တပ်မတော်မှ အပစ်ရပ်ကြောင်း အာမခံချက်ပေးမှ NCA စာချုပ် အကောင်အထည်ပေါ်မည်ဟု မွန်အမျိုးသားပါတီ တောင်းဆို

တပ်မတော်မှ အပစ်ရပ်ကြောင်း အာမခံချက်ပေးမှ NCA စာချုပ် အကောင်အထည်ပေါ်မည်ဟု မွန်အမျိုးသားပါတီ တောင်းဆို
by -
မဇ္ဈိမ
တပ်မတော်ဘက်မှ အပစ်အခတ် ရပ်စဲကြောင်း ကြေညာပြီး အာမခံချက်ပေးမှသာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်(NCA) လက်မှတ်ထိုးမည့် လမ်းကြောင်း ပိုမိုအဆင်ပြေမည်ဟု မွန်အမျိုးသားပါတီဘက်မှ ယမနေ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့က ပြောဆိုလိုက်သည်။

“ဖက်ဒရယ်ပြည်ထောင်စု သွားမယ်ဆို သံသယဖြစ်စရာမလိုအောင် အာမခံချက်ပေးပါ။ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်မယ်၊ ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုကို သွားမယ်” ဟု မွန်အမျိုးသားပါတီ ဒုဥက္ကဋ္ဌ နိုင်ငွေသိန်းက ပြောသည်။

နိုင်ငံရေးဆွေးနွေးပွဲများဆောင်ရွက်နိုင်ရန် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA တွင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ပါဝင်လက်မှတ်ရေးထိုးဖို့ နို်င်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်   ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောဆိုထားသည်။

လက်ရှိတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထဲတွင် NCA စာချုပ်လက်မှတ်ရေးထိုးပြီးနိုင်ငံရေးဆွေးနွေးပွဲအဆင့် သွားရောက်နေသည့် ကရင်အမျိုးသားအစည်းအရုံး(KNU) ကဲ့သို့ အဖွဲ့များရှိနေပြီး လက်မှတ်မရေးထိုးထားသည့် ကချင်လွတ်မြောက်ရေးအဖွဲ့(KIO) နှင့် မွန်ပြည်သစ်ပါတီ(NMSP) အဖွဲ့များလည်းရှိနေသည်။

သို့ပေမယ့် ယခုလို ကွဲလွဲနေမှုများနှင့် ပတ်သက်ပြီး မွန်ပြည်နယ် ဒုတိယလွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက “NCA လက်မှတ်မထိုးတိုင်း ဒါကိုမှားတယ်လို့ ယူဆလို့မရသလို လက်မှတ်ထိုးတဲ့သူလည်း မှားပြီလို့ ယူဆလို့မရဘူး၊ NCA ကို အမြန်လက်မှတ်ထိုးဖို့တိုက်တွန်းတာထက် NCA နဲ့ပတ်သက်ပြီး ဆွေးနွေးတဲ့နေရာမှာ အကျေအလည် ညှိနှိုင်းပြီးမှ လုပ်သင့်တယ်” ဟု သုံးသပ်သည်။

လက်မှတ်ရေးထိုးသည့်နည်းလမ်းသည် နိုင်ငံရေးယဉ်ကျေးမှုအနေဖြင့် အကောင်းဆုံးဖြစ်မည်ဟု ဆိုနိုင်ပေမယ့် မျှတဖို့ လိုအပ်မည်ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ အထွေထွေအတွင်းရေးမှူး ဒေါက်တာမင်းနွယ်စိုးက ဆိုသည်။

 NCA လက်မှတ်ရေးထိုးရန် ကျန်ရှိနေသည့်အဖွဲ့များအနေဖြင့် အစိုးရဘက်က အသိအမှတ်ပြုထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၇) ဖွဲ့ရှိကာ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ   UNFC ဘက်က သတ်မှတ်တောင်းဆိုနေသည့် တိုင်းရင်းသားလက်နက်ကိုင် (၁၃) ဖွဲ့ရှိနေသည်။ ယင်းတို့ထဲတွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အပြင် မြောက်ပိုင်းမဟာမိတ်အဖွဲ့များဖြစ်သည့် ရခိုင့်တပ်မတော်(AA) ၊ ပလောင်လွတ်မြောက်ရေးတပ်မတော်(TNLA)၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA) တို့ ပါဝင်သည်။

April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...