အမျိုးသားအကျိုးရှေးရှုသည့် စုပေါင်းစီးပွားရေးလုပ်ငန်းများလုပ်ဆောင်ကြရန် မွန်ပြည်သစ်ပါတီ တိုက်တွန်း

အမျိုးသားအကျိုးရှေးရှုသည့် စုပေါင်းစီးပွားရေးလုပ်ငန်းများလုပ်ဆောင်ကြရန် မွန်ပြည်သစ်ပါတီ တိုက်တွန်း
မွန်ပြည်သစ်ပါတီ ဒု-ဥက္ကဌ နိုင်အောင်မင်း အဖွင့်မိန့် ခွန်းပြောကြားစဉ်(MNA)
မွန်ပြည်သစ်ပါတီ ဒု-ဥက္ကဌ နိုင်အောင်မင်း အဖွင့်မိန့် ခွန်းပြောကြားစဉ်(MNA)

မွန်တိုင်းရင်းသားများအနေဖြင့် ညီညွတ်သော စိတ်ဓာတ်ဖြင့် အမျိုးသားအကျိုးကို ရှေးရှူသည့် စုပေါင်း စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်သင့်ကြောင်း မွန်ပြည်သစ်ပါတီက တိုက်တွန်းလိုက်သည်။

"ကျနော်တို့ မွန်လူမျိုးတွေဟာ ပုဂ္ဂလိက တစ်ဦးတစ်ယောက်အနေနဲ့ အတော်ပဲ အစွမ်းထက်ပါတယ်၊ နောက်ပြီး စုပေါင်းလုပ်ငန်း လုပ်တဲ့နေရာမှာ အားနည်းသေးတယ်၊ အလုပ်မဖြစ်သေးတာ ရှိတယ်။ ဒါ့ကြောင့် ဒီနေရာမှ တိုက်တွန်းချင်တာက တစ်ဦးနှင့်တစ်ဦး စုစည်းပြီးတော့ အများပိုင်လုပ်ငန်း လုပ်ဆောင်ဖို တိုက်တွန်းပါတယ်။ စိတ်ဓာတ်ခွန်အားတွေ၊ သည်းခံမှုတွေ၊ ရေရှည်အကျိုးအတွက် ဆိုတဲ့ ခံယူချက်တွေ ရှိဖို့ လိုမယ်ဖြစ်ပါတယ်"ဟု  မွန်ပြည်သစ်ပါတီ ဒု-ဥက္ကဋ္ဌ နိုင်အောင်မင်းက ပြောကြားသည်။

မော်လမြိုင်မြို့၌ မတ်လ ၁၄ ရက်က ကျင်းပသည့် မွန်အမျိုးးသား စီးပွားရေးအစီအစဉ် ဆွေးနွေးပွဲ (Mon Economics Forum) တွင် ယင်းသို့ဆိုခဲ့ခြင်းဖြစ်သည်။

အတိတ်ကာလ အင်္ဂလိပ်ကိုလိုနီ အစိုးရလက်ထက်တွင် မွန်စီးပွားရေးလုပ်ငန်းရှင် နိုင်အောက်က အင်္ဂလိပ်အစိုးရစီးပွားရေးလုပ်ငန်းနှင့် ယှဉ်ပြိုင်လုပ်ဆောင်သော်လည်း ပုဂ္ဂလိကတစ်ဦးတည်းအနေဖြင့် ရေရှည်ရပ်တည်ရန် ခက်ခဲတွေ့ ခဲ့ကြောင်း၊ ယနေ့ကာလတွင် မွန်လုပ်ငန်းရှင်များအနေဖြင့် အများပိုင်စီးပွားရေးလုပ်ငန်းများကို စုပေါင်းလုပ်ဆောင်သွားရန် လိုအပ်ကြောင်း ၎င်းကထောက်ပြသည်။

မွန်စီးပွားရေးလုပ်ငန်းရှင်များအသင်း အကြံပေးပုဂ္ဂိုလ် ဒေါက်တာဗညားမွန်က “မွန်ဒေသမှာ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ဖို့ ကူးသန်းရောင်းဝယ်ရေးအတွက် အခြေခံအဆောက်အဦတွေဖြစ်တဲ့ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီး၊ ဆိပ်ကမ်းစတာတွေ အလုံအလောက်မရှိသေးတာဟာလည်း စိန်ခေါ်မှုတွေပဲ"ဟု ဆိုသည်။

မွန်အမျိုးသား စီးပွားရေးအစီအစဉ် ဆွေးနွေးပွဲကို မွန်တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းနှင့် မွန်ပြည်သစ်ပါတီမှ နည်းပညာအထောက်အကူပြုအဖွဲ့ တို့ ဦးစီးကျင်းပခဲ့ခြင်း ဖြစ်သည်။ အခမ်းအနားသို့ မွန်ပြည်သစ်ပါတီ နှင့် မွန်ညီညွတ်ရေးပါတီမှ ခေါင်းဆောင်များ၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး စသည့် တိုင်းဒေသကြီးများ၊ မွန်နှင့် ကရင်ပြည်နယ်များမှ လုပ်ငန်းရှင် (၁၅၀) ဦးခန့် တက်ရောက်ကြောင်း တွေ့ရှိရသည်။

လာမည့် ၂၀၂၀ ခုနှစ် မေလနှောင်းပိုင်းတွင် ကျင်းပရန် စီစဉ်ထားသည့် မွန်အမျိုးသားညီလာခံသို့ မွန်ဒေသ စီးပွားရေးအခြေအနေနှင့် မွန်အမျိုးသားစီးပွားရေးဆိုင်ရာ အစီအစဉ်များ တင်ပြနိုင်ရန် ယခု Mon Economics Forum ကို ကျင်းပခြင်း ဖြစ်သည်။

Most read this week

Photo credit - social media
December 17, 2025
မွန်ပြည်နယ်မှာ စစ်မှုထမ်းဥပဒေအရဟုဆိုကာ လူငယ်များအား အဓမ္မတပ်သားသစ်စုဆောင်း၍ သင်တန်းပေးနေသည်မှာ...
Photo credit - CJ
December 16, 2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းမြစ်အတွင်း စစ်ကော်မရှင်အဖွဲ့၏ ပစ်ခတ်ခံရမှုကြောင့် ရေထဲမျောပါ...
December 9, 2025
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် စစ်ကော်မရှင်ဆောက်လုပ်ရန်ပြင်ဆင်နေသည့်...
December 8, 2025
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကလိုင်ပဒေါကျေးရွာအရှေ့ဘက်ရှိ တောင်ပေါ်ဘုရားတွင်...