စစ်ရေးအခြေအနေကြောင့် တွန်းဇံ - တီးတိန်လမ်းကို အရေးပေါ်ခရီးသွားလာခွင့်ပိတ်

စစ်ရေးအခြေအနေကြောင့် တွန်းဇံ - တီးတိန်လမ်းကို အရေးပေါ်ခရီးသွားလာခွင့်ပိတ်

ချင်းပြည်နယ်၊ တွန်းဇံ မြို့နယ်ထဲမှာ စစ်ရေးအခြေအနေတွေ တင်းမာနေတာကြောင့် တွန်းဇံနဲ့ တီးတိန်မြို့ကြား လမ်းပိုင်းကို မေလ ၁၁ ရက်နေ့ကစပြီး ခရီးသွားလာခြင်း လုံးဝမပြုလုပ်ကြဖို့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ CDF-Tonzang က သတင်းထုတ်ပြန်ထားပါတယ်။

လက်ရှိတွင် စစ်ရေးအခြေအနေ တင်းမာနေတာကြောင့် တွန်းဇံ - တီးတိန် သွားလာတဲ့လမ်းကို ရက်အကန့်အသတ်မရှိ ပိတ်ထားမှာဖြစ်ပြီး မည်သူမှ ခရီးသွားလာခြင်း မပြုလုပ်ကြဖို့လည်း မေတ္တာရပ်ခံတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် တွန်းဇံမြို့ရဲ့ အရှေ့ဘက်နဲ့ အနောက်ဘက်ခြမ်းရှိ ရွာတွေမှာ နေထိုင်ကြတဲ့ မိဘပြည်သူတွေအနေနဲ့လည်း လက်ရှိအချိန်မှာ ခရီးသွားလာတာမျိုး လုံးဝ(လုံးဝ) မလုပ်ကြဖို့ကိုလည်း အသိပေးထားပါတယ်။

ဒေသတွင်း စစ်ရေးအခြေအနေတွေ တင်းမာနေတာကြောင့် မိဘပြည်သူတွေအနေနဲ့ ကိုယ့်လုံခြုံရေးကိုယ် အထူးဂရုစိုက်ကြဖို့နဲ့ CDF-Tonzang က ထုတ်ပြန်ထားတဲ့ တားမြစ်ချက်တွေကို အတိအကျ လိုက်နာပေးကြဖို့ ကိုလည်း မေတ္တာရပ်ခံထားပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းဟာ တွန်းဇံမြို့ဘက်ကို ဦးတည်ထွက်ခွာလာတာကြောင့် ပြည်သူတွေ ဘေးအန္တရာယ် မဖြစ်အောင် ရည်ရွယ်ပြီး ဒီလမ်းပိုင်းမှာ ဘယ်သူမှ ဖြတ်သန်းသွားလာတာမျိုး မလုပ်ကြဖို့ တားမြစ်ထားတာဖြစ်တယ်လို့ သိရပါတယ်။

Most read this week

မလေးရှားနိုင်ငံ၌ တရားမဝင် ရွှေ့ပြောင်းလုပ်သားများကို အာဏာပိုင်များက စစ်ဆေးဖမ်းဆီးထားစဉ်။
September 14, 2026
မလေးရှားနိုင်ငံတွင် အာဏာပိုင်များက တရားမဝင် ရွှေ့ပြောင်းအခြေချ နေထိုင်သူများကို...
September 12, 2026
ချင်းပြည်၊ တီးတိန်မြို့နယ်၊ လိုင်တွီး (Laitui) ကျေးရွာတွင် ဒေသခံများ မြေမြှုပ် မိုင်း...
September 7, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်တွင် အခြေခံပညာရေး သင်ရိုးညွှန်းတမ်းကို ရခိုင်ဘာသာစကားဖြင့် သင်ကြားရန်...
ဓါတ်ပုံ - Crd
September 4, 2026
ချင်းပြည်၊ မင်းတပ်မြို့ပေါ်နှင့် အနီးဝန်းကျင်သို့ စက်တင်ဘာလ ၄ ရက် နံနက်ပိုင်းတွင် စစ်အုပ်စုတပ်က...