ရခိုင့်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကွန်ရက်မှ တာဝန်ရှိသူများ စစ်တွေတွင် တွေ့ဆုံ

ရခိုင့်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကွန်ရက်မှ တာဝန်ရှိသူများ စစ်တွေတွင် တွေ့ဆုံ
by -
နိရဥ္စရာ
ရခိုင့်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကွန်ရက်မှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့မှ ၁၉ ရက်နေ့ထိ ၂ ရက်တာ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

“၂ ရက်တာ တွေ့ဆုံ ဆွေးနွေးကြတာပါ။ မနေ့ကတော့ ကျွန်တော်တို့ ဖြတ်သန်းလုပ်ဆောင်လာခဲ့တဲ့ ၄ နှစ်တာကာလ လုပ်ဆောင်ချက်တွေကို ပြန်လည်သုံးခြင်းပြုလုပ်ပြီးတော့ ကော်မတီထဲမှာ ထဲထဲဝင်ဝင် မလုပ်နိုင်တဲ့ ကော်မတီဝင်တွေ နေရာမှာ အစားထိုးရွေးချယ်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဒီနေ့မှာတော့ ရှေ့လုပ်ငန်းစဉ်တွေအကြောင်း ဆွေးနွေး ကြပါတယ်”ဟု ရခိုင့်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကွန်ရက်မှ ဦးဆောင်ကော်မတီဝင် ကိုထွန်းကြည်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ယင်းသို့ ဆွေးနွေးရာတွင် ကျောက်ဖြူစီးပွားရေးဇုံနှင့်ပတ်သက်ပြီး ကော်မတီဝင်များ၏ အမြင်သဘောထားနှင့် မြေယာနှင့်ပတ်သက်ပြီး မူဝါဒရေးဆွဲရေးအပိုင်းများကို ဆွေးနွေးဖြစ်သည်ဟု ဆိုသည်။

“အသေးစိတ်အနေနဲ့ကတော့ ကျွန်တော်တို့မှာ အခု သယံဇာတပေါ်လစီကို ရေးဆွဲထားနိုင် ခဲ့ကြပါပြီ။ လက်ရှိမှာလည်း သယံဇာတပေါ်လစီရဲ့ လူသိများတဲ့အပိုင်းတွေကို ဆက်လုပ်သွားမယ်။ ပြည်သူလူထု လက်ခံလာတဲ့အထိ ပြည်သူ လူထုကို ချပြမှုတွေ ပြုလုပ်မယ့် အပိုင်းတွေရှိတယ်။ နောက်တစ်ပိုင်း အနေနဲ့ကတော့ ဒီနှစ်မှာ ကျွန်တော်တို့ ကွန်ရက်အနေနဲ့ မြေယာပေါ်လစီတစ်ခုကို ရေးဆွဲသွားကြမယ်ဆိုပြီးတော့ ဆွေးနွေးဖြစ်ပါတယ်”ဟု ကိုထွန်းကြည်က ပြောသည်။

မြေယာနှင့် သဘာဝပတ်ဝန်းကျင်နှင့်ပတ်သက်၍ ဆွေးနွေးကြရာတွင် အမ်းမြို့နယ်တွင် သစ်တောများ ပြုန်းတီးခါနီး အခြေအနေများ၊ ကျောက်ဖြူအထူးစီးပွားရေးဇုံတည်ဆောက်မည့် အခြေအနေများ၊ အမ်းမြို့နယ်တွင် မြေယာ သိမ်းဆည်းခံထားရမှုအခြေအနေ ၊ မြေယာ သိမ်းဆည်းခံထားရမှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးကြရာတွင် လက်ရှိအသိမ်းဆည်းခံထားရသည့် လယ်ယာနှင့်အကြောင်းအရာများနှင့် ထုတ်လုပ်နေသည့် သယံဇာတများနှင့်ပတ်သက်၍ သဘောထားနှင့် ရှေ့ဆက်လုပ်မည့် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများနှင့်ပတ်သက်၍ မည်သို့မည်ပုံ သုံးသပ်သွားကြမည့်အပိုင်းများကို ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။

ရခိုင့်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကွန်ရက်၏ သဘာဝသယံဇာတနှင့်ပတ်သက်သည့် မူဝါဒကို ၂၀၁၆ ခုနှစ်တွင် ရေးဆွဲခဲ့ပြီး၊ ယင်းမူဝါဒမှာ ရခိုင်ပြည်နယ်ရှိ လေ၊ မြေ၊ရေ အားလုံးကို ရခိုင်လူထု ပိုင်ဆိုင်ရမည်ဖြစ်ပြီး ရခိုင်လူထုကိုယ်တိုင် စီမံခန့်ခွဲပိုင်ခွင့် ရှိရမည်ဖြစ်သည်ဟု ကိုထွန်းကြည်က ဆိုသည်။

ရခိုင့်သယံဇာတနှင့် သဘာဝပတ်ဝန်ကျင်းဆိုင်ရာ ကွန်ရက်ကို ဦးဆောင်ကော်မတီဝင် ၁၀ ဦးနှင့် ကော်မတီအဖွဲ့ဝင် ၄၀ ဦးတို့ဖြင့် ဖွဲ့စည်းထားပြီး ရခိုင်ပြည်နယ် ၁၇ မြ်ို့နယ်မှ အရပ်ဘက် လူမှုအဖွဲ့အစည်းများ ပါ၀င်သည်ဟု သိရှိရသည်။

Most read this week

January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...
January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...