KNU တပ်မဟာ ၁ သထုံခရိုင် အတွင်းရေးမှူး ပဒိုစောစိုးမြင့် အင်တာဗျူး

KNU တပ်မဟာ ၁ သထုံခရိုင် အတွင်းရေးမှူး ပဒိုစောစိုးမြင့် အင်တာဗျူး

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့ ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ ၁ နယ်မြေရဲ့ covid-19 ရောဂါ ကာကွယ်တားဆီးရေး ကျန်းမာရေး စစ်ဆေးရေး ဂိတ် ၂ ခုကို တပ်မတော်က ဖြုတ်ခိုင်းလိုက် တယ်လို့ KNU တပ်မဟာ ၁ သထုံခရိုင်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်နေ့ကလည်း KNU တပ်မဟာ ၁ အနေဖြင့် ရောဂါကာကွယ်တားဆီးရေး လုပ်ငန်းတွေကို လုပ်ဆောင်ရာမှာ NCA စာချုပ်ပါအတိုင်း လုပ်ဆောင်ရန်နှင့် နယ်ဘက်အုပ်ချုပ်ရေး ဆိုင်ရာ ကိစ္စရပ်တွေကို ဝင်ရောက်စွတ်ဖက်မှုတွေ မလုပ်ဖို့ ကရင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင် က လက်မှတ်ရေးထိုး ထုတ်ပြန်ပြောဆိုထားပါတယ်။

တစ်ဖက်မှာတော့ နိုင်ငံတော် သမ္မတဦးဝင်းမြင့်က covid-19 ရောဂါကာကွယ်တားဆီးရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တွေနဲ့ ပူးပေါင်းညှိနှိုင်းဆောင်ရွက်နိုင်ရေး ကော်မတီတစ်ခုကို ဧပြီလ ၂၇ ရက်နေ့က ဖွဲ့စည်းလိုက်ပေမယ့်လည်း ကော်မတီဖွဲ့စည်းတာဟာ နောက်ကျနေပြီလို့ ကရင်အမျိုးသား အစည်းအရုံး KNU တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

သမ္မတက ဖွဲ့စည်းလိုက်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်မယ့် ရောဂါကာကွယ်တားဆီးရေး ကော်မတီအပေါ် အမြင်သဘောထားများ၊ KNU တပ်မဟာ ၁ ရဲ့ ကျန်းမာရေး စစ်ဆေးရေးဂိတ်တွေမှာ တပ်မတော်နဲ့ ပဋိပက္ခဖြစ်ပေါ်လာရတဲ့ အကြောင်းအရင်းစတဲ့ အကြောင်းအရာတွေကို KNU တပ်မဟာ ၁ သထုံခရိုင် အတွင်းရေးမှူး ပဒိုစောစိုးမြင့်ကို သတင်းနှင့်မီဒီယာကွန်ရက်က ဆက်သွယ်မေး မြန်းထားပါတယ်။

သတင်းနှင့် မီဒီယာကွန်ရက် – KNU တပ်မဟာ ၁ နယ်မြေ သထုံခရိုင်ထဲက KNU အဖွဲ့ရဲ့ ကျန်းမာရေး စစ်ဆေး တဲ့ဂိတ်ကို တပ်မတော်ဖက်က ဖယ်ရှားပေးဖို့ ပြောလာတယ်လို့ သိရတယ်။ အဲဒီအခြေအနေ လေးပြောပြပေး ပါ လား။

