ကရင်နယ်မြေအတွင်း အရပ်သားတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးမှုအပေါ် မေးမြန်းချက်

ကရင်နယ်မြေအတွင်း အရပ်သားတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးမှုအပေါ် မေးမြန်းချက်

ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်နေ့က ကရင်ပြည်နယ် ဖာပွန်ခရိုင် (မူတြော်) ရှိ ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေထဲမှာရှိတဲ့ ဒေသခံတွေဟာ ဆန်နှင့် အခြား ရိက္ခာတွေကို သွားရောက်ဝယ်ယူပြီး အပြန် လူသောမြို့နယ် စောမူပလောကျေးရွာအုပ်စုမှာ တပ်မတော်ရဲ့ ပစ်ခတ်မှုကို ခံခဲ့ရပါတယ်။

အဲဒီပစ်ခတ်မှုကြောင့် အသက် ၅၆ နှစ်အရွယ် စောသက်မီးဆိုသူ ဒေသခံတစ်ဦး သေနတ်ထိမှန်ကာ အသက် သေဆုံးခဲ့ရတယ်လို့ ကရင် ငြိမ်းချမ်းရေး အထောက်အကူပြု အဖွဲ့က ဧပြီလ ၂ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါ တယ်။ စောသက်မီးဟာ သံလွင်ငြိမ်းချမ်းရေး ဥယျာဉ်ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သလို အဲဒီဒေသရဲ့ အကြီးအကဲ တစ်ဦးဖြစ်တယ်လို့လည်း ဆိုပါတယ်။

တပ်မတော်ဖက်ကတော့ အဲဒီနေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း အရပ်ဝတ် ဝတ်ထားတဲ့ သူတစ်ဦး သေနတ်ထိမှန် သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ ယခုလိုမျိုး ဖြစ်စဉ်အတိုင်းပဲ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်တုန်း ကလည်း အဲဒီဒေသရဲ့ ခေါင်းဆောင် တစ်ဦးဖြစ်သူ စောအိုမူးဟာလည်း တပ်မတော်ရဲ့ ပစ်ခတ်ခဲ့တဲ့အတွက် အသက် ဆုံးရှုံးခဲ့ရတယ် လို့ သတင်းတွေမှာ ဖော်ပြခဲ့ကြပါတယ်။

တစ်ဖက်မှာဆိုရင် KNU အနေနဲ့ NCA စာချုပ် လက်မှတ်ရေးထိုးထား ပေမယ့် အဲဒီဒေသမှာ တပ်မတော်က လမ်းဖောက်လုပ်မှုတွေကြောင့် ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ ၅ နှင့် တပ်မတော်တို့ စစ်ရေး တင်းမာမှုတွေ ရှိနေပြီး ထိတွေ့တိုက်ပွဲတွေ မကြာခဏ ဖြစ်ပေါ်နေတာဖြစ်ပါတယ်။

ယခုနှစ် အစောပိုင်း ၃ လအတွင်း အဲဒီဒေသမှာ KNU နှင့် တပ်မတော် တိုက်ပွဲ ၆၀ နီးပါးခန့်ဖြစ်ပွားခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။ အဆိုပါ စစ်ရေးပဋိပက္ခအတွင်း ကျေးရွာပေါင်း ၃၀ က ဒေသခံ ၂၇၉၉ ဦးဟာ တပ်မတော်ရဲ့ လမ်းဖောက်လုပ်မှုကြောင့် စိုးရိမ်ကြောက်လန့်မှုများနဲ့ နေထိုင်နေရပြီး အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင် နေရတယ်လို့ KNU က ဆိုပါတယ်။

မတ်လ ၃၁ ရက်နေ့က KNU တပ်မဟာ ၅ နယ်မြေ ဖာပွန်ခရိုင် လူသောမြို့နယ်တွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့ဖြစ် စဉ်၊ အဆိုပါ ဒေသရဲ့ လက်ရှိ အခြေအနေ၊ ဒေသခံ ပြည်သူတွေရဲ့ အခက်အခဲတွေနှင့် ပတ်သက်ပြီး ကရင်ငြိမ်း ချမ်းရေး အထောက်အကူပြုအဖွဲ့ KPSN မှ ပြောရေးဆိုခွင့်ရှိသူ နော်ထူးထူးကို သတင်းနှင့် မီဒီယာ ကွန်ရက်က ဆက်သွယ် မေးမြန်းထားပါတယ်။

