ပုဏ္ဏားကျွန်းမြို့နယ်ပေါ်မှ အမျိုးသမီးတစ်ဦးကို တပ်နှင့်ရဲက ဖမ်းဆီး

ပုဏ္ဏားကျွန်းမြို့နယ်ပေါ်မှ အမျိုးသမီးတစ်ဦးကို တပ်နှင့်ရဲက ဖမ်းဆီး

ဝင်းညွန့် ၊ ကိုသူရ — ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့ စံပြရပ်ကွက်တွင်နေထိုင်သည့် အမျိုးသမီးတစ်ဦးကို မေလ ၆ ရက် နံနက်ပိုင်းက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း မျက်မြင်ဒေသခံများက ပြောသည်။

ဖမ်းဆီးခံရသည့်အမျိုးသမီးမှာ ဒေါ်မသန်း ၄၂ နှစ်ဖြစ်ပြီး ၎င်း၏နေအိမ်သို့ တပ်မတော်၊ ရဲတပ်ဖွဲ့နှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့မှ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် မျက်မြင် တစ်ဦးက ပြောသည်။

“ဘာကြောင့်ဖမ်းတယ်ဆိုတာတော့ အခုထိမသိရသေးဘူး။ လာဖမ်းတဲ့အထဲမှာတော့ စစ်တပ်၊ ရဲနဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူးလည်းပါတယ်။ တစ်ချို့က ရခိုင့်တပ်တော်(AA) နဲ့ ဆက်စပ်ပြီး လာဖမ်းတယ်လို့ တော့ပြောကြတယ်။ အတိကျတော့မသိဘူး”ဟု ၎င်းကဆိုသည်။

ထိုသို့ ဖမ်းဆီးခေါ်ဆောင်သွားရာတွင် ၎င်း၏နေအိမ်မှ အဝတ်ထုပ်တစ်ထုပ်ကိုလည်း သိမ်းဆည်းယူဆောင်သွားခဲ့ကြောင်း ၎င်းမျက်မြင်ဒေသခံက ပြောသည်။

နောက်ဒေသခံတစ်ဦးက ဒေါ်မသန်း၏နေအိမ်သို့ တပ်မတော်စစ်ကြောင်းတစ်ခုမှ ဝင်ရောက်စစ်ဆေးခဲ့ကာ ဒေါ်မသန်းအား AA နှင့် အဆက်အသွယ်ရှိ၊ မရှိ မေးမြန်းခဲ့သည်ဟု ဆိုသည်။

“တပ်မတော်စစ်ကြောင်းတစ်ခုက အဲဒီအိမ်ကိုဝင်ပြီးတော့ စစ်တယ်။ AA နဲ့ အဆက်အသွယ်ရှိလားလို့ မေးတယ်။ အဲဒီလိုစစ်ဆေးပြီးတော့ ၁၁ နာရီကျော်လောက်မှာ သူ့ကိုဖမ်းသွားတယ်။ ဖုန်းတွေကိုလည်း အကုန်လုံး သိမ်းသွားတယ်” ဟု ၎င်းဒေသခံကပြောသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က အမျိုးသမီးတစ်ဦးအား တပ်မတော် (၅၅၀) တပ်ရင်းက ဖမ်းဆီးသွားသည်မှာ မှန်ကန်ပြီး ဖြစ်စဉ်အသေးစိတ်ကို မသိရသေးကြောင်း မေလ ၆ ရက် နေ့လည်ပိုင်းက ပြောသည်။

“ဒီနေ့မနက်က (၅၅၀)စစ်ကြောင်းကနေ ပုဏ္ဏားကျွန်းမြို့ပေါ်မှာ ပတ်နေကြတာ။ သူ့(ဒေါ်မသန်း)ကို ဖမ်းသွား တာမှန်တယ်။ ဘာအကြောင်းနဲ့ ဖမ်းသွားတယ်ဆိုတာကို မိသားစုနဲ့အဆက်အသွယ်မရလို့ အသေးစိတ် မသိရ သေးဘူး။ ဖုန်းတွေကိုလည်း သိမ်းသွားတယ်လို့ ပြောသံကြားတယ်”ဟု ၎င်းကဆိုသည်။

ထိုသို့ ဖမ်းဆီးခံရသည့် အမျိုးသမီးကို ပုဏ္ဏားကျွန်းမြို့နယ်ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံများက ပြောဆိုကြပြီး ပုဏ္ဏားကျွန်းမြို့နယ်ရဲစခန်းသို့ DMG မှ ဆက်သွယ်နေဆဲဖြစ်သည်။

ယခုအမျိုးသမီးအား ဖမ်းဆီးသည့်ကိစ္စနှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးနှင့် တပ်မတော်သတင်းမှန်ပြန်ကြားရေးမှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းတို့ကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။

ဖမ်းဆီးခံရသူဒေါ်မသန်းမှာ ပုဏ္ဏားကျွန်းမြို့မဈေးကြီးတွင် လက်ဖက်ရည်ဆိုင် ရောင်းချနေသူတစ်ဦးဖစ်ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

စက်တင်ဘာလ ၁၆ ရက်နေ့ စစ်တွေ-ပုဏ္ဏားကျွန်းအစပ် ကွမ်းတောင်နှင့် အမြင့်ကျွန်းကျေးရွာအနီး တိုက်ပွဲ၌ အာရက္ခတပ်တော်က ဖမ်းဆီးရမိခဲ့သော စစ်အုပ်စုတပ်ဖွဲ့ဝင်များ။ / AA Info Desk
September 21, 2026
ရခိုင်ပြည်အတွင်း ဆုံးရှုံးသွားသော နယ်မြေများကို ပြန်လည်ရရှိရေးအတွက် စစ်အုပ်စုတပ်က ကြည်း၊ ရေ၊ လေ...
စစ်အုပ်စုတပ်၏ ရေကြောင်းလေ့ကျင့်မှုတစ်ခု။ / Crd - cincds
September 21, 2026
ရခိုင်ပြည်၊ ဝီရဌာနီ (ပေါက်တော) မြို့နယ်မှ မွတ်ဆလင် ငါးဖမ်းစက်လှေနှစ်စီးကို စစ်အုပ်စုတပ်၏...
ပုဏ္ဏားကျွန်းမြို့သိမ်းတိုက်ပွဲအပြီးတွင် AA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ / AA Info Desk
September 19, 2026
စစ်တွေစစ်မျက်နှာတွင် စစ်အုပ်စုတပ်၏ ထိုးစစ်ကို ခုခံတိုက်ခိုက်နေရာမှ အာရက္ခတပ်တော် (AA) က တန်ပြန်...
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေး လမ်းကြောင်းတစ်နေရာအား ၂၀၂၅ ခုနှစ် အတွင်းက တွေ့ရစဉ်။ / Photo Crd - DMG
September 19, 2026
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းရှိ ခယ်ခုံဂိတ် အငြင်းပွားမှုတွင် ပါဝင်သည့်...