သတင်းမီဒီယာအရေး ဖြေရှင်းပေးရန် လွတ်လပ်သောသတင်းသမားများအဖွဲ့မှ သမ္မတထံတောင်းဆို

သတင်းမီဒီယာအရေး ဖြေရှင်းပေးရန် လွတ်လပ်သောသတင်းသမားများအဖွဲ့မှ သမ္မတထံတောင်းဆို

စုမွန် — နိုင်ငံအနှံ့ သတင်းသမားပေါင်း ၁၈၀ ကျော်ပါဝင်သော လွတ်လပ်သောသတင်းသမားများအဖွဲ့မှ သတင်း မီဒီယာသမားများ၏ အခက်အခဲကို ဖြေရှင်းဆောင်ရွက်ပေးရန် မေလ ၃ ရက်နေ့က နိုင်ငံတော်သမ္မတထံ တောင်းဆိုလိုက်သည်။

ယင်းသို့ တောင်းဆိုရာတွင် လက်ရှိမြန်မာနိုင်ငံအတွင်း သတင်းမီဒီယာသမားများ ဖိနှပ်ခြိမ်းခြောက်ခံနေရမှု၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ချိုးဖောက်ခံနေရမှုများကို အမြန်ဆုံးရပ်တန့်နိုင်ရေး ဆောင်ရွက်ပေးရန်တို့ ပါဝင်သည်။

ထို့ပြင် သတင်းမီဒီယာဥပဒေကို အသုံးမပြုဘဲ ပုဒ်မမျိုးစုံဖြင့် တရားစွဲဆိုခံနေရသော သတင်းသမားများအား စွဲဆိုထားသောအမှုများမှ အမြန်ဆုံးခြွင်းချက်မရှိ ရုပ်သိမ်းပေးရန်၊ ပိတ်ပင်ထားသော တိုင်းရင်းသားသတင်း မီဒီယာဝက်ဆိုက်များအား အမြန်ဆုံးပြန်ဖွင့်ပေးရန် တောင်းဆိုထားသည်။

ရခိုင်နှင့် ချင်းပြည်နယ်တွင် ကာလကြာရှည်စွာ ဖြတ်တောက်ထားသော အင်တာနက်ဆက်သွယ်ရေး ကွန်ရက်အား အမြန်ဆုံးပြန်လည်ဖွင့်ပေးရန်လည်း လွတ်လပ်သောသတင်းသမားများအဖွဲ့က တောင်းဆိုထားသည်။

လက်ရှိ NLD အစိုးရ၏ လေးနှစ်တာကာလအတွင်းတွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုများကြောင့် လူဦးရေ ၁၀၅၁ ဦးမှာ အမှုပေါင်း ၅၃၉ မှုဖြင့် တရားစွဲဆိုခဲ့သည်ကို တွေ့ရှိရကြောင်း လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့်အရေး လှုပ်ရှားဆောင်ရွက်နေသည့် အသံအဖွဲ့၏အစီရင်ခံစာအရ သိရသည်။

ထိုသို့ တရားစွဲဆိုခံရသူများထဲတွင် အရပ်သား ၄၉၅ ဦး၊ တက်ကြွလှုပ်ရှားသူ ၃၂၆ ဦးနှင့် သတင်းမီဒီယာ သမား ၆၇ ဦးအထိ ပါဝင်ကြောင်းလည်း သိရသည်။

သတင်းမီဒီယာသမားများကို စွဲဆိုသည့်အမှုများထဲတွင် ဆက်သွယ်ရေးဥပဒေဖြင့် စွဲဆိုမှုမှာ ၃၄ မှုအထိရှိရာ ဆက်သွယ်ရေးဥပဒေကို အများဆုံးအသုံးပြုသည်ကိုတွေ့ရကြောင်း အသံအဖွဲ့၏ အမှုဆောင်ဒါရိုက်တာ မောင်ဆောင်းခက ဆိုသည်။

“ဆက်သွယ်ရေးဥပဒေနဲ့ စွဲတာက ၆၇ မှုမှာ ၃၄ မှုပါနေတာ တွေ့ရတယ်။ ဒါ ထက်ဝက်ကျော်လောက်ကို ဆက်သွယ်ရေးဥပဒေက နေရာယူထားတာတွေ့ရတယ်။ အဲဒီအပြင် ပြီးခဲ့တဲ့ကာလက နာမည်ကြီးလာတဲ့ သတင်းထောက်တွေအပေါ်မှာ အရှိန်အဟုန်နဲ့ စစွဲလာတာကတော့ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ဖြစ်တယ်။ ပြီးခဲ့တဲ့ လပိုင်းအတွင်းမှာမှ ဒီကိန်းကဏန်းက ချက်ချင်းမြင့်တက်သွားတာဖြစ်ပါတယ်။ ဒါဆိုရင် ၈ မှုရှိပါတယ်” ဟု မောင်ဆောင်းခက ပြောသည်။

ထို့ပြင် အသရေဖျက်မှုပုဒ်မ ၅၀၀ ဖြင့် ၄ မှု၊ နိုင်၊လွတ်၊လုံ ဥပဒေဖြင့် ၂ မှု၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ)ဖြင့် ၂ မှု၊ မတရားအသင်းအက်ဥပဒေဖြင့် ၂ မှုအပြင် သာသနာညှိုးနွမ်းစေမှု၊ သွင်းကုန်ထုတ်ကုန် ဥပဒေတို့ဖြင့်လည်း သတင်းသမားများကို တရားစွဲဆိုခဲ့ကြောင်း အသံအဖွဲ့မှ သိရသည်။

