ရခိုင်စုံစမ်းရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော် ဒုသမ္မတ ဦးမြင့်ဆွေ စစ်တွေသို့ ရောက်ရှိ

ရခိုင်စုံစမ်းရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော် ဒုသမ္မတ ဦးမြင့်ဆွေ စစ်တွေသို့ ရောက်ရှိ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် စုံစမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေသည် ရခိုင်ပြည်နယ် စစ်တွေ လေဆိပ်သို့ မန္တလေး လေကြောင်းလိုင်းဖြင့် ယမန်နေ့ (ဖေဖော်ဝါရီ ၁၄ ရက်နေ့) နေ့လယ် ၁ နာရီ ၅ မိနစ်ခန့်တွင် ရောက်ရှိလာခဲ့သည်။

ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့အား ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ၀န်ကြီးချုပ်ဦးညီပုနှင့် လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာတို့ သွားရောက်ကြိုဆိုခဲ့ကြသည်။

၄င်းအဖွဲ့သည် စစ်တွေ လေဆိပ်တွင် ခေတ္တရပ်နားပြီး တပ်မတော်ရဟတ်ယာဉ်ဖြင့် မောင်တောဒေသသို့ ဆက်လက်ထွက်ခွာသွားမည်ဟု သိရသည်။

လက်ရှိ မောင်တောမြို့နယ်တွင် ဦးဇော်မြင့်ဖေ ဦးဆောင်သော စုံစမ်းရေး အဖွဲ့သည် ကုလသမဂ္ဂမှ စွပ်စွဲထားသော လူမျိုးတုန်းသတ်ဖြတ်မှု အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိ / မရှိကို ဘင်္ဂလာလီကျေးရွာများသို့ သွားရောက်ပြီး စုံစမ်း စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...