ပဒိုစောစိုးမြင့် – ဖြစ်ပုံကတော့ မနေ့တုန်းက တိုင်းမှူးကတော်က မော်လေးရွာမှာ သင်္ကန်းလာလှူတာပေါ့လေ လာလှူတော့ ကျနော်တို့ အဲဒီမှာ တာဝန်ကျလူတွေက သူ့ကို ဆင်းပြီးတော့ အပူချိန်တိုင်းဖို့ လက်တွေဆေးဖို့အတွက် ပြောတာပေါ့နော်။ ဒါပေမယ့် တိုင်းမှူးကတော်က မဆင်းဘူး။ ကားဒရိုင်ဘာတစ်ယောက်တော့ ဆင်းတယ်။ ဆင်းပြီးတော့ ကိုယ်အပူတိုင်းတယ် ပြီးလို့ရှိရင် ကျနော်တို့ မှတ်ပုံတင်နံပါတ်တွေ တောင်းတယ်။ မှတ်ပုံတင် တောင်းတယ် ဆိုတာက နိုင်ငံတော်က ထုတ်ပြန်ထားတဲ့ အမိန့်ရှိသလိုကျနော်တို့ KNU အဖွဲ့အစည်းက ထုတ်ပြန်ထားတဲ့ အမိန့်တွေရှိတယ်။ အဲမှာ ဆင်းပြီးတော့ အဲဒီတိုင်းမှူး ကတော်က သင်္ကန်းသွားလှူဖို့ နေ့လယ် ၁၁ နာရီအချိန်မှာ တက်လာတယ်။ ၁၂ နာရီနှင့် ၅ မိနစ် အချိန်မှာ ပြန်ဆင်းလာတယ်။ ပြန်ဆင်းလာပြီးတော့ ညနေ ၂ နာရီခွဲ လောက်မှာ ဆိုလို့ရှိရင် တပ်ကနေ ကျနော်တို့ကို ပြောတယ် အဲဒီစစ်ဆေးရေး ဂိတ်ကို ခင်ဗျား တို့ ဖြုတ်လိုက်ပါ။ ခင်ဗျားတို့ အဲဒီမှာ တိုင်းကနေ သူ့ကို ညွှန်ကြားတာပေါ့နော်။ ခင်ဗျားတို့ အဲလိုနေလို့မရတော့ ဘူး။ တဲကို ဖြုတ်ပေးပါ ပြီးတော့ ခင်ဗျားတို့ နေတဲ့နေရာ ကိုရွေ့ပေးပါ။ အဲလိုပြောလာတယ်။ ပြောလာတဲ့အခါ ကျတော့ ကျနော်တို့က မရွေ့ပေးဘူး ပေါ့နော်။ ကျနော်တို့ အထက်ကို ပြန်တင် ပြရ အုံးမယ်။ ကျနော်တို့ အကြောင်းကြားပြီးမှ တပ်ကနေ ကျနော်တို့ကို ပြောတယ် ကျနော်တို့ အဲဒီနေရာတွေ ဖယ်ခိုင်းဖို့ မလုပ်ဖို့ မနေတော့ဖို့ အဲဒီ ညနေပိုင်းကျတော့ သူတို့ အင်အား အလုံးအရင်းနဲ့ တက်လာတာပေါ့နော်။ ကျနော်တို့ ဒီနေတဲ့ လမ်းတစ်ဖက်တစ်ခြမ်းစီပေါ့နော် သူတို့တပ်ခွဲနဲ့ ကျနော်တို့ တပ်ခွဲနဲ့ တစ်ဖက်တစ်ခြမ်းစီ ရှိတယ်။ ရှိတဲ့အခါကျတော့ ဒီမနက်ကျတော့ သူတို့ ပြန်လှည့်သွားတယ်။

သတင်းနှင့်မီဒီယာကွန်ရက် – KNU ရဲ့ ကျန်းမာရေး စစ်ဆေးတဲ့ဂိတ်ကို ဖြုတ်ခိုင်းတာက ဘယ်နေရာလဲ၊ နောက်ဆုံး အခြေအနေက ဘယ်လို ရှိပါသလဲ။

