Published
Wednesday, February 15, 2017
ရခိုင်စုံစမ်းရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော် ဒုသမ္မတ ဦးမြင့်ဆွေ စစ်တွေသို့ ရောက်ရှိ
ရခိုင်ပြည်နယ် စုံစမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေသည် ရခိုင်ပြည်နယ် စစ်တွေ လေဆိပ်သို့ မန္တလေး လေကြောင်းလိုင်းဖြင့် ယမန်နေ့ (ဖေဖော်ဝါရီ ၁၄ ရက်နေ့) နေ့လယ် ၁ နာရီ ၅ မိနစ်ခန့်တွင် ရောက်ရှိလာခဲ့သည်။
ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့အား ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ၀န်ကြီးချုပ်ဦးညီပုနှင့် လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာတို့ သွားရောက်ကြိုဆိုခဲ့ကြသည်။
၄င်းအဖွဲ့သည် စစ်တွေ လေဆိပ်တွင် ခေတ္တရပ်နားပြီး တပ်မတော်ရဟတ်ယာဉ်ဖြင့် မောင်တောဒေသသို့ ဆက်လက်ထွက်ခွာသွားမည်ဟု သိရသည်။
လက်ရှိ မောင်တောမြို့နယ်တွင် ဦးဇော်မြင့်ဖေ ဦးဆောင်သော စုံစမ်းရေး အဖွဲ့သည် ကုလသမဂ္ဂမှ စွပ်စွဲထားသော လူမျိုးတုန်းသတ်ဖြတ်မှု အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိ / မရှိကို ဘင်္ဂလာလီကျေးရွာများသို့ သွားရောက်ပြီး စုံစမ်း စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။







