“အမှိုက်တွေက မိုးရွာတော့ အနံ့တွေပိုဆိုးလာတယ်၊ ဘယ်လိုုမှ မခံနိုင်တော့ဘူး၊ ဒီအနံ့ဆိုးတွေကြောင့် ရွာသား ၁၀ ယောက်နီးပါး ဆေးရုံတင်နေရပြီ၊ ဒါကြောင့် အမှိုက်ပုံသွားတဲ့ ကားလမ်းကို အခုလို ပိတ်ထားတာ ဖြစ်ပါတယ်” ဟု ရေနီကန် ကျေးရွာသား ဦးစောထယ်ပလော့က ပြောသည်။
ရွာသို့ အမှိုက်များ လာရောက် စွန့်ပစ်ခြင်းကို မြို့နယ် စည်ပင်သာယာ အဖွဲ့ရုံးသို့ စာဖြင့်၊ နှုတ်ဖြင့် တင်ပြခဲ့သော်လည်း တုံ့ပြန်ခြင်း မရှိဟု သူက ပြောသည်။
အမှိုက်ပုံက အနံ့ဆိုးများကြောင့် ယင်များ ပေါက်ဖွားမှု များလာကာ ရွာသူရွာသားများနှင့် ကလေးငယ်များ ဝမ်းပျက် ဝမ်းလျှောရောဂါ အဖြစ်များပြီး ဆေးရုံတင်ထားရသည်ဟု တခြားရွာသား တစ်ဦး ဖြစ်သူ ဦးအောင်ဝင်းကဆိုသည်။
“ညဆိုပိုဆိုးတယ် လေက ရွာဖက်တိုက်တော့ အနံ့ဆိုးတွေကြောင့် ကြာလာရင် ရွာသားတွေ ဘာရောဂါတွေ ထပ်ဖြစ်အုံးမှာလဲ မသိတော့ဘူး” ဟု သူက ပြောသည်။
Q
အမှိုက်များ လာမပစ်ရန် ဒေသခံများ လမ်းပိတ် (ဓါတ်ပုံ - ကေတီ)