ပဒိုစောစိုးမြင့် – ကျနော်တို့ သထုံမြို့နယ် ထုံးဘိုလေးပေါ့ ထုံးဘိုလေး ခြောက်မိုင်ကုန်းမှာပါ။ ကျနော်တို့ ဆက် လုပ်မယ်ဆိုရင်တော့ နောက်ဆက်တွဲတွေ မကောင်းတဲ့ ရလာဒ်တွေ ဖြစ်လာနိုင်တယ်။ အဲဒါကြောင့်မို့လို့ ကျနော်တို့ကတော့ လောလောဆယ်တော့ ကျနော်တို့ ဘာမှ မလုပ်တော့ဘူး ရပ်ထားတယ်။ သူတို့က ၃ ရက် အထိ ရပ်ထားခိုင်းတယ်။် ပြီးလို့ရှိရင် ကျနော်တို့ တဲတွေကို ဖြုတ်ခိုင်း ပြီးလို့ရှိရင် ပြီးမှ ပြန်ဆောက်ပေါ့နော်။ သူတို့ပြောတာကတော့ ကျနော်တို့ကတော့ တဲတွေကိုတော့ မဖြုတ်ဘူး။ လူတွေတော့ လောလောဆယ်တော့ မရှိတော့ဘူး။ ဒါပေမယ့် အဲဒီပွိုင့်မှာ တာဝန်ယူတဲ့သူတွေတော့ မရှိတော့ဘူး။ အဲဒီဘေးနားမှာ ကျနော်တို့ တပ်ဖွဲ့ ဝင် တွေရှိတာပေါ့နော်။ ဒီကျန်းမာရေး လုပ်သားတွေ ဆရာ/ဆရာမရယ် ကျနော်တို့ ဘာမှမလုပ်နိုင်ဘူး ဒီအတိုင်း နေနေရတယ်။

သတင်းနှင့် မီဒီယာကွန်ရက် – တပ်မတော်ဖက်က တက်လာလို့ ဒီကျန်းမာရေး စစ်ဆေးနေတဲ့ ဂိတ်ကိုဖြုတ် လိုက်တာလား။

ပဒိုစောစိုးမြင့် – ဟုတ်ကဲ့ပါ တပ်တွေလာတဲ့ အခါကျတော့ ကျနော်တို့ ရပ်လိုက်တယ်။ ဒီနေ့ကတော့ မလုပ် တော့ဘူး တပ်ကလာတယ် ကျနော်တို့နဲ့လာတွေ့တော့ ပြောတာပေါ့နော်။ လာပြောတဲ့အခါကျတော့ ခင်ဗျားတို့ ရပ်ပေးပါ ရပ်ပေးမယ်ဆိုတော့ ကျနော်တို့ ဆက်လုပ်မယ်ဆိုလို့ရှိရင် ခုနကျနော်ပြောသလိုပေါ့လေ။ နောက် ဆက်တွဲ အကျိုးဆက်တွေဟာ တစ်ခုခုဖြစ်လာမယ် ကျနော်တို့လည်း စိုးရိမ်တာပေါ့နော်။ ပြည်သူတွေလည်း ထိတ်လန့်မှု မရှိအောင် အခုကျနော်တို့က ဒီ NCA စာချုပ်ထိုးပြီးတဲ့ နောက်ပိုင်းမှာ တကယ်လို့ တပ်အင်အား သုံးပြီးဖြေရှင်းမယ်ဆိုလို့ရှိရင်တော့ NCA စာချုပ်နဲ့ ကြည့်မယ်ဆိုလို့ရှိရင်တော့ မကိုက်ညီဘူးပေါ့နော်။ ဘာဖြစ်လို့ လဲဆိုတော့ ဒီပြည်သူလူထုတွေလည်း စိုးရိမ်လာမယ်။ ပြီးတော့ အချင်းချင်းကလည်း ယုံကြည်မှုတွေ နည်းသွား မှာပေါ့နော်။ ဒါကြောင့်မို့ အင်အားသုံးတာတို့ ဒီလိုအင်အားသုံးဖြေရှင်းတာကတော့ မကောင်းဘူးပေါ့နော်။ ဒီလို ညှိညှိနှိုင်းနှိုင်းလုပ်ဆောင်မယ်ဆိုလို့ရှိရင် အောက်ခြေအဆင့် တာဝန်ပေးမှု တာဝန်ယူမှုနဲ့ ဖြေရှင်းပြီး လုပ်မယ်ဆို လို့ရှိရင်တော့ ကောင်းတာပေါ့။ ဒီအထက်အမိန့်နဲ့ ကျနော်တို့ကို ဖိအားလာပေးတာပေါ့နော တပ်နဲ့အင်အားနဲ့ လာပြီးတော့ အဲဒီမှာလာပြီးတော့ ဖိအားပေးတဲ့အခါကျတော့ ကျနော်တို့ကတော့ လောလောဆယ်ကတော့ ဘယ်သူမှ ဘာမှမလုပ်ပါဘူး။ သူတို့လည်း ဘာမှမလုပ်ဘူးပေါ့နော။

