၂၁ ပင်လုံညီလာခံ ကျင်းပမည့်ရက် ပြန်လည်ညှိနှိုင်းနေ

၂၁ ပင်လုံညီလာခံ ကျင်းပမည့်ရက် ပြန်လည်ညှိနှိုင်းနေ
by -
မဇ္ဈိမ
NLD အစိုးရလက်ထက် ဒုတိယအကြိမ်ကျင်းပမည့် ၂၁ ပင်လုံညီလာခံကို မတ်လထဲတွင် ကျင်းပရန်ရှိသော်လည်း ကျင်းပ နိုင်မည့်ရက်ကို   ပြန်လည်ညှိနှိုင်းနေဆဲဖြစ်ကြောင်း သိရသည်။

သမ္မတရုံး ဒုညွှန်ကြားရေးမှူး ဦးဇော်ဌေးက ၂၁ ပင်လုံကျင်းပမည့်ရက်နှင့် ပတ်သက်၍ “ အခုရက်က ညှိနေတယ် ကျွန်တော်တို့ KNU လည်းအဆင်ပြေ ၊ ကျွန်တော်တို့ဘက်ကလည်းအဆင်ပြေတဲ့ရက် လုပ်နေတယ်။ ရက် ညှိနေတုန်း၊ ဒါပေမယ့် မတ်လထဲမှာတော့ လုပ်မယ်” ၄င်းက ပြောဆိုသည်။

ဒုတိယအကြိမ် ၂၁ ရာစုပင်လုံ ညီလာခံကို မူလက ဖေဖော်ဝါရီလ ၂၈ ရက်တွင် ကျင်းပရန် သတ်မှတ်ခဲ့ပြီးနောက် တစ်ချို့ တိုင်းရင်းသားအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ မကျင်းပနိုင်သေးသဖြင့် မတ်လ ၁၅ ရက်သို့ ရွှေ့ပြောင်းထား ကြောင်း UPDJC အဖွဲ့ဝင်အချို့မှ ပြောဆိုထားသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ၁၆ ကြိမ်မြောက် ညီလာခံကို လာမည့် မတ်လ ၁၄ ရက်နေ့တွင် ကျင်းပရန်မည် ဖြစ်၍ ပင်လုံညီလာခံကို မတ်လ ၁၅ ရက်သတ် မှတ်ပါက တက်ရောက်ရန်အခက်ခဲရှိနေသည့်အတွက် ပြန်လည်ညှိနှိုင်း နေခြင်း ဖြစ်သည်ဟု ဆိုသည်။

 “ ကျွန်တော်တို့ ညီလာခံကို ၁၄ ရက်နေ့စမယ် ၂၁ ပင်လုံနဲ့ ညီလာခံနဲ့သွားတိုက် ဆိုင်လို့ရှိရင် တော့ တတ်ဖို့အခက်အခဲရှိတယ်။ ဘယ်လိုတတ်ရမယ်ဆိုတာတော့ ကျွန်တော်စဉ်းစားဦးမှာပေါ့နော်။ အကုန်လုံး မတတ်နိုင်တဲ့သဘောလား နို့မို့လည်း ဘယ်ပုံစံနဲ့ လုပ်မလည်းဆိုတာက စဉ်းစားရဦးမှာပေါ့ အခက်အခဲရှိတာပေါ့ မတတ် ဘူးဆိုတာမပြောပါဘူး။ နှစ်ဖက်စလုံးအဆင်ပြေတဲ့ရက်ပါပဲ ဘယ်ရက်ပဲဖြစ်ဖြစ်ပေါ့ နှစ်ဖက်လုံးကလည်း မထိမခိုက် ဘဲနဲ့ သွားလို့ရတဲ့နည်းလမ်းရှာပေါ့ လုပ်လို့ရပါတယ် ဒါတွေက ဘယ်နည်းပဲဖြစ်ဖြစ် “ ဟု ကရင်အမျိုးသားအစည်းအရုံး၊ အထွေထွေ အတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းက ပြောဆိုသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU)၏ ၁၆ ကြိမ်မြောက် ညီလာခံကို မတ်၁၄ တွင်ကျင်းပရန်ရှိသည်ကိုလည်း အစိုးရ ဘက်သို့ အကြောင်းထားပြီးကြောင်း ၄င်းကဆက်လက်ပြောဆိုသည်။

KNU သည် ၂၀၁၅ ခုနှစ် အောက်တိုဘာလက ယခင်အစိုးရနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်ရပ်စဲရေး စာချုပ်မူကြမ်း (NCA)ကို အခြား လက်နက်ကိုင် အဖွဲ့အစည်း ရဖွဲ့နှင့် အတူ လက်မှတ်ရေးထိုးခဲ့သည်။

ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...