေးမြန်းရာ ရခိုင်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်ကော်မတီဝင် တစ်ဦးဖြစ်သူ ဦးခိုင်ပြည်စိုးက “ကျွန်တော်တို့အနေနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ကြံ့ခိုင်ရေး ပါတီ အပါ၀င် ရခိုင်ပြည်နယ်မှာရှိတဲ့ အခြားနိုင်ငံရေးပါတီတွေနဲ့ တိုင်းရင်းသားပါတီတွေကို ဖိတ်ကြားခဲ့ပါတယ်။ NLD ပါတီက အမတ်တစ်ဦး တက်ရောက်ပြီးတော့ အခြားပါတီတွေက မတက်ရောက်တာ ဖြစ်ပါတယ်”ဟု ရှင်းပြခဲ့သည်။

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပခြင်းကို ဖေဖေါ်ဝါရီလ ၆ ရက်နေ့က ပြုလုပ်သော UPDJC အစည်းအဝေးတွင် ရခိုင်နှင့် ချင်းလူမျိုးတို့အတွက် ခွင့်ပြုခွင့်ခြင်း မပြုလုပ်ခဲ့သော်လည်း ချင်းအမျိုးသားများ၏ တောင်းဆိုမှုကြောင့် ကျင်းပခွင့်ကို ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့က ခွင့်ပြုလိုက်ပြီဖြစ်သည်။

ရခိုင်အမျိုးသားပါတီနှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ တို့ကလည်း ဆွေးနွေးပွဲကျင်းပနိုင်ရေးအတွက် ပြင်ဆင်ခြင်းလုပ်ငန်းများကို ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့က ပါတီနှစ်ခုမှ ခေါင်းဆောင်များတွေ့ဆုံ၍ ပြင်ဆင်လာခဲ့ကြခြင်း ဖြစ်သည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...