ကျန်းမာရေး ထိခိုက်မှု ရှိလာခြင်းကြောင့် အမှိုက်များ လာမပစ်ရန် ဒေသခံများ လမ်းပိတ်

ကျန်းမာရေး ထိခိုက်မှု ရှိလာခြင်းကြောင့် အမှိုက်များ လာမပစ်ရန် ဒေသခံများ လမ်းပိတ်
by -
ကန္တာရဝတီတိုင်း(မ်)
လွိုင်ကော်မြို့နယ် မထောခူကျေးရွာအုပ်စု ရေနီကန်ကျေးရွာ အနီးရှိ စည်ပင်က အမှိုက်များ စွန့်ပစ်နေသည့် အမှိုက်ပုံမှ အနံ့ဆိုးများကြောင့် ကျန်းမာရေးထိခိုက်မှုများ ရှိနေသည့်အတွက် ဒေသခံများက အမှိုက်ပုံ သွားရာလမ်းကို မေ ၂၄ ရက်က မြောင်းတူး၊ ကျောက်ချ၊ တိုင်များ စိုက်ပြီး ပိတ်ထားလိုက်သည်ဟု ဒေသခံများက ပြောသည်။

“အမှိုက်တွေက မိုးရွာတော့ အနံ့တွေပိုဆိုးလာတယ်၊ ဘယ်လိုုမှ မခံနိုင်တော့ဘူး၊ ဒီအနံ့ဆိုးတွေကြောင့် ရွာသား ၁၀ ယောက်နီးပါး ဆေးရုံတင်နေရပြီ၊ ဒါကြောင့် အမှိုက်ပုံသွားတဲ့ ကားလမ်းကို အခုလို ပိတ်ထားတာ ဖြစ်ပါတယ်” ဟု ရေနီကန် ကျေးရွာသား ဦးစောထယ်ပလော့က ပြောသည်။

ရွာသို့ အမှိုက်များ လာရောက် စွန့်ပစ်ခြင်းကို မြို့နယ် စည်ပင်သာယာ အဖွဲ့ရုံးသို့ စာဖြင့်၊ နှုတ်ဖြင့် တင်ပြခဲ့သော်လည်း တုံ့ပြန်ခြင်း မရှိဟု သူက ပြောသည်။

အမှိုက်ပုံက အနံ့ဆိုးများကြောင့် ယင်များ ပေါက်ဖွားမှု များလာကာ ရွာသူရွာသားများနှင့် ကလေးငယ်များ ဝမ်းပျက် ဝမ်းလျှောရောဂါ အဖြစ်များပြီး ဆေးရုံတင်ထားရသည်ဟု တခြားရွာသား တစ်ဦး ဖြစ်သူ ဦးအောင်ဝင်းကဆိုသည်။

“ညဆိုပိုဆိုးတယ် လေက ရွာဖက်တိုက်တော့ အနံ့ဆိုးတွေကြောင့် ကြာလာရင် ရွာသားတွေ ဘာရောဂါတွေ ထပ်ဖြစ်အုံးမှာလဲ မသိတော့ဘူး” ဟု သူက ပြောသည်။
Q
အမှိုက်များ လာမပစ်ရန် ဒေသခံများ လမ်းပိတ် (ဓါတ်ပုံ - ကေတီ)

May 19, 2026
လမ်းပန်းဆက်သွယ်ရေးအခက်ခဲနဲ့ ဆီစျေးနှုန်းကြီးမြင့်မှုတွေကြောင့် ဖယ်ခုံအနောက်ဖက်ခြမ်းက...
May 18, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ ဒေသဓလေ့အရ ကန်ခုနှစ်ဆင့်အမည်ရ ရေကန်ကို...
Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...