သတင်းနှင့်မီဒီယာကွန်ရက် – KNU တပ်မဟာ ၁ နယ်မြေ သထုံခရိုင်ထဲမှာ ကျန်းမာရေး စစ်ဆေးတဲ့ ဂိတ်တွေ ကို တပ်မတော်ဖက်က ဖြုတ်ခိုင်းတယ်ဆိုတော့ လက်ရှိအချိန်အထိ ဂိတ်ဘယ်နှစ်ခုလောက် ဖြုတ်လိုက်ရပြီလဲ။

ပဒိုစောစိုးမြင့် – ကျနော်တို့ သထုံမြို့နယ် ထုံဘိုလေးကျေးရွာ အဲဒီမှာ ကျနော်တို့ ပေါင်ဖက်ကတော့ ကျနော်တို့် ထောင်မှူး ကျေးရွာ အုပ်စုပေါ့နော်။ ရွာနာမည်က ဈေးမသွယ် အဲဒီမှာ နေရာ ၂ ခုပေါ့နော။ ကျနော်တို့ အဲဒီမှာ လည်း ပေါင်မြို့နယ်ထဲမှာလည်း ကျနော်တို့ KNU ဖက်က မော်စကို မြို့နယ် ဖက်မှာ အဲမှာ ပွိုင့်တစ်ခုကျနော်တို့ ဖြုတ်ထားပြီ ဖြုတ်ထားတာ ဒီနေ့နဲ့ဆို ၃ ရက်လောက်ရှိပြီး အဲဒါကလည်း တပ်ကနေပဲ လာပြောတယ်။ ခင်ဗျား တို့ ဖြုတ်ပါ အဲဒါလည်း ကျနော်ကိုယ်တိုင်လည်းသွား တွေ့တယ်။ သူတို့ကတော့ တိုင်းကနေ ညွှန်ကြားတယ် အဲဒီလို မလုပ်ဖို့အတွက်ပေါ့နော်။ ကျနော်တို့ ပွိုင့်ကို နောက်ဆုံးကျနော်တို့လည်း ပဋိပက္ခကို မဖြစ်စေတဲ့အခါ ကျတော့ ကျနော်တို့ ဖြုတ်လိုက်တယ်။ ဖြုတ်လိုက်တော့ ကျနော်တို့ ပြောတယ် နစ်နာစရာရှိမှာ ကျနော်တို့ ပြည်သူတွေပဲ ကျနော်တို့ အဲဒီလိုလုပ်ထားပေးတာလည်း ကျနော်တို့ နိုင်ငံရေး ဘာမှမပါဘူး ကျနော်တို့ ကျန်း မာရေး တစ်ခုအတွက်ပါပဲ ကျနော်တို့ကတော့။

သတင်းနှင့် မီဒီယာကွန်ရက် – ဒီလိုဖြစ်စဉ်တွေအပေါ်မှာ KNU ဗဟိုက တစ်စုံတစ်ရာ ညွှန်ကြားတာတို့ ဝင် ရောက်ညှိနှိုင်းပေးတာတို့ ရှိသလား။