မေး – KNU တပ်မဟာ ၅ နယ်မြေထဲမှာ တပ်မတော်ဖက်က ပစ်ခတ်လိုက်လို့ ဒေသခံတစ်ဦး သေဆုံးသွား တယ် လို့ KPSN က ထုတ်ပြန်ထားတာတွေ့ရတယ်။ အဲဒီနေ့က ပစ်ခတ်မှု ဖြစ်စဉ် အခြေအနေလေး ပြောပြပေးပါ လား။

နော်ထူးထူး – စောသက်မီးက အဲဒီက ရွာသားပေါ့။ သူက သံလွင်ငြိမ်းချမ်းရေး ထီးခကော်မတီမှာလည်း အဖွဲ့ဝင် ဖြစ်တယ် ပေါ့နော်။ သူနဲ့ အဲဒီရွာမှာ ရှိတဲ့ ရွာသားတွေနဲ့ သူတို့ အစားအသောက်သွားဝယ်မယ်ဆိုပြီးတော့ သွား ကြတာ ပေါ့နော်။ အဲဒီလမ်းဖြတ်တဲ့ အချိန်မှာ ပစ်ခတ်ခြင်း ခံရတာပေါ့။ အဲဒီမှာ ပစ်ခတ်ခြင်းခံရပြီးတော့ အခု ထက်ထိ သူ့အလောင်းကို သွားယူလို့ မရဲသေးဘူး။ ဆိုတော့ စောသက်မီးက သူက အရပ်သား အရပ်သားက အဲဒီ ကော်သေဂူမှာ နေထိုင်တဲ့ သူဖြစ်ပြီးတော့ သူကကျေးရွာဘုံပိုင် သစ်တောတစ်ခုမှာ ဆိုလို့ရှိရင် သူက ကော်မတီ ခေါင်းဆောင်တစ်ဦးဖြစ်တယ်ပေါ့နော်။ အခုထက်ထိတာ့ သူ့အလောင်းကို မိသားစုတွေက မရသေး ဘူး။ သတင်း ကတော့ အဲဒါနောက်ဆုံးပဲပေါ့နော။

မေး – အခုက အဲဒီဒေသမှာ စစ်ရေးတင်းမာတဲ့ အနေအထား ရှိနေတာလား။ အဲ့ဒီဘက်က အခြေအနေက ဘယ်လိုရှိနေသလဲ။

နော်ထူးထူး – တင်းမာမှု ရှိနေတယ်။ သူက လမ်းကိစ္စကြောင့်ပေါ့နော်။ လမ်းဖောက်လုပ်တဲ့ ကိစ္စကြောင့်ပေါ့။ အဲဒီ လမ်းမှာ ဆိုလို့ ရှိရင် KNU ဖက်က အသွား အလာလုပ်လို့ရှိရင်လည်း ပစ်တယ်။ ဒီဖက်က စစ်တပ်ဖက်က အသွားအလာလုပ်လို့ ရှိရင်လည်း ပစ်ကြတာပေါ့နော်။ အဲလိုမျိုး နှစ်ဦးနှစ်ဖက် ဒီ NCA ကာလမှာ ဒီအပစ်ခတ် ရပ်စဲရေး ကာလမှာ ဒီလိုမျိုး မရှိသင့်ဘူး ပေါ့နော်။ ဒါပေမယ့် အခုတင်းမာမှုတွေကတော့ ရှိနေတယ်ပေါ့။ အဲဒီ လမ်းဖောက်လုပ်မှုက သဘောမတူမှုတွေ ရှိတယ်ပေါ့နော်။ KNU ဖက်က အတည့်အလင်း စာထုတ်ပြန် ထား တယ်။ ဒီလမ်းကို ဆက်မလုပ်ဖို့ ပြည်သူတွေက အဲဒီမှာရှိတဲ့ ဒေသခံ ရွာသားတွေက မကြိုက်ဘူးပေါ့နော်။ အဲဒါကို စာအတည့်အလင်း ထုတ်ပြန်ထားတယ်။ တပ်မတော်ကလည်း ဆက်ပြီးတော့ ဖောက်နေတယ်။ အခု ဒီရာသီဟာဆိုလို့ရှိရင် ရိက္ခာတွေ ပို့နေတဲ့ အချိန်ပေါ့နော်။ အဲဒီရက်မှာဆိုတော့ အဲလိုမျိုး အဲဒီလမ်းကို ဖြတ်တဲ့ အခါကျလို့ရှိရင် ရွာသူရွာသားတွေက ဖြတ်တဲ့ အခါကျရင် အရမ်းအန္တရာယ်များတယ်လေ။ ဆိုတော့ အဲဒီမှာ ပစ် ခတ်မှု ဖြစ်သွားတာပေါ့နော်။

