လိုင်ဇာ သံသယလူနာ ပိုးမတွေ့

လိုင်ဇာ သံသယလူနာ ပိုးမတွေ့

ကချင်လွတ်လပ်ရေးအဖွဲ့ - KIO ဌာနချုပ် လိုင်ဇာရှိ ကိုရိုနာ အဆုတ်ရောင်ရောဂါ သံသယလူနာကို ဓါတ်ခွဲ ဆေးစစ်မှုများ ထပ်မံပြုလုပ်ခဲ့ရာ ရောဂါပိုး မတွေ့ကြောင်း KIO နယ်မြေ တွင် ဖွဲ့စည်းထားသည့် Covid-19 ရောဂါတားဆီးနှိမ်နင်းရေး ကော်မတီက သတင်းထုတ်ပြန်လိုက်သည်။

ကော်မတီ၏ ဧပြီလ ၁၄ ရက်နေ့ ထုတ်ပြန်ချက်တွင် “လိုင်ဇာမြို့ရှိ Covid-19 သံသယလူနာတစ်ဦးနှင့်အတူ အခြား (၈) ဦး၊ စုစုပေါင်း (၉) ဦး တို့အား ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၃) ရက်နေ့ညတွင် သွေးနမူနာထုတ်ယူ၍ ဓါတ်ခွဲ စစ်ဆေးခဲ့ပါသည်။ ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၄) ရက်နေ့ ဓါတ်ခွဲစစ်ဆေးချက် အဖြေအရ သံသယလူနာ အားလုံးမှာ Covid-19 ရောဂါ မရှိကြောင်း ထုတ်ပြန်အပ်ပါသည်” ဟုဖော်ပြထားသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာတွင် Covid-19 သံသယလူနာ တစ်ဦးတွေ့ရှိထားကြောင်း  KIO ၏ Covid-19 ရောဂါတားဆီးနှိမ်နင်းရေး ကော်မတီက ဧပြီ ၁၃  ညနေပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

March 30, 2026
မြန်မာစစ်တပ်အတွက် လက်နက်ပွဲစားလုပ်ကိုင်ပေးနေသော Synpex Shwe (SS) ကုမ္ပဏီသည်...
မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး ရန်ကုန် ရန်ကင်း (Facebook)
March 28, 2026
နိုင်ငံကူးလက်မှတ် ဥပဒေသစ်ဖြင့် နိုင်ကျဉ်းဟောင်းများကို စစ်ကော်မရှင်က...
Indaw Revolution (IR)
March 26, 2026
လူပေါင်း ၈၀ ခန့် သေဆုံးခဲ့ရသည့် တိုက်ခိုက်မှု နောက်ပိုင်း စစ်ကိုင်းတိုင်း ဒေသကြီး၊ ကသာမြို့တွင်...
ဓာတ်ပုံ - (ပုံဟောင်း)
March 25, 2026
ရှမ်းမြောက် နမ့်ခမ်းမှ ကိုးကန့်တပ် (MNDAA) တပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားပြီး ၁၀၅ မိုင်တွင်လည်း...