မြစ်ကြီးနား - မန္တလေးလမ်းပိုင်း လေအိတ်ရထား စတင်ပြေးဆွဲတော့မည်

မြစ်ကြီးနား - မန္တလေးလမ်းပိုင်း လေအိတ်ရထား စတင်ပြေးဆွဲတော့မည်

တောင်ကိုးရီးယားနိုင်ငံထုတ် လေအေးပေးစက်ပါ လေအိတ်ရထားများ မြစ်ကြီးနား-မန္တလေးရထားလမ်းပိုင်းတွင် လာမည့် မတ်လ ၂၁ရက်နေ့ စတင်ပြေးဆွဲတော့မည်ဖြစ်ကြောင်း မြန်မာ့မီးရထားတိုင်းရုံး (၁) ထံမှ သိရသည်။

မြစ်ကြီးနားဘူတာမှ မွန်းလွဲ ၁နာရီခွဲတွင် စတင်ထွက်ခွာမည်ဖြစ်ကာ မန္တလေးဘူတာသို့ နောက်ရက် နံနက်၇နာရီ ၄၅မိနစ်တွင် ဆိုက်ရောက်ရှိမည်ဖြစ်ပြီး ခရီးစဉ် ကြာမြင့်ချိန် ၁၈နာရီခန့် ရှိမည်ဖြစ်သည်။

ခရီးစဉ်တစ်လျှောက် မိုးကောင်း၊ ဟိုပင်၊ မိုးညှင်း၊ နဘား၊ ကောလင်း၊ ကန့်ဘလူ၊ ရွှေဘို စသည့် ကြားဘူတာများတွင် ရပ်နားသွားမည်ဖြစ်ကြောင်း သိရသည်။

အဲကွန်းလေအိတ်ရထားတွင် အထက်တန်း၁၀တွဲ၊ စားသောက်ခန်း ၁တွဲ၊ ရထားထိန်းတွဲ တစ်တွဲပါရှိမည်ဖြစ်ကြောင်း၊ ရိုးရိုးတန်းခရီးသည်များအတွက် ရထားထိန်းတွဲတွင် နေရာပေးမည်ဖြစ်သောကြောင့် အစောင်ရေ အနည်းငယ်သာ ရောင်းချ ပေးနိုင်မည်ဖြစ်ကြောင်း မြစ်ကြီးနားဘူတာ ရုံပိုင်ချုပ် ဦးခင်သော် ကပြောသည်။

“အခုလေအိတ်ရထားက ရိုးရိုးတန်း မပါဘူး။

ရိုးရိုးတန်းဆိုတာက နောက်ဆုံးမှာ ရထားထိန်း တွဲတစ်တွဲပါမယ်၊ ရိုးရိုးတန်း ခုံလေးဆယ်ပါမယ်။ သို့သော် အဲဒါက ရထားလိုက် ဝန်ထမ်းတွေအတွက် နေရာပေးရမှာ ဖြစ်တဲ့အတွက် ရိုရိုးတန်း ခရီးသည်တွေအတွက် လက်မှတ် လေး ငါး ဆယ်စောင်ပဲ ရောင်းနိုင်မယ်”ဟု ဦးခင်သော်ကပြောသည်။

မြစ်ကြီးနားမှ မန္တလေးထိ အထက်တန်းတွဲ လက်မှတ်တစ်စောင် ကျပ် ၂၀၀၀၀၊ ရိုးရိုးတန်း ကျပ် ၁၀၀၀၀ ၊ မြစ်ကြီးနား- ရွှေဘို အထက်တန်း ကျပ်၁၆၅၀၀ ၊ ရိုးရိုးတန်း ကျပ် ၈၅၀၀ ၊ ကန့်ဘလူ အထက်တန်း ကျပ် ၁၄၀၀၀၊ ရိုးရိုးတန်း ကျပ် ၇၀၀၀၊ ကောလင်း အထက်တန်း ကျပ် ၁၁၀၀၀၊  ရိုးရိုးတန်း ကျပ် ၅၅၀၀ ၊ နဘား အထက်တန်း ကျပ် ၈၀၀၀ ၊ ရိုးရိုးတန်း ကျပ် ၄၀၀၀ ၊ မိုးညှင်း အထက်တန်း ကျပ် ၅၅၀၀ ၊ ရိုးရိုးတန်း ကျပ် ၃၀၀၀၊ ဟိုပင်အထက်တန်း ကျပ် ၄၅၀၀ ၊ ရိုးရိုးတန်းကျပ် ၂၅၀၀၊ မိုးကောင်း အထက်တန်း ကျပ်၂၅၀၀ ၊ ရိုးရိုးတန်း ကျပ် ၁၅၀၀နှုန်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြစ်ကြီးနားဘူတာ ရုံပိုင်ချုပ်ထံမှ သိရသည်။

အထက်တန်းတွဲ လက်မှတ်များကို ၃ရက်ကြိုတင် ဝယ်ယူနိုင်ပြီး မတ်လ ၂၁ ရက်နေ့ ခရီးစဉ်အတွက် ၁၈ရက်နေ့ နံနက် ၇နာရီမှ စတင် ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

June 13, 2026
တရုတ်-မြန်မာနယ်စပ်တစ်လျှောက် တိမ်ခိုးတွေနဲ့ရစ်ပတ်နေတဲ့ ယူနန်တောင်တန်းကြီးတွေကြားမှာ...
June 12, 2026
စစ်အုပ်စုရဲ့ စစ်မှုထမ်းဥပဒေနဲ့ အဓမ္မသင်တန်းပို့ခံရတဲ့ သူအရေအတွက်ဟာ ကချင်ပြည်နယ်မှာ ၄၆၉ ယောက်...
June 11, 2026
မြန်မာမှာ ကက်သလစ် သာသနာပိုင်နယ်မြေ ၁၇ ခု ရှိတဲ့အနက် နယ်မြေ ၅ ခုက ဘုန်းတော်ကြီးတွေဟာ...
June 10, 2026
ဇွန် ၉ ရက်ဟာ ကချင်ဒေသမှာ တစ်ကျော့ပြန်စစ်ပွဲဖြစ်ခဲ့တာ ၁၅ နှစ်တိတိပြည့်တဲ့နေ့ပါ။...