အမ်းမြို့နယ်မှ စစ်ဘေးဒုက္ခသည် ၈၀၀ ကျော် စားသောက်ရေး အခက်အခဲကြုံနေ

အမ်းမြို့နယ်မှ စစ်ဘေးဒုက္ခသည် ၈၀၀ ကျော် စားသောက်ရေး အခက်အခဲကြုံနေ

မျိုးသီရိကျော် — ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ဒါးလက်ကျေးရွာအုပ်စု အလယ်ကျွန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းရှိ စစ်ဘေး ဒုက္ခသည် (၈၀၀)ကျော်မှာ စားသောက်ရေးအတွက် အခက်ခဲဖြစ်နေရကြောင်း စစ်ဘေးဒုက္ခသည်များထံမှ သိရသည်။

အဆိုပါစစ်ဘေးရှောင်စခန်းတွင် ပုဂ္ဂလိကအလှူရှင်များထံမှ လှူထားသည့် ဆန်ရိက္ခာ ၃ ရက်စာခန့်သာ ကျန်ရှိ တော့ကာ လာရောက်လှူဒါန်းသူမရှိပါက အခက်အခဲများစွာ ဖြစ်ပေါ်လာနိုင်ကြောင်း စစ်ဘေးရှောင် ဒုက္ခသည် တစ်ဦးက ဆိုသည်။

“လမ်းပန်းဆက်သွယ်ရေး မရတာကြောင့် အလှူရှင်တွေလည်းမရှိဘူး။ အရင်တုန်းက ငွေလွှဲပြီးလှူထားခဲ့တဲ့ ဆန်နည်းနည်းပဲရှိပြီ။ ပစ္စည်းတွေကိုလည်း လူကိုယ်တိုင်လာရောက် လှူဒါန်းလို့မရဘူးလေ။ ကျမတို့ဘယ်လို လုပ်ရမလဲ” ဟု ၎င်းကဆိုသည်။

၎င်းဘုန်းတော်ကြီးကျောင်းသို့ လမ်းပန်းဆက်သွယ်ရေးအခက်ခဲကြောင့် လာရောက်နိုင်ခြင်း မရှိသော်လည်း ယခင်က ပုဂ္ဂလိကအလှူရှင်များကြောင့် စားရေးအတွက် အဆင်ပြေနေခဲ့ကြောင်း စစ်ဘေးဒုက္ခသည်များက ဆိုသည်။

သို့သော် လက်ရှိမှာ ပုဂ္ဂလိကအလှူရှင်များလည်း နည်းပါးလာနေသည့်အတွက် စားဝတ်နေရေး အကျပ်အတည်းဖြစ်ပေါ်ကာ တစ်ခါတစ်ရံတွင် စားစရာဆန်မရှိသည့်အတွက် ဟင်းတစ်မယ်တည်းသာ စားရသည်များလည်းရှိကြောင်း ၎င်းစစ်ဘေးရှောင်စခန်းတွင် ကူညီပေးနေသူ ကိုမျိုးလွင်ကဆိုသည်။

“အမ်းဖက်ကဆိုရင်လည်း စစ်ဆေးရေးဂိတ်တွေက စစ်တယ်။ ဆန်တွေ မသယ်ယူရဘူး။ ယောချောင်းဖက်က ဆိုရင်လည်း စစ်တယ်။ အဲဒါကြောင့် အလှူရှင်တွေ မလာကြတော့ဘူး”ဟု ၎င်းကပြောသည်။

ပြီးခဲ့သည့် ဧပြီလအတွင်းက အမ်းမြို့နယ်၊ အလယ်ကျွန်းကျေးရွာအတွင်းသို့ လက်နက်ကြီး ကျရောက်ခဲ့ပြီးနောက် ကျေးရွာသားများမှာ ရွာအတွင်းမနေရဲဘဲ ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ပြောင်းရွှေ့နေထိုင် နေကြခြင်းဖြစ်သည်။

အမ်းမြို့နယ်၊ ဒါးလက်ကျေးရွာအုပ်စုတွင် ကုန်းလမ်း၊ ရေလမ်း နှစ်ခုလုံးပိတ်ထားသည့်အတွက် အဆိုပါဒေသမှ စစ်ဘေးရှောင်များမှာ စားဝတ်နေရေးအပါအဝင် ကျန်းမာရေးအတွက်လည်း အခက်အခဲများ ဖြစ်ပေါ်နေကြ ရကြောင်း စစ်ဘေးဒုက္ခသည်များထံမှ သိရသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တို့၏ တိုက်ပွဲများ ပိုမိုပြင်းထန်လာနေပြီး ဒေသခံများ မှာလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကာ လက်ရှိတွင် စစ်ဘေးဒုက္ခသည် တစ်သိန်း ခြောက်သောင်းကျော်အထိ ရှိလာနေသည်။

Photo ; Aye Aye Maw

စက်တင်ဘာလ ၁၆ ရက်နေ့ စစ်တွေ-ပုဏ္ဏားကျွန်းအစပ် ကွမ်းတောင်နှင့် အမြင့်ကျွန်းကျေးရွာအနီး တိုက်ပွဲ၌ အာရက္ခတပ်တော်က ဖမ်းဆီးရမိခဲ့သော စစ်အုပ်စုတပ်ဖွဲ့ဝင်များ။ / AA Info Desk
September 21, 2026
ရခိုင်ပြည်အတွင်း ဆုံးရှုံးသွားသော နယ်မြေများကို ပြန်လည်ရရှိရေးအတွက် စစ်အုပ်စုတပ်က ကြည်း၊ ရေ၊ လေ...
စစ်အုပ်စုတပ်၏ ရေကြောင်းလေ့ကျင့်မှုတစ်ခု။ / Crd - cincds
September 21, 2026
ရခိုင်ပြည်၊ ဝီရဌာနီ (ပေါက်တော) မြို့နယ်မှ မွတ်ဆလင် ငါးဖမ်းစက်လှေနှစ်စီးကို စစ်အုပ်စုတပ်၏...
ပုဏ္ဏားကျွန်းမြို့သိမ်းတိုက်ပွဲအပြီးတွင် AA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ / AA Info Desk
September 19, 2026
စစ်တွေစစ်မျက်နှာတွင် စစ်အုပ်စုတပ်၏ ထိုးစစ်ကို ခုခံတိုက်ခိုက်နေရာမှ အာရက္ခတပ်တော် (AA) က တန်ပြန်...
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေး လမ်းကြောင်းတစ်နေရာအား ၂၀၂၅ ခုနှစ် အတွင်းက တွေ့ရစဉ်။ / Photo Crd - DMG
September 19, 2026
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းရှိ ခယ်ခုံဂိတ် အငြင်းပွားမှုတွင် ပါဝင်သည့်...