ပဒိုစောစိုးမြင့် – ဟုတ်ကဲ့ ဗဟိုကတော့ ကျနော်တို့ ပုံမှန်ဆက်သွယ်တာပေါ့လေ ဖြစ်စဉ်အားလုံးကို ကျနော်တို့ ပုံမှန်တင်ပြတာပေါ့၊ ဘယ်လိုဖြစ်နေတာလဲ ဆိုတာကို ကျနော်တို့ covid-19 Group ကိုတော့ ကျနော်တင်တယ် တင်ပြတော့ ကျနော်တို့ကို ဘာမှ အကြောင်းပြန်ချင်း မရှိသေးဘူးပေါ့နော်။ သူတို့ကလည်း သူတို့လည်း တစ်ဆင့်ဆီ သူတို့ထဲမှာ အစည်းအဝေးပြန်ထိုင်းပြီးမှ ကျနော်တို့ကို အဖြေပေးလို့ရမယ်လို့ ပြောတယ်။ ဒါပေမယ့် ကျနော်တို့ အပေါင်မြို့နယ်မှာ ဖြစ်တဲ့ကိစ္စကိုတော့ ကျနော်တို့ တင်ပြထားတယ်။ ဘာမှလောလောဆယ် တော့ ဘာမှမရသေးဘူးပေါ့နော်။ လုံးဝပြန်ညွှန်ကြားချက်တွေ မရသေးဘူးပေါ့နော်။

သတင်းနှင့် မီဒီယာကွန်ရက် – Covid-19 ရောဂါ ကာကွယ်တားဆီးတဲ့နေရာမှာ KNU အနေနဲ့ NCA စာချုပ်အ တိုင်း မဟုတ်ပဲ လက်နက်တွေ ကိုင်ဆောင်တာတို့ ယူနီဖောင်းတွေ ဝတ်တာတို့ လို့ဆိုတယ်။ အဲဒီအပေါ်မှာရော ဘာများတုန့်ပြန်ပြောဆိုချင်ပါသလဲ။

ပဒိုစောစိုးမြင့်- ဟုတ်ကဲ့ပါ စစ်တပ်ဂိတ်မှာ သူတို့လည်း လက်နက်တွေရှိပါတယ်။ အဲဒီလိုပြောချင်းဆိုရင် ကျနော် တို့ လက်နက်တွေ ယူနီဖောင်းတွေ ဝတ်တယ်ဆိုတာကလည်း အခုကျနော်တို့ ပြည်သူတွေဟာ ပုံမှန်တားလို့ မရဘူး။ ကျနော်တို့ ယူနီဖောင်းဝတ်တယ်ဆိုတာကလည်း လူတွေကိုခြိမ်းခြောက်ဖို့အတွက် ကျနော်တို့ လူတွေ ကို အကြမ်းဖက်ဖို့ အတွက်မဟုတ်ပါဘူး။ ကျနော်တို့ ယဉ်ယဉ်ကျေးကျေး သိမ်သိမ်မွေ့မွေ့ပါပဲ။ ခင်ဗျားတို့တွေ ရပ်ပေးပါ၊ ရပ်ပေးပြီးလို့ရှိရင် ခင်ဗျားတို့ လက်ဆေးပါ ပြီးလို့ရှိရင် ခင်ဗျားတို့ သွားချင်တဲ့ နေရာသွားပါလို့ ကျနော်တို့က အဲလိုပဲပေါ့နော်။ ကျနော်တို့ ဒီစစ်ဖြစ်ချင်လို့ ပဋိပက္ခဖြစ်ချင်လို့ ကျနော်တို့လုပ်တာလည်း အဲဒီနေရာမှာ ကျနော်တို့ နေလာခဲ့တာ တစ်ရက်နှစ်ရက်မကဘူးလေ ဟိုးအရင်တုန်း က ကျနော်တို့ ဒီအတိုင်းပဲနေလာတာပဲ။ အခုမှ ဝန်ကြီးကတော်တစ်ပါးလာမှပဲ ကျနော်တို့ ပြဿနာတွေက ပို ဖြစ်လာတာပေါ့နော်။ ကျနော်ကတော့ အဲလိုပဲ မြင်တယ်။

