မိုးညှင်းမှ Covid-19 လူနာအမှတ် ၁၄၄ နှင့် ဆက်သွယ်မေးမြန်းခြင်း

မိုးညှင်းမှ Covid-19 လူနာအမှတ် ၁၄၄ နှင့် ဆက်သွယ်မေးမြန်းခြင်း

Q : ဆေးရုံမှာ နေနေရတဲ့ လက်ရှိအခြေအနေ ဘယ်လိုရှိသလဲ။

A : ကောင်းပါတယ်။

Q : အစ်ကိုကျန်းမာရေးအခြေအနေက အခု ဘယ်လို ခံစားနေရလဲ။

A : အခုကတော့ ကောင်းပါတယ်။ မနေ့ကတော့ ရင် နည်းနည်း ကျပ်တယ်။ ဒါပေမဲ့ ဆေးသောက်လိုက်တော့ နေလို့ ကောင်းသွားပါတယ်။

Q : အစ်ကို့ကို ဆေးရုံကနေ ဘယ်လို စောင့်ကြပ်ကုသမှုတွေ ပြုလုပ်ပေးနေလဲ။

A : ဒီမှာက ၂၄ နာရီ ကျွန်တော်ကို စောင့်ကြည့်နေပါတယ်။ ဆရာမတွေ၊ နေ့ နှစ်ယောက်၊ ညနှစ်ယောက်ပေါ့နော်။ နှစ်ဂျူတီပေါ့နော်။ ကျွန်တော် ဘာဖြစ်လို့ ရှိရင် ချက်ချင်း ပြောပေါ့နော်။ အဲဒီလို စောင့်ကြည့်ပေးနေပါတယ်။

Q :  အခု သူတို့ ကုသပေး၊ သောက်ခိုင်းနေတဲ့ ဆေးတွေက ဘယ်လို ဆေးတွေလဲ။

A : အခု ရောဂါကနော်၊ ဆရာတွေလည်းပြောကြတယ်၊ ဆရာတွေလည်း ပြောကြတယ်။ ဆေးကတော့ မရှိဘူးပေါ့။ မရှိဘူးဆိုတော့ ဒီလို ရိုးရိုး ကျွန်တော်တို့ သောက်နေတဲ့ ဆေးတွေပဲ အဲဒီလိုပဲ ပေးတယ်။ ပြီးရင် တခုခု၊ ချောင်းဆိုးတယ်ဆိုရင် ချောင်းဆိုးပျောက်ဆေး ပေးတယ်။ ဖျားလို့ ရှိရင်တော့ အဖျားကျဆေး၊ အဲဒီလို ပေးတယ်။ ဒီလို Covid-19 ဆေးတော့ မရှိသေးဘူး။ ဟုတ်၊ အခုလောလောဆယ်တော့ မရှိသေးဘူးပေါ့။ အဲလိုပဲကုနေတယ်။

Q :  အစ်ကို့အနေနဲ့ အခု ရောဂါခံစားနေရတော့ ဘယ်လို စိုးရိမ်မှုတွေ ရှိနေလဲ။

A : စိုးရိမ်စိတ်ကတော့ ရှိတော့ ရှိတာပေါ့။ ဆရာဝန်တွေ ပြောတာက လူငယ်တွေက ခုခံအား ကောင်းတယ်။ ကိုယ်ခံအား ကောင်းရင် ပြန် ပျောက်တယ် ဆိုတော့ အဲလောက်ကြီး မစိုးရိမ်ပါဘူး။

Q : Quarantine ထားရှိသူတွေ၊ သံသယလူနာတွေ၊ ရောဂါခံစားနေရတဲ့သူတွေကို ဘယ်လို အကြံဉာဏ် ပေးချင်ပါသလဲ။

A : ဒီရောဂါကတော့ နေရာတော်တော်များများမှာ ဖြစ်လာပြီဆိုတော့ အဲလောက်ကြီးလည်း မကြောက်ကြပါနဲ့လို့ အဲလို ပြောချင်တယ်။ ကြောက်ရင်လည်း ကြောက်ရမှာဆိုတော့ ဒီရောဂါက အကူးမြန်တဲ့ အခါကျတော့ နည်းနည်းတော့ ဂရုစိုက်ရမှာပေါ့နော်။ အဲလောက်ကြီးလည်း မစိုးရိမ်ပါနဲ့လို့ ပြောချင်တယ်။

Q : ဒီရောဂါ ကပ်ဆိုးကြီးအတွင်းမှာ ကူညီပေးခဲ့တဲ့ သူတွေကို အစ်ကို့အနေနဲ့ ဘယ်လို ကျေးဇူးတင်စကား ပြောချင်ပါသလဲ။

A : ကျွန်တော်ကိုအားပေးတဲ့၊ အားပေးစကား ပြောပေးတဲ့လူတွေ၊ အလှူရှင်တွေရယ်၊ ဂရုစိုက်တဲ့လူတွေရယ် အကုန်လုံး၊ စိုးရိမ်ပေးကြတဲ့ လူတွေကို အထူးပဲ ကျေးဇူးတင်ပါတယ်လို့ ပြောချင်တယ်။

မွန်းမွန်းပန် မေးမြန်းသည်။

July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...
ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...
July 16, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်အစပ်ရှိ ဆယ်ဇင်းဒေသဘက်တွင်...