၂၀၁၉ ခုနှစ် မေလ ၁ ရက်နေ့က ရခိုင်အခြေစိုက်သတင်းမီဒီယာတစ်ခုဖြစ်သည့် DMG သတင်းဌာနမှ အယ်ဒီတာချုပ် ဦးအောင်မင်းဦးကို မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၂)ဖြင့် သတင်းအထူးတပ်ဖွဲ့(SB) မှ တရားလိုပြုလုပ်ကာ စစ်တွေမြို့အမှတ် (၁)ရဲစခန်းတွင် အမှုဖွင့်ထားသည်။

ထို့ပြင် ယခု ၂၀၂၀ ခုနှစ်တွင်လည်း ခေတ်သစ်မီဒီယာမှ အယ်ဒီတာချုပ် ဦးသာလွန်ဇောင်းထက်၊ နိရဉ္စရာ သတင်းဌာနအယ်ဒီတာချုပ် ဦးခိုင်မြတ်ကျော်နှင့် RFA သတင်းထောက်တစ်ဦးတို့ကို အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (က) ၊ ၅၂ (က) တို့ဖြင့် အမှုဖွင့်ထားကြောင်းလည်း သိရသည်။

"အခုလို သတင်းသမားတွေ လွတ်လပ်စွာရေးသားခွင့်ကို ပိတ်ပင်လိုက်တာဟာ သိပ်ကိုကြီးမားတဲ့အန္တရာယ်ပဲဆိုနိုင်ပါတယ်။ အစိုးရ အနေနဲ့ တကယ့်ကို လုပ်ဆောင်သင့်တဲ့ အရေးကြီးအခြေအနေမျိုးမှာ သူတို့အတွက် သတင်းရေးသားခွင့်လျွတ်လပ်စာဖွင့်ပေးဖိုလို တယ်။ နောက်တစ်ချက်က အစိုးရအနေနဲ့ သတင်းသမားတွေကို လွတ်လပ်စွာသတင်းယူခွင့်ပေးဖို့ ၊ လွတ်လပ်စွာ ထုတ်ဖော် ခွင့်ရရှိဖို့အတွက် အစိုးရကိုယ်တိုင်ကလည်း နှိုက်နှိုက်ချွတ်ချွတ်လုပ်ပေးဖို့လိုတယ် ” ဟု ရခိုင်အခြေစိုက် DVB သတင်းထောက် ကိုဝဏ္ဏခွာညိုက ပြောသည်။

ပြင်သစ်အခြေစိုက် နယ်စည်းမခြားသတင်းထောက်များအဖွဲ့(RSF)၏ နှစ်စဉ်ထုတ်ပြန်သည့် သတင်း လွတ်လပ်ခွင့် အညွှန်းကိန်းများအရ လက်ရှိအစိုးရလက်ထက်တွင် မြန်မာနိုင်ငံ၏သတင်းမီဒီယာလွတ်လပ်မှု အဆင့်သည် ၂၀၁၈ မှ ၂၀၂၀ အထိ သုံးနှစ်ဆက်တိုက် နှစ်စဉ်ကျဆင်းနေသည်ကို တွေ့ရသည်။

လက်ရှိမှာ သတင်းမီဒီယာဝက်ဆိုက်များဖြစ်သည့် DMG ၊ Narinjaria ၊ KhitThit ၊ VOM စသည့် ဝက်ဆိုက်များကို မိုဘိုင်းလ်ဒေတာများအသုံးပြု၍ ဝင်ရောက်ကြည့်ရှုမှုကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အရ ဆက်သွယ်ရေး အော်ပရေတာများမှ ပိတ်ထားသည်ကို တွေ့ရသည်။

စက်တင်ဘာလ ၁၆ ရက်နေ့ စစ်တွေ-ပုဏ္ဏားကျွန်းအစပ် ကွမ်းတောင်နှင့် အမြင့်ကျွန်းကျေးရွာအနီး တိုက်ပွဲ၌ အာရက္ခတပ်တော်က ဖမ်းဆီးရမိခဲ့သော စစ်အုပ်စုတပ်ဖွဲ့ဝင်များ။ / AA Info Desk
September 21, 2026
ရခိုင်ပြည်အတွင်း ဆုံးရှုံးသွားသော နယ်မြေများကို ပြန်လည်ရရှိရေးအတွက် စစ်အုပ်စုတပ်က ကြည်း၊ ရေ၊ လေ...
စစ်အုပ်စုတပ်၏ ရေကြောင်းလေ့ကျင့်မှုတစ်ခု။ / Crd - cincds
September 21, 2026
ရခိုင်ပြည်၊ ဝီရဌာနီ (ပေါက်တော) မြို့နယ်မှ မွတ်ဆလင် ငါးဖမ်းစက်လှေနှစ်စီးကို စစ်အုပ်စုတပ်၏...
ပုဏ္ဏားကျွန်းမြို့သိမ်းတိုက်ပွဲအပြီးတွင် AA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ / AA Info Desk
September 19, 2026
စစ်တွေစစ်မျက်နှာတွင် စစ်အုပ်စုတပ်၏ ထိုးစစ်ကို ခုခံတိုက်ခိုက်နေရာမှ အာရက္ခတပ်တော် (AA) က တန်ပြန်...
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေး လမ်းကြောင်းတစ်နေရာအား ၂၀၂၅ ခုနှစ် အတွင်းက တွေ့ရစဉ်။ / Photo Crd - DMG
September 19, 2026
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းရှိ ခယ်ခုံဂိတ် အငြင်းပွားမှုတွင် ပါဝင်သည့်...