အခြားတိုင်းနှင့်ပြည်နယ်မှ သံတွဲမြို့သို့ ပြန်လာသူများ စောင့်ကြည့်မခံဘဲ ဝင်ရောက်မှုရှိနေ

အခြားတိုင်းနှင့်ပြည်နယ်မှ သံတွဲမြို့သို့ ပြန်လာသူများ စောင့်ကြည့်မခံဘဲ ဝင်ရောက်မှုရှိနေ

မျိုးမြင့်ဇော် — Covid-19 ရောဂါနှင့်ပတ်သက်ပြီး ကန့်သတ်ကာလအတွင်း ရခိုင်ပြည်နယ်၊ သံတွဲမြို့အတွင်းသို့ ရန်ကုန်၊ ပုသိမ်နှင့် ပဲခူးတိုင်းတို့ဘက်မှ ဝင်ရောက်လာသူတို့မှာ Quarantine (၂၁) ရက် စောင့်ကြည့်မခံဘဲ မြို့အတွင်းသို့ ဝင်ရောက်မှုများရှိနေကြောင်း DMG က စုံစမ်းသိရှိရသည်။

၎င်းတို့သည် ကုန်တင်ယာဉ်များ၊ ခရီးသည်တင်ကားများမှတစ်ဆင့် သံတွဲမြို့တွင်းသို့ ဆိုင်ကယ်ကယ်ရီ၊ သုံးဘီး တို့ဖြင့် ဝင်ရောက်ခြင်းဖြစ်ပြီး မြို့ဝင်ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင်လည်း ခရီးသွားမှတ်တမ်းကို လိမ်လည် ပြောဆိုကာ ဝင်ရောက်ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် သံတွဲဒေသခံတစ်ဦးက DMG ကို ပြောသည်။

“ပြည်ဘက်ကလာတဲ့ မှန်လုံကားက ည (၈)နာရီလောက်မှာ မြို့ပြင်မှာဆိုက်တယ်။ ခရီးသည်တွေကို ချပေးတယ်။ ခရီးသည်တွေက နှစ်ဘီး၊ သုံးဘီးတွေနဲ့မြို့ထဲဝင်တာတွေ့ရတယ်”ဟု ၎င်းကဆိုသည်။

ယင်းသို့စောင့်ကြည့်မခံဘဲ ခရီးသည်များ ဝင်ရောက်နေမှုများ ရှိနေသည်ကို သတင်းကြားနေရကြောင်း သံတွဲ မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းကြည်က ဆိုသည်။

“ကျနော်တို့လည်း သတင်းရထားတယ်၊ ကုန်ကားတွေနဲ့ ပါလာတယ်လို့ကြားတယ်။ ယာဉ်မောင်းတွေက ပိုက်ဆံ ယူပြီးတော့ ဇလွန်၊ သာယာကွင်း၊ မဲနယ်ကွင်းတို့ဘက်မှာ ချထားခဲ့တယ်။ ဆိုင်ကယ်ကယ်ရီနဲ့တစ်ဆင့် ဝင်ကြတယ်” ဟု ၎င်းကပြောသည်။

အလားတူ မေလ (၃) ရက်နေ့ကလည်း ဧရာဝတီတိုင်း၊ ပုသိမ်မှ လာရောက်သူနှစ်ဦးမှာ သံတွဲမြို့နယ်၊ ငပလီမြို့ လင်းသာရပ်ကွက်ရှိ ၎င်းတို့မိတ်ဆွေတစ်ဦး၏နေအိမ်သို့ ရောက်ရှိလာသည့်အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ဒေသခံများပူးပေါင်းကာ ကျန်းမာရေးစစ်ဆေးရေးဂိတ်သို့ ပို့ဆောင်ခဲ့ရကြောင်း ဦးမင်းကြည်ကဆက်ပြောသည်။

သံတွဲအဝေးပြေးကားဂိတ်တွင် ခရီးသည်တင်ယာဉ်လိုင်း ပြေးဆွဲမှုကို ရပ်နားထားမှုများရှိသော်လည်း မြို့တွင်းသုံး ကုန်စည်များလိုအပ်ချက်အရ ကုန်တင်ယာဉ်တစ်ချို့မှာ ပြေးဆွဲမှုများရှိနေကြောင်း သိရသည်။

ထိုသို့ (၂၁)ရက် စောင့်ကြည့်မခံဘဲ သံတွဲမြို့အတွင်းသို့ ဝင်ရောက်နေသည့်ကိစ္စနှင့်ပတ်သက်ပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများထံ DMG မှ သွားရောက်မေးမြန်းရာတွင် ၎င်းတို့အနေဖြင့် အဆိုပါကိစ္စကို ကြားသိထားသော်လည်း ဖြေဆိုခွင့်မရှိကြောင်း တုန့်ပြန်ခဲ့ကြသည်။

ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် COVID-19 ကပ်ရောဂါကာကွယ်ရေးအတွက် နေအိမ်များနှင့် စောင့်ကြည့်ရေးစခန်းများတွင် လူဦးရေ ၃၅၁၀ ဦး စောင့်ကြည့်ထားရှိပြီး ဆေးရုံတွင် ၄ ဦး စောင့်ကြည့်ထား ရှိကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ရေစာမျက်နှာမှ မေလ ၅ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

စက်တင်ဘာလ ၁၆ ရက်နေ့ စစ်တွေ-ပုဏ္ဏားကျွန်းအစပ် ကွမ်းတောင်နှင့် အမြင့်ကျွန်းကျေးရွာအနီး တိုက်ပွဲ၌ အာရက္ခတပ်တော်က ဖမ်းဆီးရမိခဲ့သော စစ်အုပ်စုတပ်ဖွဲ့ဝင်များ။ / AA Info Desk
September 21, 2026
ရခိုင်ပြည်အတွင်း ဆုံးရှုံးသွားသော နယ်မြေများကို ပြန်လည်ရရှိရေးအတွက် စစ်အုပ်စုတပ်က ကြည်း၊ ရေ၊ လေ...
စစ်အုပ်စုတပ်၏ ရေကြောင်းလေ့ကျင့်မှုတစ်ခု။ / Crd - cincds
September 21, 2026
ရခိုင်ပြည်၊ ဝီရဌာနီ (ပေါက်တော) မြို့နယ်မှ မွတ်ဆလင် ငါးဖမ်းစက်လှေနှစ်စီးကို စစ်အုပ်စုတပ်၏...
ပုဏ္ဏားကျွန်းမြို့သိမ်းတိုက်ပွဲအပြီးတွင် AA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ / AA Info Desk
September 19, 2026
စစ်တွေစစ်မျက်နှာတွင် စစ်အုပ်စုတပ်၏ ထိုးစစ်ကို ခုခံတိုက်ခိုက်နေရာမှ အာရက္ခတပ်တော် (AA) က တန်ပြန်...
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေး လမ်းကြောင်းတစ်နေရာအား ၂၀၂၅ ခုနှစ် အတွင်းက တွေ့ရစဉ်။ / Photo Crd - DMG
September 19, 2026
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းရှိ ခယ်ခုံဂိတ် အငြင်းပွားမှုတွင် ပါဝင်သည့်...