မေး – တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ထားတာကတော့ အဲဒီဒေသမှာ တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲ အတွင်းမှာ အရပ်ဝတ်ထားတဲ့ သူတစ်ဦး သေဆုံးသွားတယ်ဆိုပြီး ထုတ်ပြန်ထားတာရှိတယ်။ ဆိုတော့ အဲဒီ အခြေအနေကရော ဘယ်လိုဖြစ်တာလဲ။

နော်ထူးထူး – တိုက်ပွဲဖြစ်တယ်လို့ ကျမတို့ သတင်းမရထားဘူး။ ခုနပြောသလိုပဲ ရွာသားတွေက သူတို့က အစား အသောက် သွားဝယ်ရင် ဖြတ်ရတာ။ အဲဒီလမ်းကို ဖြတ်တဲ့ အချိန်မှာပစ်ခတ်မှု ဖြစ်တာ တိုက်ပွဲဖြစ်လို့ ရွာသား ကို ထိသွားတာ မဟုတ်ပဲနဲ့ အဲဒီလမ်းကို ဖြတ်နေရင်းနဲ့ အပစ်ခံရတာပေါ့နော်။

မေး – လက်ရှိ အခုအဲဒီဒေသရဲ့ အခြေအနေကကော ဘယ်လိုရှိသလဲ။ ဒေသခံတွေအတွက် အခက်အခဲ ဘာ တွေ ရှိနေသလဲ။ ဒီလိုတင်းမာမှု နောက်ပိုင်းမှာ အခြေအနေလေးလည်း ဆက်ပြောပြပါဦး။

နော်ထူးထူး – အခုလက်ရှိ အခြေအနေကတော့ ဒေသခံတွေက သူတို့ရဲ့ အသက်အိုးအိမ်တွေကို စွန့်ပြီးတော့ တောထဲမှာ တိမ်းရှောင်နေရတဲ့ အခြေအနေဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပစ်ခတ်မှုက အချိန်မရွေး ထဖြစ် တယ် ပေါ့နော်။ ရွာသားတွေကတော့ စိုးရိမ်တာပေါ့။ သူတို့အနေနဲ့ ဒီလိုမျိုး လွတ်လွတ်လပ်လပ် သွားလာရတဲ့ အခြေအနေ အနေအထားမှာတော့ မဟုတ်ဘူးပေါ့။

မေး – သူတို့ရဲ့ စားဝတ်နေရေး အခြေအနေကော ဘယ်လိုရှိနေသလဲ။

နော်ထူးထူး – စောသက်မီးရဲ့ အဖြစ်အပျက်နဲ့ အတူတူပဲလေ စောသက်မီးက ရွာသူရွာသားတွေက ဒီလိုမျိုး အစားအသောက် ပြတ်လပ်နေတဲ့ အချိန် သူတို့အနေနဲ့ အိုးအိမ်စွန့်ခွာပေါ့ ဒီလိုမျိုးတောထဲမှာ ပုန်းနေရတဲ့ အချိန်မှာ သူတို့အတွက် အစားအသောက်တွေက လိုအပ်တယ်လေ။ အဲဒါကြောင့် သူက ဒီလမ်းကို ဖြတ်ဖို့ အတွက် ဦးဆောင်ပြီးတော့ အစားအသောက် သွားဝယ်တာပေါ့နော်။ အဲလိုမျိုး ဖြစ်တဲ့အချိန်မှာ ကျမတို့ သိနိုင်တာကတော့ ဒီရွာသူရွာ သားတွေဟာ ဆိုလို့ရှိရင် အစားအသောက် လုံလုံလောက်လောက် မရှိဘူး။ သူတို့ အနေနဲ့ ကြောက်ရွံ့ နေရတယ်။ လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှား မရဲသေးဘူးပေါ့။ သူတို့ အဲဒီ အရပ်ဒေသမှာ သူတို့မသွားလာရဲ တာကတော့ ထင်ပေါ်တယ်ပေါ့နော်။ ဆိုတော့ သူတို့ရဲ့ စိုးရိမ်ကြောင့်ကြမှု လည်း ရှိနေမှာပဲလေ။ ဒါကြောင့် လွတ်လွတ်လပ်လပ် သွားမဝယ်ရဘူး။ မသွားလာရဘူးပေါ့နော်။