သတင်းနှင့် မီဒီယာကွန်ရက် – နောက်ပြီး အစိုးရရဲ့ အုပ်ချုပ်မှု ဆိုင်ရာယန္တရားတွေကို KNU ဖက် ဝင်ရောက် စွတ် ဖက်တယ်ဆိုတဲ့ ပြောဆိုမှုတွေ ရှိတယ်ဆိုတော့ အဲဒီအပေါ်မှာရော ဘာပြောချင်သလဲ။

ပဒိုစောစိုးမြင့် – အစိုးရရဲ့ လုပ်ငန်းအခန်းကဏ္ဍတွေကို ကျနော်တို့ ဘာမှ ဝင်မစွတ်ဖက်ပါဘူး။ ကျနော်တို့ အရင် ကတည်းက ဆိုလို့ရှိရင် ကျနော်တို့ ဟိုး NCA ထိုးကတည်းက ဒီနေရာ ဒီဒေသတွေမှာ ကျနော်တို့ နေလာနေပြီလေ။ ကျနော်တို့ အမြဲနေတာပဲ အဲဒါသူတို့ရဲ့ အုပ်ချုပ်ရေးကို ကျနော်တို့ ဘာမှ ဝင်မစွတ်ဖက်ပါဘူး။ ဒီစစ်တပ်က အကုန်လုံး ကျနော်တို့ အုပ်ချုပ်ရေးကို ဝင်စွတ်ဖက်တာပဲ ပွင့်ပွင့်လင်းလင်းပြောလို့ရှိရင်။

သတင်းနှင့် မီဒီယာကွန်ရက် – ရောဂါကာကွယ် တားဆီးရေး လုပ်ငန်းကို NCA စာချုပ်အတိုင်း လုပ်ဆောင်ဖို့ တပ်မတော်က KNU ကို ပြောဆိုလာတာ ရှိတယ်ဆိုတော့ အဲဒီအပေါ်မှာရော ဘာပြောချင်သလဲ။

ပဒိုစောစိုးမြင့် – ကျနော် ဒီ NCA ရဲ့ စာချုပ်အပေါ်မှာ ကျနော်ပြောမယ်ဆိုရင်တော့ ကျနော်တို့က တစ် အစိုးရ ဖက်က ကျနော်တို့ အစိုးရကျန်းမာရေးဌာနကနေပြီးတော့ ကိုယ့်ခရိုင် ကိုယ့်ခရိုင်အဆင့်ပေါ့နော ခရိုင် ကျန်းမာ ရေးဌာနနဲ့ ကျနော်တို့ ခရိုင်ကျန်းမာရေးဌာနနဲ့ တွေ့ဆုံဆွေးနွေးလုပ်မယ်ဆိုလို့ရှိရင်လည်း ရတယ်။ ဒါတွေက လည်း အစိုးရဖက်က သူတို့ဘာမှမလုပ်တဲ့အခါကျတော့ ကျနော်တို့လည်း ဘာမှပြောလို့မရဘူး သူတို့မလုပ်တဲ့ အခါကျတော့ ကျနော်တို့ကတော့ လုပ်သင့်လုပ်ထိုက်တယ် ထင်လို့ ကျနော်တို့ကတော့ လုပ်တာပေါ့နော ဒါပေမယ့် တစ်ဖက်က ကျနော်တို့ ချိတ်ဆက်ထားတာရှိတယ်။ ကျနော်တို့ ဗဟိုကနေ ကျနော်တို့ကို သင်တန်း လာပေးတာက တကယ်လို့ covid-19 သံသယရှိတဲ့ လူနာတွေ့မယ်ဆိုလို့ရှိရင် ကျေးရွာက ဆရာဝန် ရဲ့ ဖုန်းနံပါတ်ကို သူပေးထားတယ် ကျနော်တို့ကတော့ ကျနော်တို့လည်း ရောဂါပိုးတွေ့ရှိမယ်ဆိုလို့ရှိရင် ကျနော်တို့ ကုသဖို့မဟုတ်ဘူး ကျနော်တို့ဆီမှာ ကျနော်တို့ထားဖို့အတွက်လည်း မဟုတ်ဘူး ပြီးလို့ရှိရင် သက်ဆိုင်ရာ အစိုးရဌာနနဲ့ ကျနော်တို့ ချိတ်ဆက်ပြီးတော့ ကျနော်တို့ လုပ်ဆောင်သွးမှာပေါ့နော။ အစိုးရဌာနကနေပြီးတော့ ကျနော်တို့ကိုလည်း ဒီဘာမှစာမလာ သတင်းမကြား ဒီဆွေးနွေးတာလည်း မရှိတဲ့အခါ လက်ရှိတွေ့ရှိနေတဲ့ အခြေအနေတွေဟာ ကိုဗစ်ရောဂါ တစ်နိုင်ငံလုံး မဟုတ်တာတောင်မှ ဒီနိုင်ငံထဲမှာ ပိုးတွေ့ပြီဆိုတော့ ကျနော်တို့လည်း စိုးရိမ်တာပေါ့။

