မြေမြှုပ်မိုင်းနင်းမိသူ နှစ်ဦးစလုံး ခြေထောက်တစ်ဖက်စီ ဖြတ်တောက်လိုက်ရ

မြေမြှုပ်မိုင်းနင်းမိသူ နှစ်ဦးစလုံး ခြေထောက်တစ်ဖက်စီ ဖြတ်တောက်လိုက်ရ
မြေမြှုပ်မိုင်းဒဏ်ခံရသူ နိုင်ဗိုင် (MNA)
မြေမြှုပ်မိုင်းဒဏ်ခံရသူ နိုင်ဗိုင် (MNA)

ရေဖြူမြို့နယ်တွင် မတ်လ ၁၁ ရက်က မြေမြှုပ်မိုင်းထိကာ ဒဏ်ရာပြင်းထန်စွာ ရခဲ့သည့် ဒေသခံ နှစ်ဦးစလုံး ရေးမြို့ပြည်သူ့ဆေးရုံကြီး၌ ခြေထောက်တစ်ဖက်စီ ဖြတ်တောက်လိုက်ရကြောင်း သတင်းရရှိသည်။

ရေဖြူမြို့နယ် ရေပူရွာသား နိုင်ဗိုင် (၃၃) နှစ်က ယာဘက်၊ ပေါင်မြို့နယ် ဇာတိ နိုင်ဝင်းလှိုင်(၄၅) နှစ်က ဝဲဘက်၊ နှစ်ဦးစလုံး ဒူးခေါင်းအောက်တွင် ဖြတ်တောက်ခဲ့ရကြောင်း နီးစပ်သူများထံမှ သိရသည်။

နိုင်ဗိုင်၏ ဦးလေးတော်စပ်သူ နိုင်သန်းဦးက “ ခြေထောက်တစ်ဖက်ဖြတ်ပစ်ရပြီးတော့ ရေးမြို့ပြည်သူ့ဆေးရုံမှာပဲ ဆေးကုသမှုခံယူနေပါတယ်” ဟု ဆိုသည်။

မတ်လ ၁၁ ရက်က မျောက်ချောရွာမှ နိုင်ဗိုင်က နံနက် ၈ နာရီခန့်တွင် ကလယ်(ဒေသအခေါ်အဝေါ်တစ်ခု)အနီး ရေပိုက်သွားရောက်ပြုပြင်စဉ် မြေမြှုပ်မိုင်းတစ်လုံးနင်းမိပြီးနောက် နံနက် ၉ နာရီခန့်တွင် နိုင်ဝင်းလှိုင်က အိုင်ရှည်ရွာအနီး လမ်းမပေါ်၌ မြေမြှုပ်မိုင်းတစ်လုံး နင်းမိကြောင်း မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါမြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်စဉ် ၂ ခုစလုံးသည် ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၄ နယ်မြေအတွင်း ဖြစ်ပေါ်ခဲ့ကြောင်း မွန်ပြည်သစ်ပါတီက ပြောသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသော မွန်ပြည်သစ်ပါတီ NMSP နှင့် KNU တပ်ဖွဲ့လှုပ်ရှားဒေသဖြစ်သော ရေဖြူမြို့နယ်အတွင်း သွားလာလုပ်ကိုင်စားသောက်နေကြသည့် ခြံသမားအများစုက ယခုနှစ်တွင် ၃ ကြိမ်ထက်မနည်း မြေမြှုပ်မိုင်း နင်းမိပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

May 22, 2026
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ မုဒုံ-ဘုရားသုံးဆူ ကားလမ်းပိုင်းတွင် ဇမိမြစ်ရေ...
May 21, 2026
ထိုင်း-မြန်မာနယ်စပ်၊ တနင်္သာရီတိုင်း၊ မောတောင်မြို့ကို စစ်ကောင်စီအဖွဲ့များက ဒေသခံများကို...
May 20, 2026
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်ကျေးရွာမှ ရေလုပ်သားအဖွဲ့များ ငါးဖမ်းရာသီရပ်နားထားသဖြင့် ...
May 19, 2026
မွန်ပြည်နယ်တွင် ကွမ်းသီးအနု ဈေးကောင်းရရှိနေခြင်းကြောင့် အသီးခူဆွတ်ရောင်းချမှုများ၍ ရေရှည်တွင်...