မေး – ဒီလိုအနေအထားတွေမှာ ကရင်အမျိုးသား အစည်းအရုံး KNU ဖက် ဝင်ရောက်ညှိနှိုင်းတာတွေ မရှိဘူး လား။ ဒီလိုပစ်ခတ်မှုတွေအပေါ်မှာကော KNU က တစ်စုံတစ်ရာ ပြောဆိုလာတာတွေ ရှိသလား။

နော်ထူးထူး – ကျမသိရသလောက်ကတော့ လွန်ခဲ့တဲ့ တစ်လ နှစ်လကတော့ KNU က စာအတည့်အလင်း ထုတ်ပြန်ထား တယ်ပေါ့နော်။ ဒီလမ်းကို ဆက်မဖောက်ဖို့ပေါ့ သက်ဆိုင်တဲ့ နှစ်ဦးနှစ်ဖက် သက်ဆိုင်သူတွေနဲ့ ညှိနှိုင်းဖို့တော့ ပြောထားတယ်။ သူတို့ ညှိနှိုင်းတော့ ညှိနေကြတယ် ဒါပေမယ့် ကျမတို့ အတိအကျ သတင်း မရ ဘူးလေ။ ညှိနှိုင်းမှုရဲ့ ရလာဒ်က ဘယ်လိုဘာတွေ ဆက်ဖြစ်မလဲ ကျမတို့ အဲဒီလောက်အထိ အတိအကျတော့ မသိရ ဘူးပေါ့နော်။

မေး – အခုလိုဖြစ်စဉ်တွေ ရှိလာတဲ့အတွက် KNU နဲ့ အစိုးရတို့ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ထိ ခိုက်လာနိုင်သလား။

နော်ထူးထူး – ဒီလိုမျိုးပဲ ဆက်ဖြစ်နေမယ်ဆိုလို့ရှိရင် ဒါငြိမ်းချမ်းရေး လမ်းကြောင်းကိုတော့ အနည်းနဲ့ အများတော့ ထိခိုက်မှုတော့ ရှိတယ်။ အခုဆိုလို့ရှိရင်လည်း ရွာသားတွေက မဖြစ်သင့်တဲ့ အနေအ ထားမှာ ရောက်နေတယ် ပေါ့နော် သူတို့အနေနဲ့ အိုးအိမ်ပစ်ပြီးတော့ ပြေးနေရတယ်။ တောထဲမှာ ပုန်းရှောင် နေရတယ်။ နောက်ပြီးတော့ တစ်ရွာနဲ့တစ်ရွာ ဈေးသွားဝယ်ဖို့ အသက်မွေးဝမ်းကြောင်းလုပ်ကိုင် စားသောက်ဖို့ သူတို့အနေနဲ့ လွတ်လွတ် လပ်လပ်နဲ့ သွားလာနိုင်ခြင်း မရှိတော့ဘူး။ အခုဟာ သူတို့ဆိုရင် ကြောက်ရွံ့မှုတွေနဲ့ နေနေရတယ် ပေါ့နော်။ ဒါဟာ ဆိုလို့ရှိရင် တကယ့် ငြိမ်းချမ်းရေး ယူနေတဲ့ကာလမှာ မဖြစ်သင့်တဲ့ အရာပေါ့ နော်။