သတင်းနှင့် မီဒီယာကွန်ရက် – တစ်ဖက်မှာလည်း သမ္မတကနေပြီးတော့ covid-19 ရောဂါကာကွယ် တား ဆီးဖို့အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းညှိနှိုင်းဖို့ ကော်မတီဖွဲ့ထား တယ်လို့ သိရတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ KNU ကို အစိုးရဖက်က အကြောင်းကြားလာတာရှိလား။

ပဒိုစောစိုးမြင့် – အစိုးရဖက်က KNU ဗဟိုကို အကြောင်းကြားထားတာရှိတယ် အဲဒီစာကိုလည်း ကျနော်တို့ ရတယ်။ ဘာဖြစ်လဲ အဲဒီမှာ အဲဒီ ၂၁ ရက်နေ့မှာ ကျနော်တို့ ဗိုလ်မှူး အောင်ကိုကိုနဲ့ ကျနော်သွားတွေ့တယ် အဲဒီစာ ကျနော်ကို ပြတယ်။ ကျနော်ရှေ့မှာ သူပြောတာက အဲဒီ ဆလိမ် စာမျက်နှာ နောက်ဆုံးအပိုဒ်သူပြော တယ် ကျနော်တို့ သူတို့ ပူးပေါင်းလုပ်မယ်ဆိုလို့ရှိရင် NRPC ရုံးရဲ့ ခွင့်ပြုချက်ကို ကျနော်တို့ ရယူရမယ် ပြီးလို့ ရှိရင် အဲဒီကော်မတီ ၄ ယောက်မှာပါတဲ့ အဲဒီမှာ တိုင်းရင်းလက်နက်ကိုင် နဲ့ ပူးပေါင်းလုပ်ဆောင်မယ့် အဲဒီတာ ဝန်ရှိတဲ့ လူ ၄ ယောက် ကနေပြီးတော့ လူ ၄ ယောက်ဆီက ခွင့်ပြုချက်ရယူပြီးမှ တိုင်းကလည်း ခွင့်ပြုချက် ရယူရမယ် ပြည်နယ်လည်း ခွင့်ပြုချက်ရယူရမယ် ပြီးမှ ခင်ဗျားတို့ လုပ်ရမယ် အဲလိုလုပ်လို့မရဘူး။ အဲလိုသူတို့က အဲလို ပြောတယ်။

