ကျေးရွာအတွင်း လက်နက်ကျည်ကျရောက်သဖြင့် ပုဏ္ဏားကျွန်းဒေသခံ ၄၀၀ ကျော်ထွက်ပြေး

ကျေးရွာအတွင်း လက်နက်ကျည်ကျရောက်သဖြင့် ပုဏ္ဏားကျွန်းဒေသခံ ၄၀၀ ကျော်ထွက်ပြေး

ဝင်းညွန့် — ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကြာညိုကန်ကျေးရွာတွင် မတ်လ ၁ ရက်နံနက်ပိုင်းက လက်နက်ကြီး၊ လက်နက်ငယ်ကျည်များသည် ကျေးရွာအတွင်းနှင့် ရွာအနီးတို့တွင် ကျရောက်လာသဖြင့် ရွာသားများထွက်ပြေးနေရကြောင်း ၎င်းကျေးရွာသားများထံမှ သိရသည်။

အဆိုပါ ကြာညိုကန်ကျေးရွာမှ ရွာသား ၄၀၀ ကျော်သည် ပုဏ္ဏားကျွန်းမြို့နယ် နတ်တောင်၊ ကမ်းထောင့်ကြီး စသည့်ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု အမည်မဖော်လိုသည့်ကြာညိုကန်ကျေးရွာသား တစ်ဦးက ပြောသည်။

“ပုဏ္ဏားကျွန်းမြို့ပေါ် ၅၅၀ တပ်ရင်းက ဒီနေ့မနက်ကနေ လက်နက်ကြီး၊ ငယ်တွေပစ်နေတာ။ လက်နက်ကြီး တွေက ရွာအနီးကိုကျတယ်။ ရွာထဲမှာဆို လက်နက်ငယ်တွေကျတယ်။ အဲ့လိုကျလို့ ရွာသားတွေက အနီးအနား ကျေးရွာတွေကို ထွက်ပြေးနေရတယ်” ဟု ၎င်းကဆိုသည်။

ကြာညိုကန်ကျေးရွာတွင် အိမ်ခြေ ၁၅၀ ကျော်၊ လူဦးရေ ၅၀၀ ကျော်ရှိသည့်အနက် အမျိုးသားအချို့နှင့် သက်ကြီးရွယ်အိုအချို့ ကျေးရွာတွင်ကျန်ရှိခဲ့ကာ အခြားသူများမှာ နီးစပ်ရာကျေးရွာများသို့ ထွက်ပြေးသွားခဲ့ ကြောင်း သိရသည်။

၎င်းကျေးရွာအနီးတွင် ယနေ့တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပုဏ္ဏားကျွန်းမြို့ ၅၅၀ တပ်ရင်းနှင့် လက်ဝဲစာတိုက်ဘက်မှ ပစ်ခတ်နေခြင်းဖြစ်ကြောင်း ပုဏ္ဏာကျွန်းမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ဆိုသည်။

“ဒီနေ့တော့ အဲဒီရွာနားမှာ တိုက်ပွဲဖြစ်တာမရှိဘူး။ လက်နက်ကြီးကတော့ ဒီနေ့ နံနက်ကတည်းကပစ်နေတာ။ ပစ်တာကတော့ တပ်ရင်း(၅၅၀)နေပြီးတော့ပစ်တာ”ဟု ၎င်းကပြောသည်။

ယခုပစ်ခတ်မှုနှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းဇော်ဦးတို့အား DMG မှ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ဘေးရှောင်ဦးရေ တစ်သိန်းခြောက်သောင်းကျော်အထိရှိလာကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)က ဧပြီလ ၃၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

အခြားတစ်ဖက်တွင်လည်း ပြည်နယ်အစိုးရ၏ခွင့်ပြုချက်မရှိဘဲ စစ်ဘေးရှောင်စခန်းများအား တည်ဆောက်ခြင်း မပြုရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ညွှန်ကြားထားသည်။

ရသေ့တောင်မြို့နယ်အတွင်း ပုဂ္ဂလိကအလှူရှင်များ၏အကူအညီဖြင့် စစ်ဘေးရှောင်စခန်းတစ်ခု ဆောက်လုပ် နေမှုအား ပြည်နယ်အစိုးရ၏ခွင့်ပြုချက်မရှိဘဲဆောက်လုပ်နေသဖြင့် အချိန်မီတားဆီးရန်နှင့် ပြည်နယ်အစိုးရ၏ စီမံခန့်ခွဲမှုဖြင့်သာဆောင်ရွက်ရန် ဧပြီလ ၂၉ ရက်နေ့ ရက်စွဲဖြင့်ထုတ်ပြန်ထားသည့် ညွှန်ကြားစာတစ်စောင်ကို လူမှုကွန်ယက်စာမျက်နှာပေါ်တွင် တွေ့ရှိရသည်။

စက်တင်ဘာလ ၁၆ ရက်နေ့ စစ်တွေ-ပုဏ္ဏားကျွန်းအစပ် ကွမ်းတောင်နှင့် အမြင့်ကျွန်းကျေးရွာအနီး တိုက်ပွဲ၌ အာရက္ခတပ်တော်က ဖမ်းဆီးရမိခဲ့သော စစ်အုပ်စုတပ်ဖွဲ့ဝင်များ။ / AA Info Desk
September 21, 2026
ရခိုင်ပြည်အတွင်း ဆုံးရှုံးသွားသော နယ်မြေများကို ပြန်လည်ရရှိရေးအတွက် စစ်အုပ်စုတပ်က ကြည်း၊ ရေ၊ လေ...
စစ်အုပ်စုတပ်၏ ရေကြောင်းလေ့ကျင့်မှုတစ်ခု။ / Crd - cincds
September 21, 2026
ရခိုင်ပြည်၊ ဝီရဌာနီ (ပေါက်တော) မြို့နယ်မှ မွတ်ဆလင် ငါးဖမ်းစက်လှေနှစ်စီးကို စစ်အုပ်စုတပ်၏...
ပုဏ္ဏားကျွန်းမြို့သိမ်းတိုက်ပွဲအပြီးတွင် AA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ / AA Info Desk
September 19, 2026
စစ်တွေစစ်မျက်နှာတွင် စစ်အုပ်စုတပ်၏ ထိုးစစ်ကို ခုခံတိုက်ခိုက်နေရာမှ အာရက္ခတပ်တော် (AA) က တန်ပြန်...
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေး လမ်းကြောင်းတစ်နေရာအား ၂၀၂၅ ခုနှစ် အတွင်းက တွေ့ရစဉ်။ / Photo Crd - DMG
September 19, 2026
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းရှိ ခယ်ခုံဂိတ် အငြင်းပွားမှုတွင် ပါဝင်သည့်...