မေး – ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က အဲဒီဒေသမှာပဲ ဒေသခံ စောအိုမူးကို တပ်မတော်ဖက်က ပစ်ခတ်ပြီးတော့ သေဆုံး သွားတယ်လို့သိရတယ်။ အဲဒီအမှုမှာဆိုရင် အရေးယူမှုအပိုင်းနဲ့ ပတ်သက်ပြီးတော့ KPSN အနေနဲ့ ဘယ်လို သိထားသလဲ။

နော်ထူးထူး – မနေ့ကပေါ့နော်။ ၅ ရက်နေ့က ဆိုလို့ရှိရင် စောအိုမူးရဲ့ case က သေဆုံးသွားတဲ့ စောအိုမူးရဲ့ case က ၂ နှစ်ပြည့်ပြီ။ ဧပြီလ ၅ ရက်နေ့မှာလေ စောအိုမူး အသတ်ခံရတာ ၂ နှစ်ပြည့်ပြီပေါ့နော်။ ဆိုတော့ အခုထက် ထိတော့ ဘာမှ တရားမျှတမှု မရသေးဘူး။ ဘာမှ တိတိကျကျ လုပ်ဆောင်ပေးနိုင်ခြင်း မရှိသေးဘူးပေါ့နော်။

မေး – အဲဒီဒေသရဲ့ ဒေသအခြေအနေပေါ်မှာသော်လည်းကောင်း လက်ရှိ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေ အပေါ်မှာ သော်လည်းကောင်း တစ်ခြားဘာများ ဖြည့်စွက်ပြောစရာများရှိသေးလဲ။

နော်ထူးထူး – ကျမတို့ ပြောချင်တာက ဒီ statement ထုတ်ရတဲ့ အကြောင်းအရင်းကလည်း KNU ရဲ့ သဘော တူညီမှု မရပဲနဲ့ပေါ့ တပ်မတော်က ဒီလူသောမြို့နယ်မှာ စစ်ဆင်ရေးလမ်းကို တည်ဆောက်နေတယ်။ နောက်ပြီး တော့ တပ်ရင်း ၁၅ ရင်း ်ဖြန့်ကျက်ထားတယ်ဆိုတာ သတင်းရရှိတယ်ပေါ့်ိ်နော်။ ဒီအပစ်အခတ်ရပ်စဲရေး ငြိမ်း ချမ်းရေး ဆွေးနွေးမှုတွေ ပြုလုပ်နေတဲ့ ကာလမှာပေါ့နော်။ ဒီမူတြော်ခရိုင်က ပြည်သူတွေဟာ ဆိုလို့ရှိရင် စစ်မှန် တဲ့ ငြိမ်းချမ်းရေးကို ရရှိဖို့လိုတယ်ပေါ့နော်။ ဒီဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ပြည်သူတွေက လက်မခံတဲ့ ဖွံ့ဖြိုးရေး လုပ် ငန်းတွေကို ဆက်မလုပ်ဖို့ လိုအပ်တယ်ပေါ့။ တပ်မတော်အနေနဲ့ စစ်ဆင်ရေးလမ်းကို အတင်းအဓမ္မ ဆောက် လုပ်ပြီးတော့ ဆက်လက်လုပ်ဆောင်နေမယ် ဆိုလို့ရှိရင်လည်း KNLA ဖက်ကလည်း ဒီလိုမျိုး ဆက်လက် လုပ် ဆောင် နေတဲ့အပေါ်မှာ သူတို့အနေနဲ့ အမြဲတမ်း ထိခိုက်မှုတော့ ဖြစ်နေမှာပဲလေ။ အကြိမ်ပေါင်းများစွာ ထိတွေ့ ပစ်ခတ်မှုတော့ ဖြစ်နေမှာပဲ။

Most read this week

May 1, 2024
ကရင်နီပြည်ရှိ တော်လှန်ရေးတပ်ပေါင်းစုများ သိမ်းပိုက်ထားသော မြို့အများစုတွင် မြေမြုပ်မိုင်း...
April 25, 2024
စစ်တွေမြို့ထဲက ထွက်ချင်တဲ့လူတွေအများကြီးပဲ။ ထွက်ဖို့အတွက် လမ်းခရီးကိုစုံစမ်းဖို့ အဆက်အသွယ်...