သတင်းနှင့် မီဒီယာကွန်ရက် – ဆိုတော့ KNU အနေနဲ့ အစိုးရနှင့် ပူးပေါင်းလုပ်ဆောင်ဖို့အတွက် အဆင့်ဆင့် ကို ကျော်ဖြတ်ပြီးမှ လုပ်ရမယ်ဆိုတော့ ဘယ်လိုအခက်အခဲတွေ ရှိလာနိုင်သလဲ။

ပဒိုစောစိုးမြင့် – ဘာအခက်အခဲတွေ ကြုံလာနိုင်တယ်ဆိုတော့ အခက်အခဲကတော့ အခုစစ်တပ်ကနေ ကျနော် တို့ ဖြုတ်ခိုင်းတဲ့ ကိစ္စ အဲဒီမှာ အခက်အခဲပေါ့နော်။ အခက်အခဲကြုံရတာပေါ့နော်။ ဘာဖြစ်လို့လဲဆိုရင် ကျနော် တို့ ရောဂါကာကွယ်ရေးနဲ့ ပတ်သက်လို့ ကမ္ဘာတစ်လွှားမှာမက အခုမြန်မာနိုင်ငံလည်း ရောဂါပိုးတွေ တွေ့ရှိ တယ် ဆိုတော့ကျနော်တို့ ဒီပြည်သူတွေထဲ ဒီရောဂါပိုးတွေ မပြန့်နှံဖို့အတွက် ကျနော်တို့ KNU အနေနဲ့ ဒါပေ မယ့် သူတို့ တားဆီးပိတ်ပင်တဲ့ ကြားက ကျနော်တို့ လုပ်နိုင်တဲ့ နည်းလမ်းတွေကိုတော့ ရှာကြံညှိနှိုင်းပြီးတော့ ကျနော်တို့ အထက်လူကြီးနဲ့ ကျနော်တို့ ဘယ်လိုရယူရမလဲ ကျနော်တို့ ဘယ်လိုလုပ်ရမလဲဆိုတာ လမ်းညွှန် ချက်တွေ ကျနော်တို့ ရယူရမယ်။ အဲဒီမှ လမ်းညွှန်ချက်တွေ ရယူမယ် ဆိုလို့ရှိရင် ကျနော်တို့ ဆက်လုပ်ဖို့တော့ အစီအစဉ်ရှိပါတယ်။

သတင်းနှင့်မီဒီယာကွန်ရက် – လက်ရှိ သမ္မတကနေ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ covid-19 ရောဂါကာ ကွယ် တားဆီးရေးအတွက် ပူးပေါင်းညှိနှိုင်းလုပ်ဆောင်ဖို့ ကော်မတီဖွဲ့လိုက်တဲ့အပေါ်မှာ ဘာပြောချင်သလဲ။

ပဒိုစောစိုးမြင့် – ကျနော်ထင်တာကတော့ နောက်တောင်နောက်ကျနေပြီလို့ ကျနော်ထင်တယ် အဲဒီတိုင်းရင်း သား လက်နက်ကိုင်နဲ့ ပူးပေါင်းဆောင်ရွက်ရမယ်ဆိုတော့ ဟိုးစစက မဖြစ်ခင်က ဟိုးတရုတ်ပြည်မှာ စဖြစ်တုန်း က ဒီမှာကြိုတင် လုပ်ဆောင်သင့်တယ်လို့ ကျနော်က အဲလိုပဲ ယူဆချက်ပေးချင်တယ်။

Most read this week

May 1, 2024
ကရင်နီပြည်ရှိ တော်လှန်ရေးတပ်ပေါင်းစုများ သိမ်းပိုက်ထားသော မြို့အများစုတွင် မြေမြုပ်မိုင်း...
April 25, 2024
စစ်တွေမြို့ထဲက ထွက်ချင်တဲ့လူတွေအများကြီးပဲ။ ထွက်ဖို့အတွက် လမ်းခရီးကိုစုံစမ်းဖို့ အဆက်အသွယ်...