ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် သင်္ကြန်မဏ္ဍပ်များ ဆောက်လုပ်မည် မဟုတ်

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် သင်္ကြန်မဏ္ဍပ်များ ဆောက်လုပ်မည် မဟုတ်
ဓာတ်ပုံ - စည်သူ (မြစ်ကြီးနား)
ဓာတ်ပုံ - စည်သူ (မြစ်ကြီးနား)

Benadeth - ကချင်ပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်စ်အန္တရာယ် ကာကွယ်ရေးအတွက် ပြည်နယ်အစိုးရ၏ သင်္ကြန်မဏ္ဍပ်များ ဆောက်လုပ်တော့မည် မဟုတ်ကြောင်း မြစ်ကြီးနားမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းထံမှ သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကလည်း လက်ရှိဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်ပြီး လူစုလူဝေး ရှောင်ရန်၊ ရောဂါကာကွယ်ရေးအတွက် ညွှန်ကြားချက်များ ထုတ်ပြန်ထားကြောင်းနှင့် ရောဂါမဖြစ်ခင် ကြိုတင်ကာကွယ်ရန် စသည့်အချက်များကြောင့် မဏ္ဍပ်ကြီးများ ဆောက်လုပ်ကျင်းပမည့်အစီအစဉ်ကို ဖျက်သိမ်းလိုက်ရခြင်း ဖြစ်ကြောင်း ဦးသန်းဝင်းက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

”နိုင်ငံတော်တော်များများကို ကူးစက်နေတာဖြစ်တဲ့အတွက် ဒါတွေကို ကြိုတင် ကာကွယ်တဲ့အနေနဲ့ ဖျက်သိမ်းလိုက်တာ ဖြစ်တယ်။ ကူးစက်တာ မြန်တယ်လို့ သိရတယ်။ မိမိနိုင်ငံမှာ မဖြစ်ခင် ကြိုတင်ကာကွယ်တာ ကောင်းတယ်”ဟု ၎င်းက ပြောသည်။

သင်္ကြန်မကျရောက်မီ ကျန်းမာရေးဆိုင်ရာ၊ လုံခြုံရေးဆိုင်ရာ လူထုအသိပညာပေးမှုများ ပြုလုပ်သွားမည့်အပြင် ဒေသတွင်း ပြုလုပ်သည့် ပွဲများအတွက်လည်း လိုအပ်သည့် လုံခြုံရေးဆိုင်ရာ တာဝန်ယူပေးရန် ဝန်ကြီးချုပ်က မှာကြားထားကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။

”သင်္ကြန်ကြီးကို ပျက်အောင် လုပ်တာတော့ မဟုတ်ဘူး။ ဗဟိုမဏ္ဍပ်ကြီး မလုပ်ရင်တောင်မှ သူ့ဒေသနဲ့  သူတော့ သူက စည်နေမှာပဲလေ။ ရဲဘက်ကလည်း ယာဉ်တိုက်မှုတွေမဖြစ်အောင်။ လုံခြုံရေးတို့၊ ကျန်းမာရေးတို့ ဆိုရင်လည်း သက်ဆိုင်ရာအဖွဲ့အစည်းက တာဝန်ယူဆောင်ရွက်ဖို့ ဝန်ကြီးချုပ်ကလည်း မှာကြားထားပါတယ်”ဟု ဦးသန်းဝင်းက ဆိုသည်။

ယခင်နှစ်များတွင် ပြည်နယ်အစိုးရ ဦးဆောင်ကာ မြစ်ကြီးနားမြို့ပေါ်၌ မြန်မာ့ရိုးရာ မဟာသင်္ကြန် ဗဟိုမဏ္ဍပ်ကြီးနှင့် တိုင်းရင်းသားရေးရာ သင်္ကြန်မဏ္ဍပ်(၂)ခု အပြင် လမ်းလျှောက်သင်္ကြန်များကိုလည်း ကျင်းပခဲ့ကြသည်။

မတ်လ(၁၀)ရက်နေ့ စာရင်းအရ ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်း(၁)သိန်းကျော်၊ ပြန်လည် ကောင်းမွန်လာသူ ၆သောင်းကျော်၊ သေဆုံးသူ ၄ထောင်ကျော်ရှိပြီး မြန်မာနိုင်ငံတွင်လည်း စောင့်ကြည့်လူနာ ၇၉ဦး၊ သံသယလူနာ(၂)ဦး ရှိကြောင်းလည်း သိရသည်။

February 5, 2026
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA) မျှော်မှန်းထားတဲ့ ရည်မှန်းချက်တွေနဲ့...
February 4, 2026
ကချင်ပြည်နယ်၊ ဖားကန့်ဒေသကျောက်စိမ်းတွင်းဒေသမှာ စစ်ရေးအခြေအနေ တင်းမာနေပေမဲ့ အတန်းတင်စာမေးပွဲ...
February 3, 2026
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်က စစ်ကော်မရှင်တပ်ရဲ့ စခန်းတစ်ခုကို KIA ပူးပေါင်းတပ်ဖွဲ့ကနေ...
January 28, 2026
ကောင်ဂျာရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိတာကြောင့် ဆေးကုသမှုခံယူနေတဲ့ လသားအရွယ်...