ဘူးသီးတောင်ထောင်မှ အကျဉ်းသား ၂ ဦး ထွက်ပြေး

ဘူးသီးတောင်ထောင်မှ အကျဉ်းသား ၂ ဦး ထွက်ပြေး
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ရှိ အကျဉ်းထောင်မှ ဘင်္ဂလီ အကျဉ်းသား ၂ ဦးသည် အင်္ဂါနေ့ (ဖေဖော်ဝါရီ ၂၁) နေ့လယ် ၂ နာရီခွဲခန့်က ထွက်ပြေးသွားသည်ဟု ဘူးသီးတောင်မြို့ အကျဉ်းထောင် ထောင်ပိုင်မှ နိရဥ္စရာသို့ အတည်ပြုပြောသည်။

njr2301“ထွက်ပြေးသွားတာတော့ မှန်ပါတယ်။ ၂ ဦးပါ။ အလုပ်လုပ်နေတဲ့ အပြင် ဘုတ်က ထင်းရှာနေတဲ့ အဖွဲ့က ထွက်ပြေးသွားခဲ့တာ ဖြစ်ပါတယ်။ သူတို့က ပုံမှန် ထင်းရှာတဲ့ အဖွဲ့ထဲက ဘင်္ဂလီ နှစ်ဦး ဖြစ်ပါတယ်။ အကြမ်းဖက်မှုနဲ့ ဆက်စပ်သူတွေ မဟုတ်ပါဘူး။ ရိုးရိုးထောင်သားတွေပါ။ သူတို့က မောင်တောဇာတိ ဖြစ်ပါတယ်”ဟု ထောင်ပိုင်ကြီးက ပြောဆိုသည်။

ယခုကဲ့သို့ ထောင်သားနှစ်ဦး ထွက်ပြေးလွတ်မြောက်သွားသဖြင့် ထောင်လုံခြံုရေးကို အထူးတင်းကျပ်လိုက်ပြီး ရှာဖွေမှုတွေ ဆက်လက် ပြုလုပ်နေသည်ဟု သူက ပြောဆိုသည်။

“ ယုံကြည်တော့ နည်းနည်း ပေါ့လျော့သွားတာပေါ့။ ဒါကို အခွင့်အရေးယူပြီး ထွက်ပြေးသွားတာပေါ့။ အခုတော့ လိုက်ရှာနေပါတယ်။ အဖွဲ့တွေခွဲပြီး လိုက်ရှာနေပါတယ်။ မိတော မမိသေးပါ” ဟု ထောင်ပိုင်ကြီးက ပြောဆိုသည်။

ဘူးသီးတောင်ထောင်တွင် အကျဉ်းသား တစ်ထောင်ကျော်ခန့်ရှိပြီး ယင်းအထဲမှ ၅၀၀ ခန့်မှာ မောင်တော အကြမ်းဖက်မှုနှင့် ဆက်စပ် ဖမ်းဆီးခံထားရသူများ ဖြစ်ကြောင်း သိရသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...