ကျောက်ဖြူမြို့တွင် လမ်းလျှောက်လာသူကို သတင်းအရ ရပ်တန့်စစ်ဆေးရာမှ မူးယစ်ဆေးဝါးများဖမ်းမိ

ကျောက်ဖြူမြို့တွင် လမ်းလျှောက်လာသူကို သတင်းအရ ရပ်တန့်စစ်ဆေးရာမှ မူးယစ်ဆေးဝါးများဖမ်းမိ
by -
နိရဥ္စရာ
ကျောက်ဖြူမြို့၊ အရာရှိရပ်ကွက်၊ ငလပွေ့လမ်း၊ မီးစက်ကြီးအနီးတွင် ဖေဖော်ဝါရီလ(၁၉)ရက် ညနေ(၈း၃၀)နာရီခန့်က လမ်းလျှောက်လာသူကို သတင်းအရ ရပ်တန့်စစ်ဆေးရာမှ မူးယစ်ဆေးဝါးများဖမ်းမိကြောင်း သတင်းရရှိသည်။

njr2101အမှတ်(၄၈) မူးယစ်တပ်စုမှူး ကျောက်ဖြူနှင့် တပ်ဖွဲ့ဝင်များ ၊ ကျောက်ဖြူမြို့မရဲစခန်းမှ ရဲအုပ်ရဲထွန်းနှင့် တပ်ဖွဲ့ဝင်များ သက်သေအဖြစ် အလယ်ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်း၊ စေတီတောင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းလှိုင်၊ အရာရှိရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်ဖြူ တို့အဖွဲ့မှ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

‘‘ လမ်းလျှောက်လာသူကို သတင်းအရ စစ်ဆေးရာက ဖမ်းမိတာဖြစ်ပါတယ်။ ဖမ်းမိသူကို ထပ်မံစစ်ဆေးချက်အရ နောက်နေအိမ်တစ်အိမ်ကို ၀င်ရောက်ပြီးတော့ ရှာဖွေခဲ့ရာမှာ ထပ်မံဖမ်းမိတာပါ။ ဖမ်းမိသူနှစ်ဦးပါ’’ဟု ကျောက်ဖြူမြို့မရဲစခန်းက တာဝန်ရှိသူတစ်ဦးကပြောသည်။

အရာရှိရပ်ကွက်၊ ငလပွေ့ဆင်းလမ်းအနောက်ဘက်မှ အရှေ့ဘက်သို့လမ်းလျှောက်လာသော မောင်မောင်ဆွေ(ခ)အဘု အသက်( ၂၀ )နှစ် အုန်းခင်းစုလမ်း၊ အရာရှိရပ်ကွက်အား အမေ့လက်ရာထမင်းဆိုင်ရှေ့တွင် ရပ်တန့်စစ်ဆေးရာ ကြွပ်ကြွပ်အိတ်အနက်ရောင်အပိုင်းစဖြင့် ထုတ်ထားသော WY စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား(၁၅)ပြား ဖမ်းဆီးရမိခဲ့သည်။

မောင်မောင်ဆွေ(ခ)အဘု၏ထွက်ဆိုချက်အရ ရွှေလှကြီး(ခ) ရွှေလှဝေ အသက်(၂၉)နှစ် အရာရှိရပ်ကွက်နေသူထံမှ တစ်ပြားလျှင်(၃၀၀၀)ကျပ်ဖြင့် ၀ယ်ယူခဲ့ကြောင်းထွက်ဆို၍ (၁၀း၄၅)နာရီတွင် ၎င်းနေအိမ်သို့ သွားရောက်စစ်ဆေးခဲ့ရာ WY ပန်းရောင်စိတ်ကြွဆေးပြား (၈၆)ပြားနှင့် အစိမ်းရောင်(၁)ပြား စုစုပေါင်း (၈၇)ပြားကို ကြွပ်ကြွပ်အိတ်အနက်ရောင်အပိုင်းစဖြင့်ထုပ်လျက် အိမ်နောက်ဘက် အိမ်သာဘေးတွင် ကပ်လျက် သွပ်ပြားကြားတွင် တွေ့ရှိခဲ့ကြောင်းသတင်းရရှိသည်။

၎င်းတို့ နှစ်ဦးထံမှ ဖမ်းဆီးရမိသော WY ပန်းရောင် (၁၀၁)ပြားနှင့် အစိမ်းရောင်(၁)ပြား၏ ခန့်မှန်းတန်ဖိုးမှာ ကျောက်ဖြူရဲစခန်း၏ တွက်ချက်မှုအရ ကျပ်ငွေ(၃၀၆၀၀၀)ရှိကြောင်းသိရသည်။

မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိသူကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူပေးပါရန် ကျောက်ဖြူမြို့မရဲစခန်းသို့ ဒုရဲမှူး အယ်လ်ခန်းအောင် အမှတ်(၄၈) မူးယစ်တပ်ဖွဲ့စု ကျောက်ဖြူမှ တိုင်ကြားခဲ့သဖြင့် ရွှေလှကြီး(ခ)ရွှေလှဝေအား ကျောက်ဖြူမြို့မရဲစခန်း မူးယစ်(ပ)/(၃/၁၇)၊ မူးယစ်ပုဒ်မ ၁၅/၁၉(က)/၂၁ တို့အရလည်းကောင်း မောင်မောင်ဆွေ(ခ)အဘု အား ကျောက်ဖြူမြို့မရဲစခန်း မူးယစ်(ပ)/(၂)/၁၇)၊ မူးယစ်ပုဒ်မ ၁၅/၁၆(ဂ)/၂၁ တို့အရလည်းကောင်း အမှုဖွင့်ကာ ကျောက်ဖြူမြို့မရဲစခန်းမှ ဒုရဲအုပ်လှမိုးမှ စစ်ဆေးလျက်ရှိကြောင်းသိရသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...